၂၀၁၇-၁၈ ရာသီမှာတန်းဆင်းသွားရပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် နောက်ရာသီ ချန်ပီယံရှစ်မှာ ဆန်းဒါးလန်းတို့ကစားရတော့မှာဖြစ်ပါတယ်။ ချန်ပီယံရှစ်ပရိုမိုးရှင်းရဖို့ ဝိုင်ကွမ်ဘီတို့နဲ့ ဝင်ဘလေကလိဂ်ဝမ်းပလေးအော့ဖ်ဖိုင်နယ်မှာ ဒေသခံကစားသမားအဲလိယော့အမ်ဘယ်လ်တန်နဲ့ ရို့စ်စတီးဝ့ါတ်တို့ရဲ့ဂိုးတွေက ဆန်းဒါးလန်းတို့အတွက် နိုင်ပွဲကိုရရှိစေခဲ့ပါတယ်။ ကြောင်နက်တို့က ပွဲစကတည်းကကြီးစိုးထားတာဖြစ်ပြီး အဲလိယော့ရဲ့ ၁၂ မိနစ်ဂိုးနဲ့ ဦးဆောင်မှုစတင်ရရှိခဲ့ပါတယ်။

ဧရိယာအပြင်ဘက်က သူ့ရဲ့ပေါက်ကွဲကန်သွင်းမှုက ဝိုင်ကွမ်ဘီဂိုးသမားဒေးဗစ်စတော့ခ်ဒေးလ်ကို တိုက်ရိုက်ကျော်ဖြတ်ဝင်သွားခဲ့ပါတယ်။ ဝိုင်ကွမ်ဘီဂိုးသမားဟာ ၁-၀ နဲ့တန့်နေအောင် ကာကွယ်မှုများစွာနဲ့ ထိန်းထားပေးခဲ့ရတာဖြစ်ပါတယ်။ ပွဲပြီးဖို့ ၁၁ မိနစ်လောက်အလိုမှာတော့ ရို့စ်စတီးဝါ့တ်က သူ့ရဲ့ဒီရာသီ ၂၆ ဂိုးမြောက်ဂိုးကိုသွင်းပြီး ဆန်းဒါးလန်းတို့ သက်သောင့်သက်သာပွဲသိမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ အခုဆိုရင်တော့ ဆန်းဒါးလန်းတို့ဟာ ဝီဂန်၊ ရိုသာဟမ်တို့နဲ့အတူ အင်္ဂလိပ်ဒုတိယတိုင်ယာဖြစ်တဲ့ ချန်ပီယံရှစ်ကို တန်းတက်သွားခဲ့ကြပြီဖြစ်ပါတယ်။

ဝိုင်ကွမ်ဘီအသင်းရဲ့ သက်တော်ရှည်တိုက်စစ်မှူး၊ ခန္ဒာကိုယ်ကြံ့ခိုင်မှုနဲ့ကျော်ကြားတဲ့ အဒီဘေယိုအကင်ဖန်ဝါဟာ ပွဲပြီးဖို့ ၁၅ မိနစ်အလိုမှာလူစားလဲဝင်လာပြီး သူ့ကစားသမားဘဝရဲ့နောက်ဆုံးပွဲကိုကစားခဲ့ပါတယ်။ ဒါပေမဲ့ အသက် ၄၀ အရွယ်ကစားသမားဟာ ရလဒ်ကိုပြောင်းလဲနိုင်အောင်တော့ မလုပ်နိုင်ခဲ့တော့ပါဘူး။ ဆန်းဒါးလန်းဖန်များဟာ သူတို့အသင်းရဲ့ဝင်ဘလေပလေးအော့ဖ်ဖိုင်နယ်ကို သောင်းနဲ့ချီပြီး လာရောက်အင်အားပြ အားပေးခဲ့ကြတာဖြစ်ပါတယ်။

စတီးဝ့ါတ်ရဲ့ဂိုးဝင်သွားတဲ့အချိန်မှာတော့ ပွဲကိုစိုးမိုးထားပါလျက် ၁-၀ တည်းနဲ့ ပွဲချိန်အကြာကြီးဖြစ်နေခဲ့တာကြောင့် အသက်ပြင်းပြင်းမရှူရဲခဲ့တဲ့ဆန်းဒါးလန်းဖန်များကြားက စိတ်သက်သာရာရခြင်းနဲ့ ပျော်ရွှင်ဝမ်းမြောက်ခြင်းအငွေ့အသက်တွေက မျက်စိနဲ့တောင်မြင်ရနိုင်တဲ့အထိပါပဲ။ နောက်ဆုံးမှာတော့၊ ရှည်ကြာလွန်းလှတဲ့ ၆ နှစ်တာပြီးနောက်မှာတော့ ဂုဏ်ယူဝမ်းမြောက်အောင်ပွဲခံစရာတခုခု သူတို့ရရှိခဲ့ကြပြီဖြစ်ပါတယ်။ ဆက်တိုက်တန်းဆင်းရခြင်းများကြောင့် ကလပ်က အင်္ဂလိပ်ထိပ်တန်းလိဂ်ကနေ တတိယအဆင့်အထိကျဆင်းရတဲ့အထိ ဖြစ်စေခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေ့မှာတော့ ပွဲအစကနေအဆုံးအထိ ပွဲကိုစိုးမိုးထားရင်း သူတို့ပရိသတ်တွေရဲ့ရှေ့မှာ တကယ့်ရှိုးအစစ်တခုကိုအားထုတ်ခဲ့ကြပြီး နောက်ရာသီချန်ပီယံရှစ်မှာ တနေရာရဖို့ အလုံးစုံထိုက်တန်ခဲ့ကြပါတယ်။ ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုတော့ နှစ်ဂိုးလုံးအတွက် ဂိုးဖန်တီးမှုဆင်ပေးခဲ့တဲ့ အဲလက်စ်ပရစ်ချာ့ဒ်ကရရှိခဲ့ပါတယ်။ ကွင်းတဝိုက်မှာဖြစ်ပေါ်နေတဲ့အငွေ့အသက်ဝန်းကျင်ကတော့ အံ့မခန်းပါပဲ။

လန်ဒန်မှာ သူတို့ရဲ့ညကို ကြောင်နက်ဖန်များပျော်ရွှင်အောင်ပွဲခံကြမှာဖြစ်ပြီး နောက်ရာသီမှာတော့ သူတို့ရဲ့ချန်ပီယံရှစ်ပြိုင်ဘက်များအတွက် အလင်းရောင်ကွင်းကြီးက ကြောက်ရွံ့တုန်လှုပ်စေဦးမှာပါ။ တချိန်တုန်းက ပရီးမီးယားလိဂ်မှာကျင်လည်ခဲ့တဲ့ ရင်းနှီးပြီးသားအသင်းတသင်းအတွက် ပရီးမီးယားလိဂ်နေ့ရက်တွေ အမြန်ဆုံးပြန်နီးစပ်လာစေဖို့ မျှော်လင့်ရပါတယ်။

ZAWGYI: ၂၀၁၇-၁၈ ရာသီမှာတန်းဆင်းသွားရပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် နောက်ရာသီ ချန်ပီယံရှစ်မှာ ဆန်းဒါးလန်းတို့ကစားရတော့မှာဖြစ်ပါတယ်။ ချန်ပီယံရှစ်ပရိုမိုးရှင်းရဖို့ ဝိုင်ကွမ်ဘီတို့နဲ့ ဝင်ဘလေကလိဂ်ဝမ်းပလေးအော့ဖ်ဖိုင်နယ်မှာ ဒေသခံကစားသမားအဲလိယော့အမ်ဘယ်လ်တန်နဲ့ ရို့စ်စတီးဝ့ါတ်တို့ရဲ့ဂိုးတွေက ဆန်းဒါးလန်းတို့အတွက် နိုင်ပွဲကိုရရှိစေခဲ့ပါတယ်။ ကြောင်နက်တို့က ပွဲစကတည်းကကြီးစိုးထားတာဖြစ်ပြီး အဲလိယော့ရဲ့ ၁၂ မိနစ်ဂိုးနဲ့ ဦးဆောင်မှုစတင်ရရှိခဲ့ပါတယ်။