မန်ချက်စတာ ယူနိုက်တက် အသင်းမှ ထွက်ခွာဖို့ ဆုံးဖြတ််ခဲ့ပြီ ဖြစ်တဲ့ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ပေါလ် ပေါ့ဂ်ဘာ က ချစ်ခင်ကြင်နာမှုတွေ ရရှိတဲ့ အသင်းမျိုးမှာ ကစားလိုကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့လိုက် ပါတယ် ။

ပေါ့ဂ်ဘာဟာ မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ပြန််လာပြီး 6 နှစ် အကြာမှာတော့ အသင်းနဲ့ စာချုပ်သက်တမ််း ကုန်ဆုံးသွားပြီ ဖြစ်တဲ့အတွက် မန်ချက်စတာမြေမှ အလွတ််ပြောင်းရွှေ့ကြေးနဲ့ ဒုတိယ အကြိမ် ထွက်ခွာသွားဖို့ ရှိနေခဲ့ပါပြီ ။

လက်ရှိ အချိန် မှာတော့ သူဟာ အသင်းဟောင်း ဖြစ်တဲ့ ဂျူဗင်တပ် အသင်းဆီ ပြန်သွားလိမ့်မယ်လို့ သတင်းတွေ ကျယ်လောင်နေခဲ့ပါတယ် ။ အခုတော့ ကစားသမား ကိုယ််တိုင်က သူ့ရဲ့ အနာဂတ် အကြောင်း အမေးခံရချိန်မှာ ပျော်ရွှင်မှုက အဓိကပဲလို့ ဖြေခဲ့လိုက်ပါတယ် ။

” ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် အရာကိုပဲ လိုချင်ပါတယ် ။ ကျွန်တော် တွေးတယ်၊ အချိန်ယူတယ် ၊ အကောင်းဆုံးကို စောင့်ဆိုင်းတယ် ၊ ဘောလုံး ကစားချင််တယ် ၊ ကျွန်တော် နေချင်တဲ့ ပုံစံမျိုး နေထိုင်ရင်း ပျော်မယ့် အရာတွေပဲ လုပ်ချင်မိပါတယ် ”

” ကျွန်တော် လုပ်တဲ့အရာတွေမှာ ပျော်ရွှင်မှုတွေကို ခံစားနိုင်ဖို့ လိုအပ်ပါတယ် ။ မဟုတ်ရင် ကျွန်တော် ခြေစွမ်းပြနိုင််မှာ မဟုတ်ပါဘူး ။ ကျွန်တော်ဆိုတာ အနှုတ် လက္ခဏာ ဆောင်ကျဥ်းတဲ့ အရာတွေကို ထိုင်တွေးနေလိုသူ တစ်ဦးတော့ မဟုတ်ပါဘူး ”

” ကျွန်တော်တို့ ပွဲစဥ်တွေကို ရှုံးနိမ့်သွားနိုင်တယ် ၊ ဖလားတွေလည်း ဆုံးရှုံးသွားနိုင်ပါတယ် ။ ဒါပေမဲ့ ကျွန်တော့်အတွက််တော့ ကိုယ်လုပ်ခဲ့တဲ့ အရာတွေကို ပျော်ရွှင် ခံစားခဲ့ဖို့ပဲ အရေးကြီးပါတယ် ။ ကျွန်တော် အခု ရှာနေတာလည်း အဲ့တာပါပဲ ” လို့ ပေါ့ဂ်ဘာ က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။

ယူနိုက်တက် အသင်းရဲ့ ဘယ် နောက်ခံလူဟောင်း တစ်ဦး ဖြစ်တဲ့ ပတ်ထရစ် အီဗရာ ကိုယ်တိုင် ကလည်း ပြင်သစ်် လက်ရွေးစင် ကွင်းလယ်လူဟာ မန်ချက်စတာမှာ ပျော််ရွှင်မှု ၊ ချစ်ခင် နှစ်သက်မှုတွေကို မခံစားရကြောင်း ပြောခဲ့ဖူးပါသေးတယ် ။

” ပေါလ်ဟာ ယူနိုက်တက်မှာ ချစ်ခင်မှုတွေ မခံစားရပါဘူး ။ ကစားသမားဟောင်း အချို့က သူ့ကို မုန်းကြသလို သူ့ရဲ့ နေထိုင်ပုံကို မကြိုက်တဲ့ ပရိသတ် အချို့ကလည်း သူ့ကို မုန်းကြပါတယ် ။ သူဟာ ကျွန်တော့် အတွက် ညီငယ်် တစ်ယောက်လို ဖြစ်နေလို့ အခုလို ကာကွယ်နေတာ မဟုတ််ပါဘူး ”

” လူတွေက ပေါ့ဂ်ဘာ နဲ့ ပတ်သက်ရင် ထင်မြင်ချက်ပေးတာတွေ ပြင်းထန်လွန်းကြပါတယ် ။ တကယ်တမ်းတော့ ပေါလ် က ယူနိုက်တက် ကစားသမား တစ်ယောက် ၊ အသင််းသား တစ်ယောက်ပါ ။ ယူနိုက်တက်အသင်း မဟုတ််ပါဘူး ” လို့ အီဗရာ က ပြောခဲ့သေးတာပဲ ဖြစ်ပါတယ် ။