ရိုးမားအသင်းရဲ့မန်နေဂျာ ဂျိုဆေး မော်ရင်ညိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူ အာရွန် ဝမ်-ဘစ်ဆာကာကို မခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့ပြီးနောက် အာဆင်နယ်အသင်းမှာ အရေးပေးမှုမခံရတဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မော်ရင်ညိုအနေနဲ့ သူ့အသင်းအတွက် ငွေကြေးမြှုပ်နှံမှုများစွာကို ဒီနှစ်နွေမှာ ပြုလုပ်သွားစေလိုနေတာဖြစ်ပြီး ရိုးမားအသင်းကိုလည်း ရာသီမကုန်ခင်မှာ ယူရိုပါ ကွန်းဖရန့်စ်လိဂ် အောင်ပွဲရအောင် ယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

မော်ရင်ညိုအနေနဲ့ အသင်းကို ရောက်လာခဲ့ပြီးနောက်ပိုင်း ရိုးမားအသင်းရဲ့လူစာရင်းကို အနည်းငယ်အပြောင်းအလဲလုပ်သွားခဲ့ပြီး လာမယ့်နွေမှာတော့ အသင်းရဲ့ကွင်းလယ်တိုက်စစ်ကစားသမား ဟန်းနရစ် မစ်ခီတာရီယန်းက အင်တာမီလန်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့ကာလတုန်းက အာဆင်နယ်အသင်းကနေ ၆ လ အငှါးစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ အိမ်းစလီ မိတ်လန်း-နိုင်းလ်စ်ကလည်း အငှါးစာချုပ်ပြည့်တာကြောင့် လာမယ့်နွေမှာ အမ်းမရိတ်စ်ကို ပြန်သွားတော့မှာဖြစ်ပါတယ်။

အီတလီကလပ်တွေအနေနဲ့ ဝမ်-ဘစ်ဆာကာကို ခေါ်ယူဖို့အတွက် စိတ်အားထက်သန်ခဲ့ကြပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကတော့ ၂၀၁၉ ခုနှစ်တုန်းက ဝမ်-ဘစ်ဆာကာအတွက် ကုန်ကျခဲ့တဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၅၀ ကို ပြန်လည်အလိုရှိနေတာပါ။ ဝမ်-ဘစ်ဆာကာအတွက် ဘယ်အသင်းကမှ ပေါင်သန်း ၅၀ မပေးချင်ခဲ့ဘဲ အဆိုပါအသင်းတွေထဲမှာ မော်ရင်ညိုရဲ့ ရိုးမားအသင်းလည်း ပါဝင်ခဲ့သလို အီတလီမြို့တော်ကလပ်ကတော့ ပေါင်သန်း ၅၀ နဲ့ခေါ်ရမှာထက်စာရင် တစ်ရာသီအငှါးစာချုပ်နဲ့ပဲခေါ်ယူဖို့အထိတောင် ပိုမိုစိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့်လည်း မော်ရင်ညိုနဲ့ ရိုးမားအသင်းတို့အတွက်တော့ ဝမ်-ဘစ်ဆာကာထက်စာရင် ဘယ်လာရင်က ပိုပြီးလက်တွေ့ဆန်တဲ့ ပစ်မှတ်ကစားသမားဖြစ်လာခဲ့ပြီး အီတာလျံသတင်းဌာန Gazetta Dello Sport သတင်းဌာနကတော့ ရိုးမားအသင်းအနေနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် စီစဉ်နေကြောင်းသိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဘယ်လာရင်အတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၈ သန်းအလိုရှိနေတာဖြစ်ပေမယ့် စပိန်သားနဲ့ ဂန်းနားတို့ရဲ့ စာချုပ်သက်တမ်းက ၁ နှစ်သာကျန်ရှိတော့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ရိုးမားအသင်းကတော့ အာဆင်နယ်အသင်းရဲ့ ဘယ်လာရင်အတွက် သတ်မှတ်တန်ကြေးထက် လျော့နည်းတဲ့ ပမာဏတစ်ခုနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်အောင် ပြုလုပ်သွားနိုင်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ဘယ်လာရင်အနေနဲ့ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက စပိန်လာလီဂါကလပ် ရီးရဲလ်ဘက်တစ်အသင်းမှာ တစ်ရာသီအငှါးစာချုပ်နဲ့ သွားရောက်ကစားခဲ့ပြီး ဆီဗီးလ်မြို့မှာ ပျော်ရွှင်စရာအခိုက်အတန့်တွေ ဖန်တီးနိုင်ခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံ ၃၂ ပွဲအထိ ကစားပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဘယ်လာရင်ကို အငှါးစာချုပ်နဲ့ ထပ်မံစေလွှတ်သွားချင်ပေမယ့်လည်း စာချုပ်သက်တမ်း ၁ နှစ်သာကျန်တော့တဲ့အနေအထားကြောင့် အငှါးကြေးထက် ငွေပိုရနိုင်မယ့် အပြီးသတ် ပြောင်းရွှေ့ကြေးဘက်သာ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ZAWGYI: ရိုးမားအသင်းရဲ့မန်နေဂျာ ဂျိုဆေး မော်ရင်ညိုအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံလူ အာရွန် ဝမ်-ဘစ်ဆာကာကို မခေါ်ယူဖို့အတွက် ဆုံးဖြတ်ခဲ့ပြီးနောက် အာဆင်နယ်အသင်းမှာ အရေးပေးမှုမခံရတဲ့ ညာနောက်ခံလူ ဟက်တာ ဘယ်လာရင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မော်ရင်ညိုအနေနဲ့ သူ့အသင်းအတွက် ငွေကြေးမြှုပ်နှံမှုများစွာကို ဒီနှစ်နွေမှာ ပြုလုပ်သွားစေလိုနေတာဖြစ်ပြီး ရိုးမားအသင်းကိုလည်း ရာသီမကုန်ခင်မှာ ယူရိုပါ ကွန်းဖရန့်စ်လိဂ် အောင်ပွဲရအောင် ယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။