လီဗာပူးလ် ပရိသတ်တွေကတော့ အသင်းရဲ့ တိုက်စစ်မှူးသစ် နူနက်ရဲ့ ထရိန်နင်က အဆုံးသတ် စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ဒါကြီးက ပေါင်သန်း (၁၀၀)တန် ကစားသမားကြီးလားဆိုပြီးတော့တောင် ညဉ်းတွားနေခဲ့ကြပါပြီ။ ဥရုဂွေးသားလေးဟာ ပြီးခဲ့တဲ့ လကမှဘင်ဖီကာ အသင်းထံကနေပြီးတော့ လီဗာပူးလ်အသင်းထံကိုပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် အသင်းဖော်တွေနဲ့ ရာသီကြို လေ့ကျင့်ခန်းတွေမှာ ပူးပေါင်း ပါဝင်လျက် ရှိနေပြီပဲ ဖြစ်ပါတယ်။

လီဗာပူးလ်တို့ဟာ အပိုဆုကြေးတွေ အပါအဝင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၅)သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး၊ လာမယ့်ရာသီ လီဗာပူးလ် တိုက်စစ်ကို ဦးဆောင်လာမယ့် သူတစ်ယောက်အဖြစ် ပရိသတ်တွေက မျှော်လင့်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေဟာ ရာသီကြို ခြေစမ်းခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အချိန် ထရိန်နင်ပြုလုပ်နေတဲ့ နူနက်ရဲ့ ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ အနည်းငယ်တော့ စိတ်ပျက်စရာ ကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဆိုရှယ် မီဒီယာပေါ် ပြန့်နှံ့လာတဲ့ ထိုင်းနိုင်ငံရောက် လီဗာပူးလ် ကစားသမားတွေရဲ့ ထရိနင်ဆင်းနေတဲ့ ဗီဒီယိုဖိုင်ထဲမှာ နူနက်ရဲ့ ဂိုးသွင်းစွမ်းရည်က ရပ်ကွက်ပွဲက တိုက်စစ်မှူးထက်တောင် ဆိုးရွားနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ တဖက်က ဖြတ်တင်ပေးလာတဲ့ ဘောလုံးကို ဂိုးရှေ့မှာ တစ်ဦးတည်းနေပြီး ဂိုးအဖြစ် အဆုံးသတ်ရတဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ နူနက်ရဲ့ ကန်ချက်တွေက မိုးပေါ်ကိုပဲ ထောင်တက်နေခဲ့တာကိုတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

လီဗာပူးလ် ပရိသတ်တွေ အနေနဲ့ အဆိုပါ ဗီဒီယိုဖိုင်ကို မြင်တွေ့လာခဲ့ရပြီးတဲ့နောက်မှာ နူနက်ကို ခေါ်ယူမိတာ မှားပြီလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဝင်လာခဲ့ကြပြီး ဆိုရှယ် မီဒီယာထက်မှာ မှတ်ချက်ပေး ဝေဖန်မှုတွေ များစွာ ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးလ် ပရိသတ်တစ်ဦးကဆိုရင် ” သူ့ကို ကွင်းထဲမှာ မြင်ရဖို့ တကယ် မစောင့်နိုင်တော့ပါဘူး၊ သန်း(၈၀)အတွက် ကျေးဇူးတင်ပါတယ် ” လို့ ရွဲ့ပြီးတော့ မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း ” မာနေးထက်ပိုကောင်းတာကို မခေါ်လိုက်နိုင်ဘူးဆိုတာကို ငါတို့တွေ နားလည်လာခဲ့ပါပြီ ” လို့ ဝေဖန်ခဲ့သလို နောက်တစ်ဦးကလည်း ” ဘင်ဖီကာက ငါတို့ကို အမှန်တကယ် ဂျင်းထည့်ခဲ့တာပဲ ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။ နောက်တစ်ဦးကလည်း ” ငါတို့ အဆုံးသတ်သွားပြီ ” လို့ စိတ်ပျက်လက်ပျက် မှတ်ချက်ပေးသွားခဲ့ပါတယ်။ နူနက်ဟာ လီဗာပူးလျနဲ့ဲ သတင်းထွက်ခဲ့စဉ်ကလည်း ဆိုးရွားလှတဲ့ ဘောလုံး အထိန်းအသိမ်း ဗီဒီယိုဖိုင်တွေနဲ့ အတူ လှောင်ပြောင်မှုတွေကို ခံခဲ့ရသေးတာ ဖြစ်ပါတယ်။

နူနက်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး (၃၄)ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး အဆိုပါ (၃၄)ဂိုးထဲမှာ ချန်ပီယံလိဂ် သွင်းဂိုး (၆)ဂိုး အထိ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာလည်း နူနက်ဟာ လီဗာပူးလ်ဘက်ကို နှစ်ကျော့လုံးမှာ ဂိုးတွေ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး၊ ကလော့ရဲ့ စိတ်ဝင်စားခြင်းကို ခံလာခဲ့ရတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့တာပါ။ နူနက်တယောက် ထရိန်နင်မှာ တလွဲတွေ လုပ်ပြနေခဲ့ပေမဲ့ ဒီနေ့ည (၇)နာရီ ခွဲ အချိန်မှာ ကစားမယ့် မန်ယူနိုက်တက်နဲ့ ခြေစမ်းပွဲစဉ်မှာတော့ ဘာတွေလုပ်ပြသွားမလဲဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

ZAWGYI: လီဗာပူးလ် ပရိသတ်တွေကတော့ အသင်းရဲ့ တိုက်စစ်မှူးသစ် နူနက်ရဲ့ ထရိန်နင်က အဆုံးသတ် စွမ်းဆောင်ရည်တွေကို မြင်တွေ့ခဲ့ရပြီးတဲ့နောက် ဒါကြီးက ပေါင်သန်း (၁၀၀)တန် ကစားသမားကြီးလားဆိုပြီးတော့တောင် ညဉ်းတွားနေခဲ့ကြပါပြီ။ ဥရုဂွေးသားလေးဟာ ပြီးခဲ့တဲ့ လကမှဘင်ဖီကာ အသင်းထံကနေပြီးတော့ လီဗာပူးလ်အသင်းထံကိုပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက် အသင်းဖော်တွေနဲ့ ရာသီကြို လေ့ကျင့်ခန်းတွေမှာ ပူးပေါင်း ပါဝင်လျက် ရှိနေပြီပဲ ဖြစ်ပါတယ်။

လီဗာပူးလ်တို့ဟာ အပိုဆုကြေးတွေ အပါအဝင် ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၈၅)သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး၊ လာမယ့်ရာသီ လီဗာပူးလ် တိုက်စစ်ကို ဦးဆောင်လာမယ့် သူတစ်ယောက်အဖြစ် ပရိသတ်တွေက မျှော်လင့်ထားခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပရိသတ်တွေရဲ့ မျှော်လင့်ချက်တွေဟာ ရာသီကြို ခြေစမ်းခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ အချိန် ထရိန်နင်ပြုလုပ်နေတဲ့ နူနက်ရဲ့ ဗီဒီယိုဖိုင်ကို မြင်တွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ အနည်းငယ်တော့ စိတ်ပျက်စရာ ကောင်းခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ဆိုရှယ် မီဒီယာပေါ် ပြန့်နှံ့လာတဲ့ ထိုင်းနိုင်ငံရောက် လီဗာပူးလ် ကစားသမားတွေရဲ့ ထရိနင်ဆင်းနေတဲ့ ဗီဒီယိုဖိုင်ထဲမှာ နူနက်ရဲ့ ဂိုးသွင်းစွမ်းရည်က ရပ်ကွက်ပွဲက တိုက်စစ်မှူးထက်တောင် ဆိုးရွားနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ တဖက်က ဖြတ်တင်ပေးလာတဲ့ ဘောလုံးကို ဂိုးရှေ့မှာ တစ်ဦးတည်းနေပြီး ဂိုးအဖြစ် အဆုံးသတ်ရတဲ့ လေ့ကျင့်ခန်း အစီအစဉ်မှာ နူနက်ရဲ့ ကန်ချက်တွေက မိုးပေါ်ကိုပဲ ထောင်တက်နေခဲ့တာကိုတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

လီဗာပူးလ် ပရိသတ်တွေ အနေနဲ့ အဆိုပါ ဗီဒီယိုဖိုင်ကို မြင်တွေ့လာခဲ့ရပြီးတဲ့နောက်မှာ နူနက်ကို ခေါ်ယူမိတာ မှားပြီလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ဝင်လာခဲ့ကြပြီး ဆိုရှယ် မီဒီယာထက်မှာ မှတ်ချက်ပေး ဝေဖန်မှုတွေ များစွာ ထွက်ပေါ်လာခဲ့ပါတယ်။ လီဗာပူးလ် ပရိသတ်တစ်ဦးကဆိုရင် သူ့ကို ကွင်းထဲမှာ မြင်ရဖို့ တကယ် မစောင့်နိုင်တော့ပါဘူး၊ သန်း(၈၀)အတွက် ကျေးဇူးတင်ပါတယ် လို့ ရွဲ့ပြီးတော့ မှတ်ချက်ပေးသွားခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း မာနေးထက်ပိုကောင်းတာကို မခေါ်လိုက်နိုင်ဘူးဆိုတာကို ငါတို့တွေ နားလည်လာခဲ့ပါပြီ လို့ ဝေဖန်ခဲ့သလို နောက်တစ်ဦးကလည်း ဘင်ဖီကာက ငါတို့ကို အမှန်တကယ် ဂျင်းထည့်ခဲ့တာပဲ လို့ မှတ်ချက်ပြုခဲ့ပါတယ်။ နောက်တစ်ဦးကလည်း ငါတို့ အဆုံးသတ်သွားပြီ လို့ စိတ်ပျက်လက်ပျက် မှတ်ချက်ပေးသွားခဲ့ပါတယ်။ နူနက်ဟာ လီဗာပူးလျနဲ့ဲ သတင်းထွက်ခဲ့စဉ်ကလည်း ဆိုးရွားလှတဲ့ ဘောလုံး အထိန်းအသိမ်း ဗီဒီယိုဖိုင်တွေနဲ့ အတူ လှောင်ပြောင်မှုတွေကို ခံခဲ့ရသေးတာ ဖြစ်ပါတယ်။