မန်ချက်စတာယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့် မက်ဆီ အိုယီဒယ်လီကို အသင်းနဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်လူငယ်အကယ်ဒမီရဲ့ ပါရမီအကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်တာကြောင့် အခုလို ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုပြီး အသင်းမှာထိန်းထားလိုက်တာ ဖြစ်ပါတယ်။
အိုယီဒယ်လီဟာ မကြာသေးမီကမှ ရရှိခဲ့တဲ့ FA Youth Cup ချန်ပီယံ ယူနိုက်တက်လူငယ်အသင်းရဲ့ အဓိကကစားသမား တစ်ယောက်လည်းဖြစ်ပါတယ်။ နော့တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်မှာလည်း ၂၆ မိနစ်ခန့် ဝင်ကစားခွင့် ရရှိခဲ့ပြီး ပွဲချိန်နှောင်းပိုင်းမှာ အပိုင်အခွင့်အရေး ၂ ကြိမ်ခန့် ဖန်တီးပေးနိုင်ခဲ့ပါတယ်။

တစ်ရာသီလုံးမှာလည်း အကယ်ဒမီအသင်းအတွက်ကို ခြေစွမ်းပြကစားခဲ့ပြီး ပိုလန်ယူ ၁၈ အသင်းမှာလည်း ရွေးချယ်ခံခဲ့ရတာကြောင့် နိုင်ငံအသင်း ပွဲဦးထွက်ကိုလည်း ကစားခွင့်ရရှိထားပါတယ်။ လူငယ်ကြယ်ပွင့်လေးဟာ နိုက်ဂျီးရီးယားနဲ့ အင်္ဂလန်လက်ရွေးစင်အဆင့်တွေမှာလည်း ကစားခွင့်ရှိနေပါသေးတယ်။
အိုယီဒယ်လီက အသင်းနဲ့ စာချုပ်သစ်ကို အတည်ပြုပြီးနောက်မှာ ယူနိုက်တက်မှာ နောက်ထပ်အရေးပါတဲ့ ရာသီတစ်ခုကို ဖြတ်သန်းတော့မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အိုယီဒယ်လီက သူ့ရဲ့ အင်စတာဂရမ်ပို့စ်မှာ လက်မှတ်ထိုးနေတဲ့ ပုံနဲ့အတူ “ မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံး ပရိုစာချုပ်ချုပ်ခွင့်ရတဲ့အတွက် အရမ်းပျော်တယ်။ ဆက်ပြီး အလုပ်ကြိုးစားရာတော့မှာပေါ့ဆိုပြီး ရေးသားခဲ့ပါတယ်။
ယူနိုက်တက်ဟာ Youth Cup ချန်ပီယံအသင်းက လူငယ်ကစားသမားလေးတွေကို ပရော်ဖက်ရှင်နယ်စာချုပ်တွေ ဆက်တိုက်ချုပ်ဆိုနေတာဖြစ်ပြီး အိုယီဒယ်လီကလည်း တိုင်လာဖရက်ဒရစ်ဆန်နဲ့ ကိုဘီမိုင်နိုးတို့ရဲ့နောက် တတိယမြောက် ပရိုစာချုပ်ချုပ်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။
ZAWGYI: မန်ချက်စတာယူနိုက်တက်ဟာ လူငယ်ကြယ်ပွင့် မက်ဆီ အိုယီဒယ်လီကို အသင်းနဲ့ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ ၁၇ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်လူငယ်အကယ်ဒမီရဲ့ ပါရမီအကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်တာကြောင့် အခုလို ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုပြီး အသင်းမှာထိန်းထားလိုက်တာ ဖြစ်ပါတယ်။