ပြီးခဲ့တဲ့ ရက်က ယူကရိန်းကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် ဝေးလ်အသင်းကို (၂၀၂၂) ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဆီသို့ (၆၄)နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဘေးလ်ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ (၁၀)သင်းမက ရှိလာခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ပုံမှန်ခြေစွမ်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဖယ်ကျဉ်ခံခဲ့ရတဲ့ ဘေးလ်အတွက်တော့ ဝေးလ်အသင်းမှာ ဘေးလ်အစစ်အမှန်ကို ပြန်လည် ရှာတွေ့နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

လက်ရှိ နွေဈေးကွက်ထဲမှာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး၊ အသင်းဘက်က စာချုပ်သက်တမ်း မတိုးတော့တာကြောင့် ဘေးလ်အနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာလီဂါကလပ်အသင်းကြီးကို စွန့်ခွာတော့မှာ ဖြစ်ပါတယ်။ ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာ (၉)နှစ်ကြာ ကစားခဲ့တာ ဖြစ်ပြီး ချန်ပီယံလိဂ်ဖလား (၅)ကြိမ် အပါအဝင် ရီးရဲလ်နဲ့ အတူ ဆုဖလား(၁၆)လုံးအထိ ရရှိခဲ့တာ ဖြစ်ပေမဲ့ ဇာတ်သိမ်းခန်းကတော့ သိပ်မလှခဲ့ဘူးလို့ ဆိုရမှာပါ။

ဘေးလ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမှာ ဖြစ်ပေမဲ့လည်း ဘေးလ်ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာတွေကြောင့် ခေါ်ယူချင်တဲ့ အသင်းတွေက အနည်းငယ်လက်တွန့်နေကြတဲ့ အခြေအနေမျိုးတွေလည်း ရှိနေကြတာပါ။ ဒါ့အပြင် ဘေးလ်ရဲ့ အသက်ဟာ လက်ရှိမှာ (၃၂)နှစ် ရှိနေပြီ ဖြစ်တာကြောင့် အသက် အရွယ်အရ ကစားသမားဘ၀ အကျပိုင်းအချိန်ကိုရောက်နေပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ခေါ်ယူချင်တဲ့ အသင်းတွေက ဘေးလ်ရဲ့ အသက်အရွယ်၊ ဒဏ်ရာပြဿနာ၊ လုပ်ခလစာ စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားလာကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဝေးလ်ကို (၂၀၂၂)ကမ္ဘာ့ဖလားဆီ ပို့ဆောင်ခဲ့တဲ့ ပွဲစဉ်မှာ ဘေးလ်ရဲ့ ခြေစွမ်းဟာ တောက်ပခဲ့ပါတယ်။ ဝေးလ်လက်ရွေးစင် အသင်းကြီးရဲ့ (၆၄)နှစ်ကြာ ဝေးကွာလျက်ရှိနေတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီ သွားရောက်ခွင့်ရရှိခဲ့တဲ့ နေရာမှာ ဘေးလ်ရဲ့ ခြေစွမ်းတွေက အခရာကျခဲ့တာပါ။ ရီးရဲလ်မှာ ပွဲထွက်ခွင့်တောင် မရခဲ့ပေမဲ့ ဝေးလျမှာတောာ့ဘေးလျရဲ့ ခြေစွမ်းဟာ ထိပ်တန်း အဆင့်မှာ ရှိနေဆဲ ဖြစ်တယ်ဆိုတာကို မြင်တွေ့ခဲ့ရပါတယ်။

လက်ရှိမှာ ဘေးလ်ကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး ကလပ်အသင်းကနော့ အင်္ဂလန်ချန်ပီယရှစ်ကလပ် ကာဒစ်အသင်း ဖြစ်နေတယ်လို့ သတင်းတွေ အရ သိရပါတယ်။ ကာဒစ်ဟာ ဘေးလ်မွေးဖွားခဲ့တဲ့ ဇာတိမြေ ဖြစ်ပြီး၊ ကာဒစ် အနေနဲ့ ဘေးလ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက်ရှိနေတာပါ။ ဒါ့အပြင် ဘေးလ်ကို ခေါ်ယူဖို့ သူ့ရဲ့ အသင်းဟောင်းတွေ ဖြစ်ကြတဲ့ ဆောက်သမ်တန်နဲ့ စပါးအသင်းတို့ကလည်း စိတ်ဝင်စားလျက် ရှိနေကြပြန်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ်မှာ တစ်ပတ်လုပ်ခပေါင် (၆)သိန်း ဝန်းကျင် အထိရရှိနေခဲတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အသက်(၃၂)နှစ် ရှိနေပြီ ဖြစ်တဲ့ ဘေးလ်အတွက် ပိုက်ဆံက သူ့ရဲ့ စိတ်ကို ဆွဲဆောင်နိုင်တဲ့ အဓိက အချက်တစ်ခုတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ရီးရဲလ်မှာ ကျရှုံးခဲ့ရတဲ့ သူ့ရဲ့ ဂုဏ်သိက္ခာတွေကို ပြန်လည် ဆယ်ယူဖို့အတွက် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လိဂ်တစ်ခုမှာ ဘေးလ်အနေနဲ့ ပြိုင်ဆိုင်လို စိတ်ရှိနေသေးတာလည်း ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ကာဒစ်ကလည်း ဘေးလ်ကို အနိမ့်ဆုံး လုပ်ခလစာနဲ့ ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက် ရှိနေတာပါ။ ဒါပေမဲ့ ဘေးလ်အနေနဲ့ကတော့ သူ့ရဲ့ အနာဂတ်ကို လက်ရှိအချိန်ထိတော့ ဆုံးဖြတ်ထားခြင်းမရှိသေးပါဘူး။ လက်ရှိမှာ ဝေးလ်အသင်းအတွက် ကစားရမယ့် ပွဲစဉ်တွေအေပါ်မှာပဲ အပြည့်မ၀ အာရုံ စိုက်ထားပြီး၊ နိုင်ငံပွဲစဉ်တွေ ပြီးမှသာ သူ့ရဲ့ အနာဂတ်ကို ဆုံးဖြတ်သွားဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

ZAWGYI: ပြီးခဲ့တဲ့ ရက်က ယူကရိန်းကို အနိုင်ရရှိခဲ့ပြီးတဲ့နောက် ဝေးလ်အသင်းကို (၂၀၂၂) ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဆီသို့ (၆၄)နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဘေးလ်ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ (၁၀)သင်းမက ရှိလာခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် ပုံမှန်ခြေစွမ်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဖယ်ကျဉ်ခံခဲ့ရတဲ့ ဘေးလ်အတွက်တော့ ဝေးလ်အသင်းမှာ ဘေးလ်အစစ်အမှန်ကို ပြန်လည် ရှာတွေ့နိုင်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။