လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ အန်ဒီရော်ဘတ်ဆန်ဟာ အသင်းရဲ့ တိုက်စစ်မှူးသစ် ဒါဝင်နူနက်အပေါ်မှာ ပရိသတ်တွေအနေနဲ့ စိတ်ရှည်ပေးကြဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ဒါဝင်ဟာ ဘင်ဖီကာအသင်းထံကနေပြီးတော့ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ပြီးခဲ့တဲ့လတုန်းကမှ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုခံခဲ့ရပေမဲ့ ဒါဝင်ကတော့ လီဗာပူးလ်ကိုသာ ရွေးချယ်ခဲ့တာပါ။

ကလော့အနေနဲ့ မာနေးတစ်ယောက် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့အပေါ်မှာ ဒါဝင်နဲ့ အစားထိုးဖို့ လျင်လျင်မြန်မြန်ပဲ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဝင်ဟာ လက်ရှိ လီဗာပူးလ်အသင်းရဲ့ ရာသီကြိုခရီးစဥ်မှာ လိုက်ပါလာခဲ့ပြီးတော့ ထိုင်းမှာ ကစားခဲ့တဲ့ မန်ယူနိုက်တက်နဲ့ ပွဲစဥ်မှာလည်း ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်တို့ဟာ မန်ယူနိုက်တက်ကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ညက ကစားခဲ့တဲ့ ပဲလေ့နဲ့ ပွဲစဥ်မှာလည်း ဒါဝင်တယောက်ပါဝင်ကစားသွားခဲ့ပါသေးတယ်။ အသက်၂၃ နှစ်ရှိနေပြီဖြစ်တဲ့ ဒါဝင်ဟာ အဆိုပါ ပွဲစဥ်နှစ်ပွဲလုံးမှာ အပိုင်အခွင့်အရေးတချို့ ရခဲ့ပေမဲ့ ဆိုးဆိုးရွားရွားလွဲချော်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘင်ဖီကာမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၃၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမဲ့ လီဗာပူးလ်နဲ့ ခြေစမ်းပွဲစဥ်တွေမှာတော့ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရတာလည်းပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဝင်ရဲ့ အသင်းဖော်သစ် ဖြစ်လာတဲ့ ဘယ်နောက်ခံလူ အန်ဒီရော်ဘတ်ဆန်ကတော့ လီဗာပူးလ်မှာ အထိုင်ကျလာဖို့အတွက် ပရိသတ်တွေ အနေနဲ့ ဒါဝင်အပေါ် စိတ်ရှည်ပေးကြဖို့ကို တိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။ ရောဘြတဆြနကြ ” သူကအရပျအမောငျး ကောငျးတယျ၊ သူက အခုမှ ရောကျလာတယျ၊ ကွှနတြောတြို့လညြး ပွနျရောကျလာတာ မကွာသေးပါဘူး၊ ဒါပမေဲ့ ကွှနတြောတြို့ သူ့ကို အသငျးမှာ အထိုငျကဖြို့ အခြိနျပေးဖို့တော့ လိုပါတယျ၊ သူက လေ့ကငွြ့ခနြးအစီအစဥတြှမှောဆို ကောငျးပါတယျ၊”

“ကျွန်တော်တို့အသင်းမှာ ရှိနေကြတဲ့ လူတိုင်းက သူ့ကို အများကြီး ကူညီပေးနေကြတာပါ၊ သူနဲ့ကျွန်တော်တောင် စကားတွေ အများကြီး သိပ်မပြောရသေးပါဘူး၊ တယောက်နဲ့တယောက် တွေ့ရင် ပြုံးပြရုံလောက်အဆင့်ပဲ ရှိပါသေးတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ရင်းနှီးလာကြမှာပါ၊ သူက ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ၊ ကျွန်တော် သူနဲ့ ရင်ဆိုင်ကစားခဲ့ရဖူးပါတယ်၊ သူနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နဗစ်ပွဲလုံးမှာ ကျွန်တော်တို့ကို တော်တော်လေး ခက်ခဲအောင် သူလုပ်နိုင်ခဲ့ပါတယ်၊ ”

“သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြန်ရလာမယ်ဆိုရင် ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါလိမ့်မယ် ” လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ရော်ဘတ်ဆန်က ပြီးခဲ့တဲ့ရာသီက ဆုဖလား ၄ လုံး ရရှိမယ့် အခွင့်အရေးကနေ ကပ်လွဲချော်ခဲ့ရပြီးတဲ့နောက် လာမယ့်ရာသီအတွက် လီဗာပူးလ်ရဲ့ ရည်မှန်းချက်တွေကိုလည်း အခုလိုပဲ ထုတ်ဖော်ပြောကြားသွားခဲ့ပါသေးတယ်။

ရော်ဘတ်ဆန်က ” ဒီအသင်းအတွက် ကစားရတဲ့အခါ ခင်ဗျားမှာ မျှော်လင့်ချက်တွေ အများကြီး ရှိထားဖို့လိုပါတယ်၊ ဒါက ကျွန်တော်တို့ ရင်ဆိုင်ရမယ့် အရာပါပဲ၊ ဖလားတွေ ကိုင်မြှောက်ရတဲ့ ခံစားချက်က တကယ်ကောင်းပါတယ်၊ ပြီးခဲ့တဲ့ရာသီက ကျွန်တော် ဖလား နှစ်လုံးရခဲ့ပါတယ်၊ ဒါ့ကြောက့်မလို့ ပြီးခဲ့တဲ့ရာသီတုန်းကညကျွန်တော်တို့မှာ ကောင်းမွန်တဲ့နေ့ရက်တွေ ရှိခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ ရော်ဘတ်ဆန်က ပြောကြားသွားခဲ့ပါတယ်။

ZAWGYI: လီဗာပူးလ်အသင်းရဲ့ ဘယ်နောက်ခံလူ အန်ဒီရော်ဘတ်ဆန်ဟာ အသင်းရဲ့ တိုက်စစ်မှူးသစ် ဒါဝင်နူနက်အပေါ်မှာ ပရိသတ်တွေအနေနဲ့ စိတ်ရှည်ပေးကြဖို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ဒါဝင်ဟာ ဘင်ဖီကာအသင်းထံကနေပြီးတော့ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ပြီးခဲ့တဲ့လတုန်းကမှ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့လာခဲ့တာပဲ ဖြစ်ပါတယ်။ ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကိုခံခဲ့ရပေမဲ့ ဒါဝင်ကတော့ လီဗာပူးလ်ကိုသာ ရွေးချယ်ခဲ့တာပါ။

ကလော့အနေနဲ့ မာနေးတစ်ယောက် ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့အပေါ်မှာ ဒါဝင်နဲ့ အစားထိုးဖို့ လျင်လျင်မြန်မြန်ပဲ ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဝင်ဟာ လက်ရှိ လီဗာပူးလ်အသင်းရဲ့ ရာသီကြိုခရီးစဥ်မှာ လိုက်ပါလာခဲ့ပြီးတော့ ထိုင်းမှာ ကစားခဲ့တဲ့ မန်ယူနိုက်တက်နဲ့ ပွဲစဥ်မှာလည်း ပါဝင်ကစားခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်တို့ဟာ မန်ယူနိုက်တက်ကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ညက ကစားခဲ့တဲ့ ပဲလေ့နဲ့ ပွဲစဥ်မှာလည်း ဒါဝင်တယောက်ပါဝင်ကစားသွားခဲ့ပါသေးတယ်။ အသက်၂၃ နှစ်ရှိနေပြီဖြစ်တဲ့ ဒါဝင်ဟာ အဆိုပါ ပွဲစဥ်နှစ်ပွဲလုံးမှာ အပိုင်အခွင့်အရေးတချို့ ရခဲ့ပေမဲ့ ဆိုးဆိုးရွားရွားလွဲချော်ခဲ့တာကြောင့် ဝေဖန်ခံနေရတဲ့ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘင်ဖီကာမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၃၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမဲ့ လီဗာပူးလ်နဲ့ ခြေစမ်းပွဲစဥ်တွေမှာတော့ သွင်းဂိုးတွေ ရရှိဖို့ ရုန်းကန်နေရတာလည်းပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဝင်ရဲ့ အသင်းဖော်သစ် ဖြစ်လာတဲ့ ဘယ်နောက်ခံလူ အန်ဒီရော်ဘတ်ဆန်ကတော့ လီဗာပူးလ်မှာ အထိုင်ကျလာဖို့အတွက် ပရိသတ်တွေ အနေနဲ့ ဒါဝင်အပေါ် စိတ်ရှည်ပေးကြဖို့ကို တိုက်တွန်းတောင်းဆိုသွားခဲ့ပါတယ်။ ရောဘြတဆြနကြ သူကအရပျအမောငျး ကောငျးတယျ၊ သူက အခုမှ ရောကျလာတယျ၊ ကွှနတြောတြို့လညြး ပွနျရောကျလာတာ မကွာသေးပါဘူး၊ ဒါပမေဲ့ ကွှနတြောတြို့ သူ့ကို အသငျးမှာ အထိုငျကဖြို့ အခြိနျပေးဖို့တော့ လိုပါတယျ၊ သူက လေ့ကငွြ့ခနြးအစီအစဥတြှမှောဆို ကောငျးပါတယျ၊

ကျွန်တော်တို့အသင်းမှာ ရှိနေကြတဲ့ လူတိုင်းက သူ့ကို အများကြီး ကူညီပေးနေကြတာပါ၊ သူနဲ့ကျွန်တော်တောင် စကားတွေ အများကြီး သိပ်မပြောရသေးပါဘူး၊ တယောက်နဲ့တယောက် တွေ့ရင် ပြုံးပြရုံလောက်အဆင့်ပဲ ရှိပါသေးတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ရင်းနှီးလာကြမှာပါ၊ သူက ထူးခြားတဲ့ ကစားသမားတစ်ယောက်ပါ၊ ကျွန်တော် သူနဲ့ ရင်ဆိုင်ကစားခဲ့ရဖူးပါတယ်၊ သူနဲ့ ရင်ဆိုင်ခဲ့ရတဲ့ နဗစ်ပွဲလုံးမှာ ကျွန်တော်တို့ကို တော်တော်လေး ခက်ခဲအောင် သူလုပ်နိုင်ခဲ့ပါတယ်၊

သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေ ပြန်ရလာမယ်ဆိုရင် ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာပါလိမ့်မယ် လို့ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် ရော်ဘတ်ဆန်က ပြီးခဲ့တဲ့ရာသီက ဆုဖလား ၄ လုံး ရရှိမယ့် အခွင့်အရေးကနေ ကပ်လွဲချော်ခဲ့ရပြီးတဲ့နောက် လာမယ့်ရာသီအတွက် လီဗာပူးလ်ရဲ့ ရည်မှန်းချက်တွေကိုလည်း အခုလိုပဲ ထုတ်ဖော်ပြောကြားသွားခဲ့ပါသေးတယ်။

ရော်ဘတ်ဆန်က ဒီအသင်းအတွက် ကစားရတဲ့အခါ ခင်ဗျားမှာ မျှော်လင့်ချက်တွေ အများကြီး ရှိထားဖို့လိုပါတယ်၊ ဒါက ကျွန်တော်တို့ ရင်ဆိုင်ရမယ့် အရာပါပဲ၊ ဖလားတွေ ကိုင်မြှောက်ရတဲ့ ခံစားချက်က တကယ်ကောင်းပါတယ်၊ ပြီးခဲ့တဲ့ရာသီက ကျွန်တော် ဖလား နှစ်လုံးရခဲ့ပါတယ်၊ ဒါ့ကြောက့်မလို့ ပြီးခဲ့တဲ့ရာသီတုန်းကညကျွန်တော်တို့မှာ ကောင်းမွန်တဲ့နေ့ရက်တွေ ရှိခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ် လို့ ရော်ဘတ်ဆန်က ပြောကြားသွားခဲ့ပါတယ်။