အာဆင်နယ်ကတော့ နောက်ခံလူတွေနဲ့ ခေါင်းတိုက်ဂိုးတွေနဲ့ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ယူရိုပါလိဂ် ကစားရဖို့ ရှိနေပေမဲ့ အိမ်ရှင်ဝက်စ်ဟမ်းဟာ ဒီပွဲမှာတော့ အမာခံတွေကို ထည့်သွင်း အသုံးပြုခဲ့ပြီး ဘိုဝင်၊ ဖော်လန်စ်၊ လန်ဇီနီ၊ ဒီကလန်ရိုက်၊ နိုဘယ်၊ ဘရာဟင်၊ ဇူးမား၊ ခရက်ဝဲလ်တို့ရဲ့ စုဖွဲ့မှုနဲ့ အာဆင်နယ်ကို ရင်ဆိုင်ခဲ့ပါတယ်။ အာဆင်နယ်ကလည်း နကီတီယာ၊ မာတင်နယ်လီ၊ ဆာကာ၊ အိုဒီဂတ်တို့ တိုက်စစ်အတွဲကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အယ်လ်နီနီနဲ့ ဂျာကာအတွဲကို ခင်းကျင်းခဲ့ပါတယ်။

နောက်တန်းမှာတော့ တိုမီယာဆု ပွဲထွက်အဖြစ် ပြန်ကစားခဲ့သလို ဘန်ဝှိုက်မပါတဲ့နောက်တန်းမှာ ဟိုလ်ဒင်းက အစားထိုး ကစားခဲ့ပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်တာနဲ့အညီ အပြန်အလှန်ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းရဲ့ မာမာထန်ထန် တုံ့ပြန်ပုံကြောင့် ပွဲအစပိုင်းမှာ အာဆင်နယ်ရုန်းကန်ခဲ့ရပြီး ကစားကွက်ဖော်ဖို့ ခက်ခဲနေခဲ့ပါတယ်။ အာဆင်နယ်ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်း ချိတ်ဆက်မှု အားနည်းခဲ့ပြီး တစ်ကိုယ်တော်အစွမ်းတွေနဲ့သာ ဝက်စ်ဟမ်းခံစစ်ကို ထိုးဖောက်နေခဲ့ရပါတယ်။

ဝက်စ်ဟမ်းရဲ့ တိုက်စစ်ဆင်မှုတွေကလည်း အာဆင်နယ်နောက်တန်းကို ဒုက္ခပေးနိုင်ခဲ့ပြီး ဒီပွဲမှာ လူစားဝင်ကစားခွင့်ရခဲ့တဲ့ ဟိုလ်ဒင်းက နောက်တန်းမှာ အကော်ငးဆုံးခြေစွမ်းကို ပြသနေခဲ့တာပါ။ မိနစ် ၃၀ ဝန်းကျင်မှာတော့ အာဆင်နယ်တိုက်စစ် အချိတ်အဆက် မိလာခဲ့ကာ အခွင့်အရေးတွေ ရလာခဲ့ပါတယ်။ နကီတီယာရဲ့တစ်ကိုယ်တော်အစွမ်းနဲ ကန်သွင်းချက် ကောင်းမွန်ပေမဲ့ ဝက်စ်ဟမ်းဂိုးသမား ဖေဘီယန်းစကီး ကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၃၈ မိနစ်မှာတော့ အာဆင်နယ်ဂိုးရခဲ့ပြီး ထောင့်ကန်ဘော ဖြတ်တင်ပေးလိုက်တာကို နောက်ခံလူဟိုလ်ဒင်းက ခေါင်းတိုက် အဆုံးသတ်ခဲ့တာပါ။

အာဆင်နယ်ဟာ တစ်ဂိုးရဖို့ ခက်ခက်ခဲခဲ ထိုးဖောက်ရသလောက် ဂိုးမြန်ပေးလိုက်ရတာ လွယ်လွန်းခဲ့ပါတ်ယ။ ဝက်စ်ဟမ်းအတွက် ချေပဂိုးကို ၄၅ မိနစ်မှာ ဘိုဝင်က သွင်းယူခဲ့တာပါ။ ဒီပွဲမှာ အာဆင်နယ်ဘက်မှာတော့ တာဗာရက်စ်က စိတ်ပျက်စရာကောင်းလွန်းခဲ့ပြီး မာတင်နယ်လီနဲ့ ဘယ်လိုမှ တွဲမရခဲ့ပါဘူး။ သူ့ကြောင့် မာတင်နယ်လီပါ တိုင်ပတ်ခဲ့ပြီး တာဗာရက်စ်က ရှေ့တန်းလိုလို၊ နောက်တန်းလိုလို ဘယ်အပိုင်းမှာမှ အားကိုးမရခဲ့ပါဘူး။ ဒုတိယပိုင်း စစချင်းမှာတော့ ဝက်စ်ဟမ်းတို့က ပိုမိုဖိအားပေးကစားနိုင်ခဲ့ကာ အာဆင်နယ်ဘက်ကို ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၅၄ မိနစ်မှာတော့ အာဆင်နယ် ဒုတိယမြောက် ဦးဆောင်ဂိုးရခဲ့ပါတယ်။

ဆာကာရဲ့ ထောင့်ကန်ဘော လျှံထွက်လာမှုကို မာတင်နယ်လီက ဖြတ်တင်ပေးလိုက်ရာမှာတော့ ဂါဘရီရယ်က ခေါင်းတိုက်အဆုံးသတ်သွားခဲ့တာပါ။ ဦးဆောင်ဂိုးရရှိခဲံပြိးနောက် အာဆင်နယ်ဟာ သတိကြီးကြီးထားပြီး ပွဲကို ထိန်းချုပ်သွားခဲ့တာ တွေ့ရပါတယ်။ ဝက်စ်ဟမ်းရဲ့ တိုက်စစ်ဆင်မှုကို အာဆင်နယ်နောက်တန်းက တည်တည်ငြိမ်ငြိမ်ထိန်းချုပ်ခဲ့ပြီး ၇ ၁ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ နကီတီယာ လွတ်လွတ်ကျွတ်ကျွတ် အခွင်အ့ရေးရခဲ့ပြီးကန်ချက်ကောင်းခဲ့ပေမဲ့ ဂိုးတိုင်ဘေးကနေ ကပ်ထွတ်သွားခဲ့ပါတယ်။

ဝက်စ်ဟမ်းက အန်တိုနီယို၊ ဆိုချော့စ်တို့ကိုထည့်သွင်းပြီး တိုက်စစ်မြှင့်ဖို့ ကြိုးပမ်းသလို အာဆင်နယ်ကလည်း ကစားချိန် အကန့်အသတ် ရှိနေသေးတဲ့ တိုမီယာဆုအစား ဆယ်ဒရီကို ထည့်သွင်းခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ အာဆင်နယ်ကပဲပွဲကို အကောင်းဆုံးထိန်းချုပ်ပြီး အနိုင်ရရလဒ်ကိုထိန်းကာ အဝေးကွင်းမှာနိုင်ပွဲရယူခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲသာ ကျန်ရှိတော့တဲ့အချိန်မှာ စပါးကို နှစ်မှတ်ဖြတ်ပြီး အဆင့်လေးနေရာကို ဖမ်းဆုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

ZAWGYI: အာဆင်နယ်ကတော့ နောက်ခံလူတွေနဲ့ ခေါင်းတိုက်ဂိုးတွေနဲ့ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို အနိုင်ယူနိုင်ခဲ့ပါတယ်။ယူရိုပါလိဂ် ကစားရဖို့ ရှိနေပေမဲ့ အိမ်ရှင်ဝက်စ်ဟမ်းဟာ ဒီပွဲမှာတော့ အမာခံတွေကို ထည့်သွင်း အသုံးပြုခဲ့ပြီး ဘိုဝင်၊ ဖော်လန်စ်၊ လန်ဇီနီ၊ ဒီကလန်ရိုက်၊ နိုဘယ်၊ ဘရာဟင်၊ ဇူးမား၊ ခရက်ဝဲလ်တို့ရဲ့ စုဖွဲ့မှုနဲ့ အာဆင်နယ်ကို ရင်ဆိုင်ခဲ့ပါတယ်။ အာဆင်နယ်ကလည်း နကီတီယာ၊ မာတင်နယ်လီ၊ ဆာကာ၊ အိုဒီဂတ်တို့ တိုက်စစ်အတွဲကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အယ်လ်နီနီနဲ့ ဂျာကာအတွဲကို ခင်းကျင်းခဲ့ပါတယ်။