အီတလီနဲ့ အာဂျင်တီးနားတို့ရဲ့ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့တဲ့ Finalissima မှာတော့ ကိုပါချန်ပီယံအာဂျင်တီးနားက ယူရိုချန်ပီယံအီတလီကို ကောင်းကေငာ်း ပညာပေးပြီး ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ။် ဒီပွဲမှာ အီတလီဟာ၄-၃-၃ပုံစံကိုခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဘီလော့တီ၊ ရက်စပါဒိုရီ၊ ဘာနာဒက်ရှီတို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ဘာရယ်လာ၊ ဂျော်ဂျင်ဟို၊ ပတ်ဆီနာတို့ကို ခင်းကျင်းခဲ့ပြီး နောက်တန်းမှာ အီမာဆင်၊ ချီလီနီ၊ ဘိုနုချီ၊ လော်ရန်ဇိုတို့ကို ကစားစေခဲ့တာပါ။

အာဂျင်တီးနားက ၄-၂-၃-၁ ပုံစံကို ပွဲထုတ်ခဲ့ပြီး တိုက်စစ်မှာမာတီနက်ဇ်ကို အထောင်ထားကာ မက်ဆီ၊ လိုဆယ်လို၊ ဒီမာရီယာတို့ တိုက်စစ်တွဲလုံးကို အသုံးပြုခဲ့ကာ ကွင်းလယ်မှာ ရိုဒရီဂွတ်ဇ်နဲ့ ဒီပေါလ်တို့ကို အသုံးပြုခဲ့ပါတယ်။ ပွဲစတယ်ဆိုတာနဲ့ အာဂျင်တီးနားဟာ ဂိုးရဖို့အတွက် ဖိအားပေးခဲ့ပြီး ကွင်းလယ်ပိုင်း ကစားကွက် အသာစီးရယူနိုင်ခဲ့ပါတယ်။ ချန်ပီယံနှစ်သင်းဆိုပေမဲ့ ခြစွမ်းပိုင်းကတော့ ကွာခြားချက်ကြီးမားခဲ့ပြီး အီတလီတို့ကစားပုံကစိတ်ပျက်စရာကောင်းပြီးရင်း ကောင်းနေဆဲပါ။

အာဂျင်တီးနားရဲ့တိုက်စစ်လမ်းကြောင်းတွေက ထိရောက်ခဲ့ပြီး မက်ဆီ၊ ဒီပေါလ်၊ မာတီနက်ဇ်တို့ရဲ့ တွဲလုံးတွေက အားရစရာပါ။ ၂၈ မိနစ်မှာ ဂိုးရဖို့ ဖိအားပေးနေတဲ့ အာဂျင်တီးနားတို့ အဖွင့်ဂိုးရခဲ့ပြီး မက်ဆီရဲ့အလိုက်သင့် ပေးပို့မှုကို မာတီနက်ဇ်က အပိုင်ပိတ်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အီတလီတို့ ပြန်လည်ဖိအားပေးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကွင်းလယ်ဖန်တီးမှုပိုင်း အားနည်းခဲံကာ တိုက်စစ်ကလည်း အလုပ်မဖြစ်ခဲ့ပါဘူး။

ပထမပိုင်းပြီးခါနီးမှာတော့ အာဂျင်တီးနားတို့ဒုတိယမြောက်ဦးဆောင်ဂိုးရခဲ့ပြီး မာတီနက်ဇ်ရဲ့ အကွက်မြင်မြင် ပေးပို့မှုကို ဒီမာရီယာက အီတလီဂိုးသမားဒွန်နာရမ်မာကို လှလှပပ ကျော်ဖြတ်ကာ သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားတို့ ကွင်းလယ်ပိုင်းအသာနဲ့ပွဲကိုပိုမို ဖိအားပေးနိုင်ခဲ့ပါတယ။် ဒီပွဲမှာ မက်ဆီအနေနဲ့ဂိုးမသွင်းနိုင်ခဲ့ပေမဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ပြီး ကွင်းလယ်တစ်ကြောမှာပတ်မွှေနေခဲ့ပါတယ်။ ၅၉ မိနစ်မှာ ဒီမာရီယာက အခွင့်အရေး တစ်ကြိမ် ရခဲ့ပြီး ကန်သွင်းချက် ကောင်းခဲ့ပေမဲ့ ဂိုးသမား ဒွန်နာရမ်မာ ကာကွယ်နိုင်ခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ အာဂျင်တီးနားရဲ့ တိုက်စစ်ဆင်မှုတွေက အားရစရာကောင်းခဲ့ပြီး ဂိုးရဖို့ အီတလီနောက်တန်း ပျာယာခတ်နေခဲ့ရပါတယ်။ အာဂျင်တို့ ဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမဲ့ ဂိုးကံခေနေတာရော ဒွန်မာရမ်မာကောင်းနေတာကြောင့် နစ်နာခဲ့ရပါတယ်။ နောက်ဆုံး မိနစ်အထိ ကစားအားမကျဘဲ တိုက်စစ်ဆင်နေတဲ့ အာဂျင်တီးနားတို့ နာကျင်အချိန်ပိုမှာတော့ ဒိုင်ဘာလာက ပွဲသိမ်းဂိုးသွင်းယူခဲ့ပါတယ။် ဒီပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို မက်ဆီကရရှိသွားခဲ့ပါတယ်။

ZAWGYI: အီတလီနဲ့ အာဂျင်တီးနားတို့ရဲ့ ထိပ်တိုက်ယှဉ်ပြိုင်ခဲ့တဲ့ Finalissima မှာတော့ ကိုပါချန်ပီယံအာဂျင်တီးနားက ယူရိုချန်ပီယံအီတလီကို ကောင်းကေငာ်း ပညာပေးပြီး ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ။် ဒီပွဲမှာ အီတလီဟာ၄-၃-၃ပုံစံကိုခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဘီလော့တီ၊ ရက်စပါဒိုရီ၊ ဘာနာဒက်ရှီတို့ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ ဘာရယ်လာ၊ ဂျော်ဂျင်ဟို၊ ပတ်ဆီနာတို့ကို ခင်းကျင်းခဲ့ပြီး နောက်တန်းမှာ အီမာဆင်၊ ချီလီနီ၊ ဘိုနုချီ၊ လော်ရန်ဇိုတို့ကို ကစားစေခဲ့တာပါ။