ချဲလ်ဆီးတို့ အသစ်ခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ကူလီဘလီဟာ အသင်းသစ်အတွက် တစ်ပွဲမှ ကစားထားပေးရခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကူလီဘလီရဲ့ လုပ်ရပ်တစ်ခုကြောင့် အသင်းပရိသတ်တွေကတော့ နောက်ခံလူ အသစ်အပေါ် ချစ်ခြင်းမေတ္တာတွေ ပိုခဲ့ကြပြီ ဖြစ်ပါတယ်။ အသက်(၃၁)နှစ် ရှိနေပြီ ဖြစ်တဲ့ နောက်ခံလူ ကူလီဘလီဟာ စီးရီးအေကလပ် နာပိုလီအသင်းထံကနေပြီးတော့ လက်ရှိ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ပြောင်းရွှေ့ကြေး ပေါင်(၃၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ကူလီဘလီအနေနဲ့ ချဲလ်ဆီးမှာ ဝတ်ဆင်မယ့် ကျောနံံပါတ်ကတော့ ကျောနံပါတ် (၂၆) ဖြစ်ပြီး၊ ဒီကျောနံပါတ်ဟာ ချဲလ်ဆီး ဂန္ဓဝင်ကြီး ဂျွန်တယ်ရီ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် တစ်ခုလည်းပဲ ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့် မလို ချဲလ်ဆီးအသင်းဘက်ကနေပြီးတော့ ကူလီဘလီရဲ့ ကျောနံပါတ်ကို မကြေညာခင်မှာ ကူလီဘလီက ဂျွန်တယ်ရီဆီကနေပြီးတော့ ကျောနံပါတ်(၂၆) အတွက် ခွင့်ပြုချက် အချို့ကို တောင်းခံခဲ့တာပဲ ဖြစ်ပါတယ်။

တယ်ရီဟာ ချဲလ်ဆီးအသင်း သမိုင်းမှာ အောင်မြင်မှု အရှိဆုံး အသင်းခေါင်းဆောင် တစ်ဖြစ်ခဲ့ပြီး အသင်းပရိသတ်တွေ ချစ်ကြတဲ့ ဂန္ဓဝင်နောက်ခံလူတစ်ယောက်လည်းပဲ ဖြစ်ပါတယ်။ တယ်ရီဟာ ချဲလ်ဆီးအသင်းအတွက် ကျောနံပါတ် (၂၆)ကို ဝတ်ဆင်ပြီးတော့ ပြိုင်ပွဲစုံ ပွဲပေါင်း (၇၁၇)ပွဲ အထိ ကစားခဲ့ကာ အဓိက ဆုဖလား (၁၅)လုံး အထိ ရရှိအောင် စွမ်းဆောင်ပြနိုင်ခဲ့တဲ့ အသင်းခေါင်းဆောင်တစ်ယောက်လည်းပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၁၅)ရက်နေ့က ကူလီဘလီဟာ ကားပေါ်မှာ ရှိနေတဲ့ အချိန်အတွင်း ချဲလ်ဆီးနဲ့ အင်္ဂလန်နောက်ခံလူဟောင်းဖြစ်တဲ့ တယ်ရီထံကို ဖုန်းခေါ်မှုတွေ ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုမှုမှာ ကူလီဘလီက ” ဂျွန်၊ ကျွန်တော် ခင်ဗျား ကို တစ်ခုလောက် တောင်းဆိုချင်ပါတယ်၊ နာပိုလီမှာ ကျွန်တော်က ကျောနံပါတ် (၂၆)ကို ဝတ်ဆင်ပြီးတော့ ကစားခဲ့တာကိုလည်း ခင်ဗျား လည်း သိမှာပါ၊

အခုချဲလ်ဆီးမှာ ကျောနံပါတ် (၂၆)က ခင်ဗျား အသင်းကနေ ထွက်ခွာ သွားပြီးကတည်းက ဘယ်သူကမှ ဝတ်ဆင်နေတာမျိုး မရှိတော့ဘူးလေ၊ ခင်ဗျားက အဲ့ကျောနံပါတ်ကို အနားပေးလိုက်လို့လား၊ ဒါမှမဟုတ် ဘယ်သူကမှ အဲ့ဒီကျောနံပါတ်ကို မဝတ်ချင်လို့လား၊ ကျွန်တော် သေချာတော့ မသိပါဘူး၊ ဒါပေမဲ့ ဖြစ်နိုင်မယ်ဆိုရင် အဲ့ဒီကျောနံပါတ်ကို ကျွန်တော်လိုချင်ပါတယ်၊ အဲ့ဒီအတွက် ကျွန်တော့်ကို ဝတ်ဆင်ခွင့်ပြုဖို့ ခင်ဗျားကို တောင်းဆိုချင်ပါတယ် ” လို့ ပြောကြား ကာ ကျောနံပါတ်(၂၆) ဝတ်ဆင်ခွင့်ကို တောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ်။

တယ်ရီကလည်း ချက်ချင်းဆိုသလို” နားထောင်၊ ကျောနံပါတ်(၂၆)ဆိုတာ ငါ့အတွက် တော်တော်လေး ထူးခြားတယ်ကွ၊ ငါ့ကို အခုလို ဖုန်းခေါ်တာကို ငါ တကယ်တန်ဖိုးထားပါတယ်၊ အဲ့ဒီကျောနံပါတ်ကို မင်းဝတ်ဆင်မယ်ဆိုလည်း ငါ့အတွက် ပြဿနာ မရှိပါဘူး၊ အဲ့ဒီ ကျောနံပါတ်က ငါ့အတွက် ဘယ်လောက်တောင် အရေးကြီးလဲဆိုတာ ငါပဲ သိတာမလို့၊ မင်းကိုလည်း အကောင်းဆုံးတွေ ဖြစ်ဖို့ ဆန္ဒပြုပါတယ်၊ ငါကျေနပ်ပါတယ်၊ ငါ့ရဲ့ ကျောနံပါတ် (၂၆)ကို မင်းကို ဝတ်ဆင်ခွင့် ပြုပါတယ် ” လို့ ပြန်လည် ဖြေကြား ပေးသွားခဲ့တာ ဖြစ်ပါတယ်။

တယ်ရီက ခွင့် ပြုပေးလိုက်တာကြောင့် ကူလီဘလီက တယ်ရီကို ကျေးဇူးတင်စကားပြောဆိုခဲ့ပြီး ကျောနံပါတ် (၂၆)ကို ဝတ်ဆင်ရမှာ သူ့အတွက် အလွန်ကြီးမားတဲ့ ဖိအားတွေ ရှိနေကြောင်း တယ်ရီကို ထပ်မံ ပြောကြားခဲ့ပါသေးတယ်။ ဒါပေမဲ့ တယ်ရီကတော့ ကျောနံပါတ် (၂၆) ကြောင့် ဖိအားတွေ မဝင်စေပဲချဲလ်ဆီးအတွက် ဆုဖလားတွေ ရရှိအောင် ကူညီပေးဖို့ ကူလီဘလီကို ပြောဆိုပေးသွားခဲ့ပါတယ်။

ZAWGYI: ချဲလ်ဆီးတို့ အသစ်ခေါ်ယူထားခဲ့တဲ့ နောက်ခံလူ ကူလီဘလီဟာ အသင်းသစ်အတွက် တစ်ပွဲမှ ကစားထားပေးရခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ ကူလီဘလီရဲ့ လုပ်ရပ်တစ်ခုကြောင့် အသင်းပရိသတ်တွေကတော့ နောက်ခံလူ အသစ်အပေါ် ချစ်ခြင်းမေတ္တာတွေ ပိုခဲ့ကြပြီ ဖြစ်ပါတယ်။ အသက်(၃၁)နှစ် ရှိနေပြီ ဖြစ်တဲ့ နောက်ခံလူ ကူလီဘလီဟာ စီးရီးအေကလပ် နာပိုလီအသင်းထံကနေပြီးတော့ လက်ရှိ နွေရာသီအပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ပြောင်းရွှေ့ကြေး ပေါင်(၃၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။