ချဲလ်ဆီးတို့ဟာ မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုကိုခေါ်ယူဖို့ အရေးနဲ့ ပတ်သက်ပြီးတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပြီး ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မန်ယူနိုက်တက်ထံကို (၂)နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး မန်ယူနိုက်တက်နဲ့ ပထမရာသီမှာ သွင်းဂိုး (၂၄)ဂိုး အထိ သွင်းယူပေးခဲ့ကာ အသင်းရဲ့ ဂိုး သွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

မန်ယူနိုက်တက်နဲ့ ပထမရာသီမှာ စီရော်နယ်ဒိုတစ်ယောက် သွင်းဂိုးတွေ သွင်းပြီး အသင်းကို ကူညီပေးခဲ့ပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ယိုင်နဲ့လာနေတဲ့ မန်ယူနိုက်တက်ရဲ့ ဆိုးရွားတဲ့ အခြေအနေတွေကြောင့် မန်ယူနိုက်တက်ကို ထိပ်တန်းအသင်းတစ်သင်း ဖြစ်လာဖို့ စီရော်နယ်ဒိုရဲ့ သွင်းဂိုးတွေက မလုံလောက်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ရာသီကဆိုရင် အသင်းရဲ့ ပရီးမီးယားလိဂ် သမိုင်းတလျှောက်မှာ အမှတ်အနည်းဆုံး ဘောလုံးရာသီ တစ်ခုကို ကြုံတွေ့ခဲ့ရသလို အဆင့် (၆)နဲ့ သာ ရာသီ သိမ်းနိုင်ခဲ့တာကြောင့် လာမယ့်ဘောလုံးရာသီအတွက် ချန်ပီယံလိဂ် ဝင်ခွင့်ကိုလည်း လွဲချော်ခဲ့ရပြန်ပါတယ်။

စီရော်နယ်ဒို အနေနဲ့ မန်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ် ကျန်ရှိနေသေးပေမဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ကစားခွင့်မရတဲ့ အခြေအနေက စီရော်နယ်ဒို အတွက် စိတ်ပျက်စရာတော့ ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ဒါ့ကြောင့်လည်း လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရရှိလာခဲ့မယ်ဆိုရင် အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ အတွက် စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ လတုန်းက အသင်းတာဝန်ရှိသူတွေကို တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ စီရော်နယ်ဒိုကို ခေါ်ယူဖို့ ချဲလ်ဆီး၊ ဘိုင်ယန်နဲ့ ပီအက်စ်ဂျီ အသင်းတို့ဟာ သတင်းတွေထွက်လာခဲ့ကြပေမဲ့ ဘိုင်ယန်မြူးနစ်ဟာ လီဝမ်ဒေါ့စကီးရဲ့ အခြေအနေကို စောင့်ကြည့်ပြီးမှသာ စီရော်နယ်ဒိုကို ခေါ်ယူဖို့ စဉ်းစားလာဖွယ်ရှိနေတာပါ။ လက်ရှိမှာ လီဝမ်ဒေါ့စကီးကို ဘာစီလိုနာက စိတ်ဝင်စားလျက် ရှိနေပေမဲ့ ဘာစီလိုနာအနေနဲ့ လီဝမ်ဒေါ့စကီးအတွက် ဘိုင်ယန်လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို အရစ်ကျနဲ့သာ ပေးချေနိုင်တဲ့ အခြေအနေမှာ ရှိနေတာကြောင့် လက်ရှိအချိန်အထိတော့ အပြောင်းအရွှေ့ဟာ ဖြစ်လာဖို့ ဝေးလွန်းနေသေးတာပါ။

ဒါ့ကြောင့် စီရော်နယ်ဒိုကို အမိအရ လိုချင်နေတဲ့ အသင်းတွေထဲမှာ ဘိုင်ယန်မြူးနစ်ဟာ ပါဝင်မနေဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီကလည်း နေမာ၊မက်ဆီနဲ့ အမ်ဘာပေတို့ ရှိနေတဲ့ အခြေအနေမှာ စီရော်နယ်ဒိုပါ ထပ်ရောက်လာခဲ့ရင် အသင်းမှာ ဟန်ချက်မညီမျှမှုတွေ ဖြစ်ပေါ်လာဖွယ် ရှိနေတာကြောင့် စီရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စား ခြင်း မရှိကြောင်း ငြင်းဆိုထားတာ ဖြစ်ပါတယ်။ ဒီထဲမှာ ချဲလ်ဆီးကတော့ စီရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်အဝင်စားဆုံး အသင်း ဖြစ်ပြီး ပြီးခဲ့တဲ့ လတုန်းကဆိုရင် စီရော်နယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်ဟာ ချဲလ်ဆီး အသင်းပိုင်ရှင် တော့ဘိုလေးနဲ့ ညစာ အတူစားပြီး အပြောင်းအရွှေ့ ကိစ္စအတွက် စကားပြောဆိုမှုတွေ ပြုလုပ်ခဲ့သေးတာပါ။

တော့ဘိုလေး အနေနဲ့ ပုဂ္ဂိုလ်ရေး အရ စီရော်နယ်ဒိုကို စိတ်ဝင်စားလျက် ရှိနေပြီး ခေါ်ယူဖို့ အလို ရှိနေပေမဲ့ ချဲလ်ဆီး နည်းပြ ဖြစ်သူ တူချယ်ကိုယ်တိုင်က စီရော်နယ်ဒိုကို ခေါ်ယူဖို့ အလို မရှိ ဖြစ်တာကြောင့် တော့ဘိုလေးနဲ့ ထိပ်တိုက် တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ အခုလိုမျိုး တူချယ်နဲ့ တော့ဘိုလေးတို့ကြား စီရော်နယ်ဒိုကို ခေါ်ယူရေးနဲ့ ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် စီရော်နယ်ဒိုကို မခေါ်ယူဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ကြတယ်လို့ သတင်းတွေက ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဆိုတော့ စီရော်နယ်ဒို အနေနဲ့ ချန်ပီယံလိဂ် ကစားချင်လို့ မန်ယူနိုက်တက်ကနေ ထွက်ခွာဖို့ အတိအလင်း ပြောကြားထားခဲ့ပေမဲ့ စီရော်နယ်ဒိုကို တကယ့် ထိပ်တန်း ကလပ်အသင်းတွေကတော့ လက်ရှောင်လျက် ရှိနေကြတာ ဖြစ်ပါတယ်။အသက်(၃၇)နှစ် အရွယ်ဆိုတဲ့ အနေအထားမှာ ဂိုးသွင်းနှုန်းတွေက အသင်းအတွက် အများကြီး အကျိုးပြုနိုင်နေသေးပေမဲ့ အခုလိုမျိုး ထိပ်တန်း ကလပ်တွေက သိသိသာသာကြီး လက်ရှောင်နေတဲ့ အနေအထားတွေကတော့ စီရော်နယ်ဒိုအတွက် စိတ်ပျက်စရာ ဖြစ်စေမှာပါ။ ဒီတော့ စီရော်နယ်ဒို အနေနဲ့ လာမယ့် ရာသီမှာလည်း မန်ယူနိုက်တက်မှာပဲ ဆက်ရှိနေပြီး ယူရိုပါလိဂ်ကိုသာ ကစားသွားဖို့ ရှိနေတော့တာပဲ ဖြစ်ပါတယ်။

ZAWGYI: ချဲလ်ဆီးတို့ဟာ မန်ယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုကိုခေါ်ယူဖို့ အရေးနဲ့ ပတ်သက်ပြီးတော့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့ပြီး ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲမှာ မန်ယူနိုက်တက်ထံကို (၂)နှစ် စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး မန်ယူနိုက်တက်နဲ့ ပထမရာသီမှာ သွင်းဂိုး (၂၄)ဂိုး အထိ သွင်းယူပေးခဲ့ကာ အသင်းရဲ့ ဂိုး သွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။