ဘင်ဖီကာ အသင်းက သူတို့ရဲ့ တိုက်စစ်မှုး ဒါဝင် နူနက် ကို လီဗာပူးထံ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း ဒီမနက်မှာပဲ တရားဝင် ကြေငြာခဲ့ပါတယ်။ လီဗာပူး ဘက်ကတော့ အသက် 22 နှစ် အရွယ် ဥရုဂွေး တိုက်စစ်မှုးကို ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း ဒီညမှာ တရားဝင် ကြေငြာဖွယ် ရှိနေပါတယ်။ တရားဝင် ထုတ်ပြန်တဲ့ ကိန်း ဂဏန်းတွေ အရတော့ လီဗာပူး ဟာ နူနက် အတွက် ပြောင်းရွှေ့ကြေး ကို ယူရို 75 သန်း ပေးချေမှာ ဖြစ်ပြီး ၊ စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှု အဖြစ် နောက်ထပ် ယူရို 25 သန်း ပေးမှာ ဖြစ်ပါတယ်။

အဲဒီလို ပေးချေတဲ့ နေရာမှာ ကစားသမား ရဲ့ ပွဲထွက် ကစားခွင့် ရတဲ့ အရေအတွက် နဲ့ လီဗာပူး မှာ ရယူနိုင်မယ့် အောင်မြင်မှု အပေါ် မူတည်ကာ ပေးချေမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘင်ဖီကာ ကတော့ နူနက် ကို အယ်မေးရီးယား အသင်းဆီ ကနေ ခေါ်ယူခဲ့စဉ် အချိန်က ယူရို 23 သန်း ပေးချေခဲ့ရပြီး ၊ နောက်ထပ် ပြန်ရောင်းမယ် ဆိုရင် ရမယ့် အမြတ်ထဲက 20% ကို ဆက်လက် ပေးချေဖို့ သဘောတူထားခဲ့ ပါတယ်။

နူနက် ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပြိုင်ပွဲပေါင်းစုံ 41 ပွဲ အထိ ပါဝင် ကစားခဲ့ပြီး 34 ဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီထဲက 6 ဂိုးကို ချန်ပီယံလိဂ် ပြိုင်ပွဲမှာ သွင်းယူခဲ့တာပါ။ သူဟာ ဥရုဂွေး လက်ရွေးစင် အသင်းကြီး အတွက်တော့ 2019 ခုနှစ် က စတင် ကစားခွင့်ရခဲ့ပြီး ၊ စုစုပေါင်း ပါဝင် ကစားခဲ့တဲ့ 11 ပွဲ မှာ 2 ဂိုး သွင်းယူထားပါတယ်။ လက်ရှိ ဘင်ဖီကာ အသင်းမှာ ပါဝင် ကစားလျှက် ရှိနေတဲ့ QPR နဲ့ စပါး ကွင်းလယ် ကစားသမားဟောင်း တာရက်ဘ် ကတော့ လီဗာပူး တိုက်စစ်မှုးသစ် ဟာ ပရီးမီးယားလိဂ် မှာလဲ အောင်မြင်မှု ရရှိမှာ ဖြစ်ကြောင်း အခုလို ထောက်ခံချက် ပေးသွားခဲ့ ပါတယ်။

“ ဒါဝင် နူနက် က ကာဗာနီ နဲ့ လူးဝစ် ဆွာရက် ပေါင်းစပ်ထားတဲ့ တိုက်စစ်မှုးမျိုးပါ။ အမြင့်ခုန်နိုင်တယ် ၊ နောက်တန်း ကိုလဲ ကျော်ပြေးနိုင်တာမို့ ၊ ကျနော် က အဲဒီလိုပဲ သတ်မှတ်ထားပါတယ်။ 34 ဂိုး သွင်းတဲ့ အထဲမှာ ချန်ပီယံလိဂ် 6 ဂိုးက လီဗာပူး ၊ ဘာစီလိုနာ ၊ ဘိုင်ယန် မြူးနစ် အသင်းတွေ ဘက်ကို သွင်းခဲ့တာပါ။ ဒါကြောင့်မို့ သူသာ ခေါင်းအေးအေးထားပြီး ကိုယ့်အလုပ်ကို အာရုံစိုက်ထားမယ် ဆိုရင် အဆင်ပြေမှာပါ။ လီဗာပူး မှာ သူ့အတွက် တစ်ခုတည်းသော အခက်ခဲ က ဘာသာစကား လောက်ပဲ ရှိမယ် ထင်ပါတယ်။

တိုက်စစ်မှုးတွေ အတ္တကြီးတာ ကို သဘောကျပါတယ်။ သူတို့ က ဂိုးရှေ့ ရောက်နေရင် ဂိုးသွင်းဖို့ပဲ အာရုံ ရှိမှာလေ။ သူက အဲဒီလို ပုံစံမျိုးပါ။ ဂိုးမသွင်းရရင်ကို အစာမကြေ ဖြစ်နေတဲ့ သူပါ။ ဒါပေမယ့် အသင်းအတွက်လဲ အများကြီး အထောက်ပံ့ပေးနိုင်ပါတယ်။ အလုပ်ကို တကယ်ကြိုးစားတာပါ။ သူသာ ကြံ့ခိုင်မှု အပြည့်ရှိနေရင် သူ့ရဲ့ Body က လုံးဝကို အားကစား သမား ပီသပါတယ်။ စက် တစ်လုံးလို မနားမနေ အလုပ်လုပ်နိုင်တဲ့သူပါ။

ကျနော် ကတော့ သူဟာ ပရီးမီးယားလိဂ် မှာလဲ ဂိုးတွေ သေချာပေါက် သွင်းလိမ့်မယ်လို့ ယုံထားပါတယ်။ မနှစ်က ဘင်ဖီကာ ဟာ သူ့ကို အယ်မေးရီးယား အသင်းကနေ ခေါ်ယူလိုက်တော့ ၊ ဘယ်သူကမှ သူ့အကြောင်းကို မသိကြပါဘူး။ ဒါပေမယ့် ပြောင်းရွှေ့ကြေး က တော်တော်များများ ပေးရတော့ လူတွေကလဲ အံ့အားသင့်ကုန်ကြပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ပထမဆုံး မြင်လိုက် ကတည်း သူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှုးတွေထဲက တစ်ယောက် ဖြစ်လာမယ် ဆိုတာ ကြိုပြီး နားလည်နေခဲ့တာပါ။

သူ့မှာ တောင်အမေရိကားသားတွေ ရဲ့ ခံယူချက် စိတ်ဓါတ်မျိုး ရှိပါတယ်။ အမြဲတမ်း အနိုင်ရချင်တယ် ၊ တိုက်ပွဲဝင်စိတ် ပြင်းပြသလို ၊ သန်မာပြီး တကယ်မြန်တဲ့သူပါ။ ဒါကို လီဗာပူး နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်တွေမှာ ပြသခဲ့ပြီးပါပြီ။ ဒုတိယ အကျော့ပြီးတော့ ကလော့ပ် က သူ့ကို ချီးကျူးတဲ့ အကြောင်း တိုက်ရိုတ် လာပြောခဲ့ပါသေးတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။

ZAWGYI: ဘင်ဖီကာ အသင်းက သူတို့ရဲ့ တိုက်စစ်မှုး ဒါဝင် နူနက် ကို လီဗာပူးထံ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း ဒီမနက်မှာပဲ တရားဝင် ကြေငြာခဲ့ပါတယ်။ လီဗာပူး ဘက်ကတော့ အသက် 22 နှစ် အရွယ် ဥရုဂွေး တိုက်စစ်မှုးကို ခေါ်ယူနိုင်ပြီ ဖြစ်ကြောင်း ဒီညမှာ တရားဝင် ကြေငြာဖွယ် ရှိနေပါတယ်။ တရားဝင် ထုတ်ပြန်တဲ့ ကိန်း ဂဏန်းတွေ အရတော့ လီဗာပူး ဟာ နူနက် အတွက် ပြောင်းရွှေ့ကြေး ကို ယူရို 75 သန်း ပေးချေမှာ ဖြစ်ပြီး ၊ စွမ်းဆောင်မှု ပိုင်းဆိုင်ရာ ထပ်မံ ပေးချေမှု အဖြစ် နောက်ထပ် ယူရို 25 သန်း ပေးမှာ ဖြစ်ပါတယ်။