ဒီနွေရာသီမှာ ပီအက်စ်ဂျီနှင့် ပိုချက်တီနိုတို့ဟာ လမ်းခွဲကြတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကလည်းက လီဂူးဝမ်းချန်ပီယံဟာ နည်းပြပြောင်းလဲဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး နည်းပြအသစ်ကို မကြေညာမီ အာဂျင်တီးနားနိုင်ငံသားကို ထုတ်ပယ်ရမှာဖြစ်ပါတယ်။ နည်းပြသစ်ကို ခန့်အပ်ဖို့နှင့် နည်းပြဟောင်းကို ထုတ်ပယ်ဖို့အတွက် နှစ်ဦးနှစ်ဖက်စလုံးက ဆွေးနွေးမှုများ ပြုလုပ်နေကြပြီဖြစ်ပါတယလို့ GOAL က အတည်ပြုထားပါတယ်။

ပီအက်စ်ဂျီကတော့ ပိုချက်တီနိုတောင်းဆိုထားတဲ့ ယူရို ၁၅ သန်းကို လျော့ချနိုင်ဖို့ ကြိုးစားနေသလို အသက် ၅၀ အရွယ်နည်းပြကလည်း ကလပ်အနေနဲ့ သူ့ကို အဆိုပါ ပမာဏအထိ ပေးရမယ်လို့ တောင်းဆိုထားတာဖြစ်ပါတယ်။ ယူရို ၁၅ သန်းထဲမှ ယူရို ၃ သန်းကတော့ နည်းပြရဲ့ အဖွဲ့အဝင်တွေအတွက်ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ သူ့ရဲ့လက်ထောက်နည်းပြ ဂျီးဆပ်ပီရက်ဇ်၊ ဂိုးနည်းပြ တိုနီဂျီမီနက်ဇ်၊ မီဂွယ်ယ်ဒီအေဂိုတီနိုနှင့် သူ့ရဲ့သား၊ ကြံ့ခိုင်ရေးနည်းပြ ဆက်ဘက်စ်တီယန်တို့ ပါဝင်နေပါတယ်။

သူနဲ့ သူ့ရဲ့အဖွဲ့ဝင်တွေကို ပီအက်စ်ဂျီဘက်ကနေ ပေးချရမှာဖြစ်ပါတယ်လို့ ပိုချက်တီနိုက ပြောဆိုထားပါတယ်။ နှစ်ဦးအကြား ဆွေးနွေးမှုတွေက အဆင်ပြေနေသော်လည်း တူချယ်ရဲ့နေရာကို အစားထိုးဖို့ ခေါ်ယူခဲ့တုန်းက စာချုပ်အတိုင်းလုပ်ဖို့ ပိုချက်တီနိုက ပီအက်စ်ဂျီကို တောင်းဆိုထားတာဖြစ်ပါတယ်။ ဆက်လက်ဆွေးနွေးမှုများပြုလုပ်နေပြီး ပြင်သစ်ကလပ်ကတော့ အသင်းရဲ့နည်းပြသစ်ကို ဖြစ်နိုင်သလောက် မြန်မြန်လေး ကြေညာလိုနေတာကြောင့် ဆွေးနွေးမှုက အရမ်းကြီးမကြာလောက်ဘူးလို့တော့ထင်ရပါတယ်။

ပိုချက်တီနိုရဲ့နေရာကို ဆက်ခံဖို့အတွက် နာမည်တော်တော်များများက ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဇီဒန်းတော့ ဖြစ်နိုင်ချေအများဆုံးဖြစ်သော်လည်း ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းက ပီအက်စ်ဂျီနှင့် ဆက်သွယ်မှုမရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် ခရစ္စတိုဖီဂယ်လ်တီယာသာ ပီအက်စ်ဂျီမှာနည်းပြဖြစ်လာဖို့ အဖြစ်နိုင်ဆုံးဖြစ်နေတာပါ။ ပီအက်စ်ဂျီဟာ နည်းပြရာထူးအတွက် နိုက်စ်နှင့်ဆွေးနွေးနေတာဖြစ်ပြီး ဂယ်လ်တီယာနှင့်လည်း ပုဂ္ဂိုလ်ရေးအရ သဘောတူညီဖို့ နီးစပ်မှုရှိနေပြီလည်းဖြစ်ပါတယ်လို့ ဒီလအစောပိုင်းက GOAL က ဖော်ပြထားပါတယ်။

ZAWGYI: ဒီနွေရာသီမှာ ပီအက်စ်ဂျီနှင့် ပိုချက်တီနိုတို့ဟာ လမ်းခွဲကြတော့မှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်တွေကလည်းက လီဂူးဝမ်းချန်ပီယံဟာ နည်းပြပြောင်းလဲဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး နည်းပြအသစ်ကို မကြေညာမီ အာဂျင်တီးနားနိုင်ငံသားကို ထုတ်ပယ်ရမှာဖြစ်ပါတယ်။ နည်းပြသစ်ကို ခန့်အပ်ဖို့နှင့် နည်းပြဟောင်းကို ထုတ်ပယ်ဖို့အတွက် နှစ်ဦးနှစ်ဖက်စလုံးက ဆွေးနွေးမှုများ ပြုလုပ်နေကြပြီဖြစ်ပါတယလို့ GOAL က အတည်ပြုထားပါတယ်။