လီဗာပူးလ်အသင်းရဲ့ တောင်ပံ တိုက်စစ်မှူး ဆာလာကတော့ လက်ရှိ ညာတောင်ပံတစ်လျှောက်မှာ သူက အကောင်းဆုံးဖြစ်နေပြီး ဘယ်သူကမှ သူ့ရဲ့ ခြေစွမ်းနဲ့ အချက်အလတ်တွေကို မမီဘူးလို့ ကိုယ့်ကိုယ်ကို ပြန်လည် ချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးလ် ညာတောင်ပံ တိုက်စစ်ကစားသမား အီဂျစ် လက်ရွေးစင်ကစားသမားလေးဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ လီဗာပူးလ်အတွက် သွင်းဂိုး (၃၀)အထိ သွင်းယူပေးထားခဲ့ပြီးတော့ ဒီတစ်ပတ်အစောပိုင်းမှာတုန်းကလည်း FWA တနှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ပါတယ်။

လက်ရှိမှာလည်း လီဗာပူးလ်နဲ့ အတူ ဖလား (၄)လုံး ရရှိမယ့် လမ်းကြောင်းပေါ် ရောက်ရှိနေသလို ပရီးမီးယားလိဂ်မှာလည်း သွင်းဂိုး (၂၂) ဂိုးနဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ဆာလာဟာ သူ့အနေနဲ့ (၂၀၂၂)ခုနှစ်ထဲမှာ အကောင်းဆုံး ခြေစွမ်းတွေ မပိုင်ဆိုင်ခဲ့ပေမဲ့ သူ့ရဲ့ ကိုယ်ပိုင် စွမ်းဆောင်ရည်တွေကတော့ တော်တော်လေးကောင်းမွန်နေတယ်လို့ ယုံကြည်လျက် ရှိနေတာလည်းပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့်ပဲ ဘင်စပေါ့နဲ့ အင်တာဗျူးမှာ ” ကျွန်တော်ကစားနေတဲ့ နေရာမှာ တခြား ကစားသမားတစ်ယောက်ယောက်နဲ့ ကျွန်တော့်ကို ယှဉ်ရမယ်ဆိုရင်၊ ကျွန်တော့်အသင်းမှာလည်း ကျွန်တော်က အကောင်းဆုံးပါပဲ၊ ပြီးတော့ ခင်ဗျား ကမ္ဘာမှာ ပတ်ရှာကြည့်လိုက်ရင်လည်း ကျွန်တော်က အကောင်းဆုံးဆိုတာကို ခင်ဗျားတွေ့ ပါလိမ့်မယ်၊ ကျွန်တော်ကအမြဲတမ်း ကျွန်တော့်အလုပ်ကိုပဲ အကောင်းဆုံးလုပ်နိုင်ဖို့ အာရုံစိုက်ပါတယ်၊ ကျွန်တော့်ရဲ့ ကိန်းဂဏန်း အချက်အလတ်တွေက ကျွန်တော် ခုပြောနေတဲ့ စကားလုံးတွေရဲ့ အကောင်းဆုံး သက်သေပြချက်ပါပဲ၊ ကျွန်တော့်အတွက် ကွဲပြားမှုတွေကို ပြုလုပ်ဖို့၊ မတူညီတဲ့ နည်းလမ်းတွေနဲ့ အလုပ်လုပ်ဖို့၊ စိန်ခေါ်မှု အသစ်တွေ ဖန်တီးရတာကို ကြိုက်ပါတယ်၊

ဒါက ကျွန်တော့်ရဲ့ တာဝန်ပါပဲ ” လို့ ဆာလာက ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ဆာလာဟာ (၂၀၁၇)ခုနှစ်မှာ လီဗာပူးလ်ကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့အသင်းမှာ အဓိက ကျပြီး အရေးပါတဲ့ ကစားသမားဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ လီဗာပူးလ်နဲ့ အတူ ကာရာဘောင်ဖလားကို ရရှိထားခဲ့ပြီး၊ နောက်ထပ် အက်ဖ်အေဖလား၊ ချန်ပီယံလိဂ် ဖလားနဲ့ ပရီးမီးယားလိဂ် ဖလားတို့ကို ရရှိဖို့ အခွင့်အရေးတွေပါ ရှိနေသေးတာဖြစ်ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချဲလ်ဆီးနဲ့ တွေ့ဆုံ သွားရမှာဖြစ်ပြီး၊ ကာရာဘောင် ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့စဉ်ကတော့ ပင်နယ်တီ အဆုံးအဖြတ်နဲ့ လီဗာပူးလ်တို့က အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဖိုင်နယ်မှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံလျက်ရှိနေပြီး (၂၀၁၈)ခုနှစ်တုန်းက ရှုံးကြွေးကို ဆပ်နိုင်ဖို့ အခွင့်အရေးတရပ်ကို ပါ လီဗာပူးလ်တို့ ပိုင်ဆိုင်ထားလျက်ရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာတော့ ရာသီကုန်ဖို့ (၂)ပွဲသာလိုတော့ပေမဲ့ မန်စီးတီးနောက် (၃)မှတ် အကွာနဲ့ ရှိနေတာကြောင့် ပရီးမီးယားလိဂ်ဖလားကို မျှော်လင့်ခွင့် ရှိနေပြန်ပါသေးတယ်။

ဆာလာ အနေနဲ့ သူ့ကိုယ်သူ အသင်းဖော်တွေထက်သာမက အားလုံးထက် ပိုကောင်းတယ်လို့ ပြောကြားခဲ့တဲ့ အပေါ်မှာ အသင်းရဲ့ ပရိတ်သတ် အချို့ကပါ ဘဝင် မကျဖြစ်နေခဲ့ပြီး ဆာလာဟာ ဘဝမြင့်နေတယ်လို့ ဝေဖန်နေခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် စပါးနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း ဆာလာဟာ အသင်းဖော်တွေကို ဂိုးသွင်းခွင့်တွေ ဖန်တီးပေးလို့ရတဲ့ အခြေအနေမျိုးမှာ တကယ်ကောင်းကစားပုံနဲ့ ဂိုးရရှိဖို့ ကြိုးစားနေခဲ့တဲ့ အတွက်ကြောင့် အသင်းအတွက် ထက် သူ့ကိုယ်သူသာ ကြည့်နေခဲ့တာ ဆိုပြီး ဝေဖန်ခဲ့ကြပါသေးတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း ဂိုးရရှိဖို့ သေချာနေတဲ့ အနေအထားမှာ ရှိနေတဲ့ မာနေးကို မပေးပဲ ကိုယ်တိုင် ဂိုးသွင်းယူဖို့ ကြိုးစားခဲ့တာကြောင့် မာနေးနဲ့ ပါ ပြဿနာတွေ တက်ခဲ့ရသေးတဲ့ ဆာလာတစ်ယောက် တကယ်ပဲ ဘဝမြင့် စိတ်ကြီးဝင်နေတာလားဆိုတာကတော့။

ZAWGYI: လီဗာပူးလ်အသင်းရဲ့ တောင်ပံ တိုက်စစ်မှူး ဆာလာကတော့ လက်ရှိ ညာတောင်ပံတစ်လျှောက်မှာ သူက အကောင်းဆုံးဖြစ်နေပြီး ဘယ်သူကမှ သူ့ရဲ့ ခြေစွမ်းနဲ့ အချက်အလတ်တွေကို မမီဘူးလို့ ကိုယ့်ကိုယ်ကို ပြန်လည် ချီးကျူးသွားခဲ့ပါတယ်။ လီဗာပူးလ် ညာတောင်ပံ တိုက်စစ်ကစားသမား အီဂျစ် လက်ရွေးစင်ကစားသမားလေးဟာ ဒီရာသီ ပြိုင်ပွဲစုံမှာ လီဗာပူးလ်အတွက် သွင်းဂိုး (၃၀)အထိ သွင်းယူပေးထားခဲ့ပြီးတော့ ဒီတစ်ပတ်အစောပိုင်းမှာတုန်းကလည်း FWA တနှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့ပါတယ်။