လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ဖလားလေးလုံး အိပ်မက်အတွက် တတ်နိုင်သလောက် ကြိုးစားနေခဲ့တာဖြစ်ပြီး ဂိုးသမား အယ်လစ်ဆန်၊ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ခံစစ်မှာ ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ သီယာဂို အယ်လ်ကန်တာရာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ လူးဝစ် ဒီယက်ဇ်၊ ဆာလားနဲ့ မာနေးတို့ ကစားလာခဲ့ကြပါတယ်။

တော့တင်ဟမ်ဟော့စပါးစ်အသင်းကတော့ ဂိုးသမား လိုရစ်၊ ဘန်ဒေးဗီးစ်၊ ဒိုင်ယာနဲ့ ရိုမဲရိုးတို့ကို ခံစစ်မှာ ထားခဲ့ပြီး ကွင်းလယ်မှာတော့ အီမာဆန် ရိုယဲလ်၊ ဆက်ဆီညွန်၊ ဘင်တန်ကာနဲ့ ဟွိုင်ဘယာ့ဂ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆွန်ဟောင်မင်၊ ကူလူရှက်ဗ်စကီးနဲ့ ဟာရီကိန်းတို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။ ပွဲစစချင်းမှာကို စပါးစ်နောက်တန်းကို ဖရိုဖရဲဖြစ်သွားအောင် လီဗာပူးလ်တို့ လုပ်နိုင်ခဲ့ကြပေမယ့် ဧည့်သည်နည်းပြ ကွန်တီအနေနဲ့ သူ့လူတွေကို ခံစစ်မှာ အတွင်းကို ဆွဲဝင်မခံဘဲ တတ်နိုင်သလောက် အပြင်ကို တွန်းထုတ်တဲ့ Force Wide နည်းကို အသုံးပြုဖို့ မှာကြားထားခဲ့တာကို မြင်ခဲ့ရသလို လီဗာပူးလ်တို့ အားသန်တဲ့ Blind Side တွေကို ပြေးဝင်နိုင်ခြေကိုလည်း တတ်နိုင်သလောက် ကာကွယ်ထားခဲ့တာပါ။

ဒီနေ့ပွဲက ဘောလုံးပွဲတစ်ပွဲဆိုတာထက် ဗျူဟာပြိုင်ပွဲတစ်ပွဲဖြစ်နေပြီး ကွန်တီရဲ့ ခံစစ်ကို ဘယ်လို ထိုးဖောက်ပြီး တန်ပြန်တိုက်စစ်တွေကို ဘယ်လိုမျိုး ရပ်တန့်ရမယ်ဆိုတာက ယာဂန် ကလော့ပ် ဖြေရတဲ့ ပုစ္ဆာခက်ခက်တစ်ရပ်ဖြစ်ခဲ့သလို လီဗာပူးလ်တို့ရဲ့ ခံစစ်ကိုတော့ စပါးစ်တိုက်စစ်မှူး ဟာရီကိန်းကို အယောင်ပြပြီး ဆွန်ဟောင်မင်နဲ့ ထိုးဖောက်သွားတဲ့ အကွက်ကိုပဲ အဓိက အသုံးပြုခဲ့တာကိုလည်း မြင်ခဲ့ရပါတယ်။ လီဗာပူးလ်ရဲ့ Out Swinger လို့ ခေါ်တဲ့ ထောင့်ကန်ဘောတွေကို အတွင်းကို ဝိုက်မကန်ဘဲ ဘယ်ကို ဘယ်သန်၊ ညာကို ညာသန်နဲ့ ကန်တင်တဲ့ ပုံစံတွေက ဖြတ်တင်ဘောတွေနဲ့ ဘာမှ မထူးတာကြောင့် အမြင့်ဘောကောင်းတဲ့ စပါးစ်ခံစစ်က ကာကွယ်ရ လွယ်ကူစေခဲ့ပါတယ်။

ဒါ့အပြင် ဧရိယာနားကို ကောင်တာနဲ့ ရောက်လာရင် လူသိပ်မပေးချင်တဲ့ ဆာလားနဲ့ ဒီယက်စ်တို့ကြောင့်လည်း ဂိုးပေါက်ခြိမ်းခြောက်ဖို့က ခက်ခဲနေခဲ့တာပါ။ ဒီယက်စ်နဲ့ ဆာလားကို အလယ်ကနေ ထိန်းပေးနေတဲ့ မာနေးက ဖာမီနိုလို ကစားသမားမျိုး မဟုတ်တာကြောင့် လမ်းကြောင်းတွေက မပွင့်ဘဲ ဆွဲကန်ဆွဲကန်နဲ့ အလဟဿဖြစ်ခဲ့ရသလို ဒီယက်စ်ရဲ့ မနားတမ်းကန်ချက်ကို လိုရစ် ကာကွယ်သွားပြီး ကောင်တာကနေ ဟွိုင်ဘယာ့ဂ်ရဲ့ ကန်ချက်ကတော့ တိုင်ထိထွက်ခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာ အာနိုးလ်ဒ်က ကွင်းလယ်လူအဖြစ် နေရာယူပြီး ဟန်ဒါဆန်ရဲ့ ညာခြမ်းက ဖြတ်တင်ဘောတွေကို သုံးခဲ့ပေမယ့် စပါးစ်ရဲ့ အမှားမခံတဲ့ နောက်တန်းကို ကျော်မရဘဲဖြစ်နေခဲ့သလို အလွန်အကျွံ Overload လုပ်လွန်းတဲ့ ပုံစံကြောင့် စပါးစ်တို့ရဲ့ ကောင်တာတွေတောင်မှ ပထမပိုင်းထက် ပိုပြီး အလုပ်ဖြစ်လာခဲ့တာပါ။ ပွဲချိန် ၅၆ မိနစ်မှာတော့ စပါးစ်တို့ အဖွင့်ဂိုး ရယူသွားခဲ့ပြီး ခံစစ်က တင်ပေးလိုက်တဲ့ ဘောလုံးကို ဟာရီကိန်းက ညာခြမ်းကနေ အတွင်းကို ဆွဲဝင်ပြီးမှ ဘယ်ခြမ်းကို ခင်းပေးတာကို ဆက်ဆီညွန်က ဂိုးသမားနဲ့ ထောင့်ကျဉ်းအတွေ့မှာ မကန်ဘဲ အတွင်းကို ချိုးပေးရာမှာ လွတ်နေတဲ့ ဆွန်ဟောင်မင်က အေးအေးဆေးဆေး အကြိုက်ကန်သွင်းပြီး အန်းဖီးလ်မှာ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ဒီဂိုးမှာတော့ ညာထောင့်ကန်ဘောကို လာကန်တဲ့ ရောဘတ်ဆန် နေရာပြန်မရောက်ခင် အာနိုးလ်ဒ်နဲ့ နေရာလဲယူထားချိန်မှာ Defensive Shape ပျက်ပြီး တွန့်ဆုတ်ဆုတ်နဲ့ ဝင်မဖျက်နိုင်ဘဲဖြစ်နေကြတဲ့ လီဗာပူးလ်ခံစစ်ကို ဟာရီကိန်းက မွှေနှောက်သွားခဲ့တာဖြစ်ပြီး သူ့ကို ဝင်ဖျက်ရမယ့်အစား လွှတ်ထားခဲ့လို့ လီဗာပူးလ်တို့ ပေးဆပ်မှု ကြီးမားသွားခဲ့တာပါ။ စပါးစ်တို့ကတော့ လီဗာပူးလ်တို့ အပိုင်အခွင့်အရေး မရအောင်ဘဲ Force Wide လုပ်သွားခဲ့တာကြောင့် ရမ်းကန်ခဲ့ရတဲ့ လီဗာပူးလ်တို့ ၂၂ ကြိမ်မှာ ၃ ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဗန်ဒိုက်နဲ့ ကိုနာတေတို့ကလည်း ခေါင်းတိုက်ချက်တွေ လွဲချော်နေခဲ့သလို ပွဲပန်းပြီး ကုန်နေပုံရတဲ့ မာနေးကိုလည်း လူမလဲဘဲ ပွဲပြီးတဲ့အထိ သုံးသွားခဲ့နဲ့ ဆာလားရဲ့ ကန်ချက်တွေ တစ်ချက်ခေါက်ပြီး ကန်ရမယ့်အစား အပိုင်စောင့်နေတာတွေက သူတို့ကို နစ်နာစေခဲ့ပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ လီဗာပူးလ်တို့ ချေပဂိုး ပြန်လည်ရယူနိုင်ခဲ့ကြပြီး ကွင်းလယ်က သီယာဂို ဘေးတိုက်ပေးတာကို လူးဝစ် ဒီယက်ဇ်က အတွင်းကို ပြန်ဆွဲဝင်ပြီး အပေါက်ရှာကန်သွင်းခဲ့ရာမှာ ဖြတ်တားတဲ့ စပါးစ်ကွင်းလယ်လူ ဘင်တန်ကာရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားလို့ ဂိုးသမား လိုရစ် မကာကွယ်နိုင်ဘဲ ဂိုးပြန်ပေးခဲ့ရပါတယ်။ ဒီနောက်ပိုင်းမှာတော့ စပါးစ်တို့ ခံစစ်ကို ဒေဗင်ဆင် ဆန်ချက်ဇ်၊ ဟာရီဝင့်ခ်စ်တို့နဲ့ ထပ်မံအားဖြည့်သွားခဲ့ပြီး ပိတ်ကစားသွားခဲ့သလို လီဗာပူးလ်တို့ကတော့ တိုက်စစ်ကို မြှင့်ခဲ့ပေမယ့် လုပ်နေကျအတိုင်း မာနေးကို အိုရီဂီနဲ့ လဲပြီး တိုးရမယ့်အစား ကီတာကိုပဲ ထပ်ထည့်သွားခဲ့လို့ နောက်ဆုံးမှာတော့ အန်းဖီးလ်မှာ တစ်ဂိုးစီသရေနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် လီဗာပူးလ်တို့ အထိနာခဲ့ရသလို မန်စီးတီးနဲ့ လုနေတဲ့ ချန်ပီယံပြေးပွဲမှာ တစ်ပွဲပိုကစားပြီး အမှတ်တူ ဂိုးကွာခြားချက်နဲ့သာ ဦးဆောင်နိုင်တော့သလို အမှားမခံတဲ့ ဂွါဒီယိုလာကြောင့် ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ရဖို့ နီးလာခဲ့ပြီး ကွန်တီရဲ့ စပါးစ်ကတော့ ပွဲမတိုင်ခင်က အမှတ်ဗလာနဲ့ ပြန်ရမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြားက တစ်မှတ်ယူသွားနိုင်ခဲ့ပေမယ့် အာဆင်နယ်ကို လိုက်မီဖို့ အခွင့်အရေးကို အနည်းနဲ့ အများတော့ ထိခိုက်စေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

ZAWGYI: လီဗာပူးလ်အသင်းအနေနဲ့ သူတို့ရဲ့ ဖလားလေးလုံး အိပ်မက်အတွက် တတ်နိုင်သလောက် ကြိုးစားနေခဲ့တာဖြစ်ပြီး ဂိုးသမား အယ်လစ်ဆန်၊ ဗန်ဒိုက်၊ ကိုနာတေ၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ခံစစ်မှာ ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဟန်ဒါဆန်၊ ဖာဘင်ညိုနဲ့ သီယာဂို အယ်လ်ကန်တာရာတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ လူးဝစ် ဒီယက်ဇ်၊ ဆာလားနဲ့ မာနေးတို့ ကစားလာခဲ့ကြပါတယ်။