မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်ဟာ ဆောက်သမ်တန်ကွင်းလယ်လူ ဂျိမ်းစ်ဝက်စ်ပရောက်ကို သူတည်ဆောက်မယ့် ယူနိုက်တက်လူစာရင်းအသစ်ရဲ့ အဓိကကွင်းလယ်လူ ဖြစ်စေချင်နေတယ်လို့ သိရပါတယ်။

ပေါင် ၇၅ သန်းတန်ကြေးရှိတဲ့ ကွင်းလယ်လူရဲ့ ခြေစွမ်းကို မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာကလည်း နှစ်သက်တာကြောင့် မန်ချက်စတာနှစ်သင်း အပြိုင်ကမ်းလှမ်းကြဖွယ် ရှိပါတယ်။ တန်ဟတ်ဟာ ယခုနှစ်နွေ အပြောင်းအရွှေ့မှာ ယူနိုက်တက်ကို အကြီးစားပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ရမှာဖြစ်လို့ သူအလိုရှိတဲ့ ကစားသမားစာရင်းကိုလည်း တင်ပြထားပြီးပြီလို့ သတင်းတွေကဖော်ပြကြပါတယ်။

ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ်ကိုနောက်တစ်ရာသီလောက် ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေတာကြောင့် တန်ဟတ်က ဝက်စ်ပရောက်ဘက်ကို မြားဦးလှည့်လာခဲ့ပါတယ်။ ဝက်စ်ဟမ်းက ရိုက်စ်ကိုရောင်းရမယ်ဆိုရင်လည်း ပေါင်သန်း ၁၅၀ ထိ တန်ကြေးသတ်မှတ်ထားတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ဖို့များနေတဲ့ ယူနိုက်တက်အတွက်တော့ မတန်တဆဈေးနှုန်း ဖြစ်နေပါတယ်။

အဲ့ဒါကြောင့် ရိုက်စ်ရဲ့ တန်ဖိုးတစ်ဝက်လောက်သာ ကျသင့်မယ် ဝက်စ်ပရောက်က တန်ဟတ်ရဲ့ဦးစားပေး ပစ်မှတ်ဖြစ်လာပါတယ်။ ဆောက်သမ်တန်ကြယ်ပွင့် ကွင်းလယ်အထိုင်ကစားသမားအဖြစ်လည်း ကစားနိုင်ပြီး လက်ရှိအသင်းမှာ တစ်ပတ်ကို ပေါင် ၁၀၀၀၀၀ ခန့်ရရှိနေသူလည်း ဖြစ်ပါတယ်။

လက်ရှိစာချုပ်သက်တမ်းအရလည်း ၂၀၂၆ မှ စာချုပ်ကုန်မှာဖြစ်လို့ အသသ်းပြောင်းရွှေ့ဖို့ အလျင်မလိုသေးပါဘူး။ ဒါပေမယ့် အသင်းကြီးတွေရဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ကမ်းလှမ်းလာမယ်ဆိုရင်တော့ ဆောက်သမ်တန်အနေနဲ့ တင်းခံ‌နိုင်တော့မှာ မဟုတ်ပါဘူး။

တန်ဟတ်အတွက် အပြောင်းအရွှေ့အသုံးစရိတ်အဖြစ် ပေါင်သန်း ၁၀၀ ခန့်ရမှာဖြစ်ပေမယ့် ကစားသမားရောင်းချမှုကနေ နောက်ထပ်ပေါင်သန်း ၁၀၀ ခန့် ရရှိဖွယ်ရှိနေပါတယ်။ ဒင်းဟန်ဒါဆန်၊ အဲ့ရစ်ဘိုင်လီနဲ့ အန်တိုနီမာရှယ်တို့ကို ရောင်းထုတ်ဖို့များပြီး ပေါ့ဂ်ဘာ၊ ကာဗာနီနဲ့ မာတစ်တို့ ထွက်ခွာမှုကနေလည်း တစ်ပတ်ကိုပေါင် ၆၆၀၀၀၀ ခန့် လစာပေးချေရမှု လျော့ကျသွားဦးမှာပါ။

ZAWGYI: မန်ချက်စတာယူနိုက်တက်နည်းပြသစ် အဲရစ်တန်ဟတ်ဟာ ဆောက်သမ်တန်ကွင်းလယ်လူ ဂျိမ်းစ်ဝက်စ်ပရောက်ကို သူတည်ဆောက်မယ့် ယူနိုက်တက်လူစာရင်းအသစ်ရဲ့ အဓိကကွင်းလယ်လူ ဖြစ်စေချင်နေတယ်လို့ သိရပါတယ်။