တောင်အာဖရိက နိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ရဲ့ “Waka-waka” သီချင်းဟာ ဘောလုံး သီချင်းတွေထဲမှာ ကျော်ကြားလွှမ်းမိုးတဲ့ သီချင်း တပုဒ် ဖြစ်ခဲ့သလို အဆိုပါ သီချင်းရဲ့ နောက်ကွယ်က အချစ်ဇာတ်လမ်းလေး တပုဒ် ဟာလည်း ဘောလုံး ပရိသတ်တွေ ကိုရော ဂီတ ပရိသတ်တွေကိုပါ ကြည်နူး စေခဲ့ ပါတယ် ။ အဲ့ဒါကတော့ Waka-waka သီချင်း သီဆိုသူ လက်တင် အဆိုတော် ရှာကီရာ နဲ့ သီချင်းမှာ ပါဝင် ကူညီ ရိုက်ကူး ပေးခဲ့တဲ့ စပိန် ဘောလုံးသမားလေး ဂျရတ် ပီကေး တို့ ချစ်ကျွမ်းဝင် ခဲ့ကြတာပါပဲ ။

သူတို့ ၂ ယောက် ဟာ ၁၀ နှစ် ကွာပေမယ့် ( ရှာကီရာ လက်ရှိ ၄၅ နှစ် ၊ ပီကေး ၃၅ နှစ် ) ကောင်းမွန်တဲ့ ဆက်ဆံရေး ကို တည်ဆောက် နိုင်ခဲ့သလို သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျော်ကြား အောင်မြင် ခဲ့ကြတဲ့ သူတို့ ၂ ဦးဟာ လူအများရဲ့ နှစ်သက် အားကျမှုကို ရရှိခဲ့ ပါတယ် ။ အခုအချိန် မှာတော့ ၁၀ နှစ်ကျော် ခဲ့ပြီ ဖြစ်တဲ့ အချစ်ဇာတ်လမ်း ဟာ အကွဲအပြဲ နဲ့ အဆုံးသတ်ရတော့မယ့် အနေအထားကို ရောက်လာခဲ့ ပါပြီ ။

ပီကေး နဲ့ ရှာကီရာ တို့ဟာ ကွာရှင်း ပြတ်စဲ ကြတော့မှာ ဖြစ်ပြီး ဒီကိစ္စ မှာ စပိန်သားရဲ့ ဖောက်ပြန်မှု ဟာ အဓိက ဖြစ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ ပါတယ် ။ စပိန် အခြေစိုက် El Periodico ရဲ့ ဖော်ပြချက် အရ ပီကေး ဟာ ရှာကီရာ နဲ့ အတူ မနေခင် တုန်းက ပိုင်ဆိုင် ခဲ့ဖူးတဲ့ နေအိမ် ကို အခု ရက်သတ္တပတ်တွေ မှာ ပြန်လည် လာရောက်ပြီး အသက် ၂၀ ဝန်းကျင် ရှိတဲ့ ရွှေရောင် ဆံပင်နဲ့ အမျိုးသမီးငယ် တယောက်လည်း ပါလာခဲ့တယ်လို့ သိရပါတယ် ။ ပီကေး ဟာ အဆိုပါ အမျိုးသမီးလေး နဲ့ အကြိမ်များစွာ တွဲသွား တွဲလာ လုပ်ခဲ့ပြီး ရှာကီရာ ကိုယ်တိုင် သူတို့ ကို မြင်တွေ့ သိရှိခဲ့တယ်လို့ သတင်းစာက ဖော်ပြခဲ့ ပါတယ် ။

လက်ရှိ အချိန်အထိတော့ ပီကေး ရော ရှာကီရာ ပါ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ဘာမှ မပြောကြ သေးပေမယ့် ရင်းနှီးသူတွေ ကတော့ သိပ်မကြာတော့ခင်မှာ တယောက်ယောက် က ထုတ်ပြောလာပြီး အဆုံးသတ် ကြလိမ့်မယ်လို့ ခန့်မှန်း သုံးသပ် ခဲ့ကြပါတယ် ။ သူတို့ ၂ ဦး ဟာ ကိုယ်ပိုင် ဆိုရှယ်မီဒီယာ အကောင့်တွေမှာလည်း ၂ ဦး တွဲရိုက်ထားတဲ့ ဓါတ်ပုံတွေကို မတင် ကြတော့ပါဘူး ။

ဒီနှစ် နွေရာသီမှာ ရှာကီရာ ဟာ သူမရဲ့ ကလေးတွေ နဲ့ အပန်းဖြေ ခရီးထွက် သွားပေမယ့် ပီကေး က လိုက်ပါ မသွားဘဲ ကျန်ရစ်ခဲ့တယ်လို့လည်း ကြားသိရ ပါတယ် ။ အခုချိန်မှာ သူတို့ ဟာ အတူ မနေကြတော့ဘဲ ကိုယ့် အခန်းနဲ့ ကိုယ် နေထိုင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေပါပြီ ။ ၂၀၂၂ အတွင်းမှာ ရှာကီရာ သီဆို ခဲ့တဲ့ “te Felicito” ဆိုတဲ့ သီချင်းဟာ ပီကေး ကို ရည်ညွှန်းတာ ဖြစ်တယ် ဆိုတဲ့ အယူအဆ လည်း ပရိသတ်တွေ အကြားမှာ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာခဲ့ ပါတယ် ။

ပေါ်တိုရီကို အဆိုတော် Rauw Alejandro ပါဝင် အားဖြည့်ထားတဲ့ ဒီသီချင်းမှာ “မင်း ပြည့်စုံဖို့ ငါကွဲကြေလိုက်မယ် ၊ မင်းက အတုအယောင်ဆိုတာ ငါ သိတယ် ၊ မင်းလုပ်ရပ်တွေ အတွက် ဂုဏ်ပြုတယ်” ဆိုတဲ့ စာသားတွေပါဝင်နေပြီး မကြာခဏ ပြန်လည် သီဆို ထားတယ်လို့လည်း ကြားသိရ ပါတယ် ။ ဆိုရှယ်မီဒီယာ ပေါ်မှာတော့ ပရိသတ်တွေဟာ ရှာကီရာ ဘက်ကနေ ရပ်တည် ခဲ့ကြပြီး ဒီဖောက်ပြန်မှု နဲ့ ပတ်သက်လို့ မေးခွန်းတွေ ထုတ်နေခဲ့ကြ ပါတယ် ။

သတင်းစာတွေ ကရော အခြား ဘယ်သူကမှ အဆိုပါ အသက် ၂၀ ဝန်းကျင် မိန်းခလေး အကြောင်းကို ကျယ်ကျယ် ပြန့်ပြန့် ထုတ်ပြောခြင်း မရှိသေးပါဘူး ။ ဒါပေမယ့် “Waka-waka” ကနေ အစပြုခဲ့တဲ့ ကြည်နူးဆွတ်ပျံ့ဖွယ် အချစ်ဇာတ်လမ်း တပုဒ် ကတော့ အဆုံးသတ်ချိန် နဲ့ အတော်လေးကို နီးလေးကို နီးစပ်လာခဲ့ပါပြီ . . . ။

ZAWGYI: တောင်အာဖရိက နိုင်ငံက အိမ်ရှင် အဖြစ် ကျင်းပခဲ့တဲ့ ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲ ရဲ့ “Waka-waka” သီချင်းဟာ ဘောလုံး သီချင်းတွေထဲမှာ ကျော်ကြားလွှမ်းမိုးတဲ့ သီချင်း တပုဒ် ဖြစ်ခဲ့သလို အဆိုပါ သီချင်းရဲ့ နောက်ကွယ်က အချစ်ဇာတ်လမ်းလေး တပုဒ် ဟာလည်း ဘောလုံး ပရိသတ်တွေ ကိုရော ဂီတ ပရိသတ်တွေကိုပါ ကြည်နူး စေခဲ့ ပါတယ် ။ အဲ့ဒါကတော့ Waka-waka သီချင်း သီဆိုသူ လက်တင် အဆိုတော် ရှာကီရာ နဲ့ သီချင်းမှာ ပါဝင် ကူညီ ရိုက်ကူး ပေးခဲ့တဲ့ စပိန် ဘောလုံးသမားလေး ဂျရတ် ပီကေး တို့ ချစ်ကျွမ်းဝင် ခဲ့ကြတာပါပဲ ။