အပြောင်းအရွှေ့ ကိစ္စရပ်တွေအပြင် ယူကေအစိုးရ၏ ပိတ်ဆို့မှုတွေရဲ့ နောက်ဆက်တွဲ ပြသနာတွေကို ဖြေရှင်းနေရတဲ့ ချဲလ်ဆီးအသင်းဟာ အသင်းကို ရောက်ရှိဖို့ သေချာနေတဲ့ ကစားသမားတွေကို အချိန်ဆွဲနေပြီး ပြိုင်ဆိုင်မှုတွေရှိနေတဲ့ ကစားသမားတွေကိုသာ အလေးပေး ပစ်မှတ်ထားနေခဲ့ပါတယ်။ အသင်းကို ရောက်ရှိဖို့ သေချာနေတဲ့ ကွန်ဒေးကိုလည်း ခေါ်ယူဖို့ အချိန်ဆွဲနေပေမယ့် PSG နဲ့ပြိုင်ဆိုင်နေရတဲ့ ဒမ်ဘီလီအတွက်ကိုတော့ ချဲလ်ဆီးက တရားဝင်လှုပ်ရှားနေပါတယ်။

Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရချဲလ်ဆီးအသင်းဟာ အင်တာမီလန်နောက်ခံလူ မီလန်ရှက်ခရီနီယာကို ခေါ်ယူဖို့ ရူဘင်လော့တပ်ချိဖ့်ကိုအပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအဖြစ် အလိုက်ပေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ချဲလ်ဆီးဘက်က လူကာကူနဲ့ ရှက်ခရီနီယာ အလဲအထပ်ပြုလုပ်ဖို့ အလိုရှိနေပေမယ့် အင်တာမီလန်ဘက်က ငြင်းပယ်ထားပါတယ်။ ဒါ့ကြောင့် ချဲလ်ဆီးဘက်က ရှက်ခရီနီယာအတွက် ငွေသားအ​ပြင်လော့တပ်ချိဖ့်နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

အင်တာမီလန်အသင်းဟာ တိုက်စစ်မှုး လူကာကူကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေစတင်နေပြီး အင်တာက လူကာကူကို အငှား နှစ်ရာသီ ခေါ်ယူပြီးမှသာ အပြီးအသတ်ဝယ်ယူမှာဖြစ်ကြောင်း နောက်ဆုံး သတင်းတွေအရ သိရပါတယ်။ ချဲလ်ဆီးအသင်းက အလိုရှိနေတဲ့ အင်တာ ခံစစ်ကစားသမားဟာ PSGအသင်းရဲ့ ပစ်မှတ်ဖြစ်နေတာကြောင့် အင်တာအသင်းက အလိုက်ပေးမှာမဟုတ်သလို သင့်တော်တဲ့ ပြောင်းရွှေ့ကြေးရရင်ရောင်းချဖို့ရှိနေပါတယ်။ လက်ရှိမှာတော့ ရှက်ခရီနီယာဟာ အသက် 27 နှစ်အရွယ်သာရှိနေပါသေးတယ်။

တစ်ဖက်မှာလည်း အီတလီ စီးရီးအေလပ် ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူ ဒီလစ်ဟာ ချဲလ်ဆီးအသင်းကို လာရောက်ကစားချင်နေတယ်လို့သိရပြီး ချဲလ်ဆီးအသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်းသိရပါတယ်။ အသက် ၂၂နှစ်သာရှိသေးတဲ့ နယ်သာလန် ကြယ်ပွင့် နောက်ခံလူဟာ ဂျူဗင်တပ် အသင်းနဲ့ ၂၀၂၄အထိ စာချုပ်သက်တမ်းကျန်ရှိနေပါသေးတယ်။ ချဲလ်ဆီးအသင်းကတော့ ရူဒီဂါရဲ့နေရာမှာ အစားထိုးဖို့ ကစားသမားအများစုကို စောင့်ကြည့်ကာ ပစ်မှတ်ထားနေပါတယ်။

၂၀၁၉ ခုနှစ်က အေဂျက်အသင်းကနေ ဂျူဗင်အသင်းကို ပြောင်းရွှေ့လာတဲ့ လူငယ် ကစားသမားဟာ လက်ရှိမှာတော့ ဥရောပအသင်းကြီးတွေ စိတ်ဝင်တစားရှိနေတဲ့ ခံစစ် ကစားသမားဖြစ်နေခဲ့ပါပြီ။ လက်ရှိချဲလ်ဆီးအသင်းမှာ ခံစစ်ကစားသမားတွေ အများစုရှိနေသော်လည်း လာမယ့်ရာသီအတွက် ကစားသမားအင်အားလိုအပ်နေခဲ့ပါတယ်။ အဓိက နောက်ခံလူ ရူဒီဂါ၊ ခရစ္စတန်ဆန်တို့ဟာ အသင်းကနေ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ည်းပြတူချယ်ဟာ ခံစစ် ကစားသမားတွေ ခေါ်ယူဖို့လိုအပ်နေခဲ့ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမားတွေထဲမှာတော့ ဖိုဖာနာ ၊ ပေါလ်တောရက်စ် ၊ ကွန်ဒေး နဲ့ ဒီလစ်တို့ပါဝင်နေတာဖြစ်ပါတယ် ။ ချဲလ်ဆီးအသင်းပိုင်ရှင်အသစ် တော့ဒ်ဘိုလေကလည်း နည်းပြတူချယ်အတွက် ပေါင် သန်း 200 အထက်အထိ အသုံးပြုခွင့်ပေးမှာ နာမည်ကြီး ကစားသမားတွေထဲက အချို့ဟာ ချဲလ်ဆီးအသင်းကို ရောက်ရှိလာနိုင်ပါတယ်။

ZAWGYI: အပြောင်းအရွှေ့ ကိစ္စရပ်တွေအပြင် ယူကေအစိုးရ၏ ပိတ်ဆို့မှုတွေရဲ့ နောက်ဆက်တွဲ ပြသနာတွေကို ဖြေရှင်းနေရတဲ့ ချဲလ်ဆီးအသင်းဟာ အသင်းကို ရောက်ရှိဖို့ သေချာနေတဲ့ ကစားသမားတွေကို အချိန်ဆွဲနေပြီး ပြိုင်ဆိုင်မှုတွေရှိနေတဲ့ ကစားသမားတွေကိုသာ အလေးပေး ပစ်မှတ်ထားနေခဲ့ပါတယ်။ အသင်းကို ရောက်ရှိဖို့ သေချာနေတဲ့ ကွန်ဒေးကိုလည်း ခေါ်ယူဖို့ အချိန်ဆွဲနေပေမယ့် PSG နဲ့ပြိုင်ဆိုင်နေရတဲ့ ဒမ်ဘီလီအတွက်ကိုတော့ ချဲလ်ဆီးက တရားဝင်လှုပ်ရှားနေပါတယ်။