ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ နိုင်ပွဲရှာဖွေဖို့ နီးစပ်ခဲ့ပြီးမှာ နောက်ကျဂိုးကြောင့် နစ်နာခဲ့ရပါတယ်။ ချဲလ်ဆီးအနေနဲ့ ဒီပွဲမှာ သူတို့အားသာတဲ့ ၃-၄-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်ပိုင်းမှာ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ တိုက်စစ်မှာ ဝါနာ၊ လူကာကူ၊ ပူလီဆစ်တို့ကို တွဲပေးခဲ့ကာ ကွင်းလယ်မှာ ကိုဗာဆစ်၊ လော့တပ်ချပ်စ်တို့ကို ခင်းကျင်းခဲ့ပါတယ်။ အလွန်ဆိုနဲ့ ရီစီဂျိမ်းစ်တို့ကို Full Back တွေအဖြစ် အသုံးပြုခဲ့ပြီး နောက်တန်းမှာတော့ ရူဒီဂါ၊ ဆေးလ်ဗားနဲ့ အက်ပီကျူတာတို့ကို အသုံးပြုခဲ့ပါတယ်။

ဝုဖ်ကလည်း ၃-၅-၂ ကစားကွက်ကို ခင်းကျင်းခဲံပြီး ဂျီမီနက်ဇ်၊ နက်တို၊ဂျွန်နီ၊ နော်ရီ၊ နီဗက်စ်၊ဘိုလီ၊ မော်တင်ဟိုတို့ စုဖွဲ့မှုနဲ့ ချဲလ်ဆီးကို ရင်ဆိုင်ခဲ့တာပါ။ ရမှတ်လိုအပ်ချက် မပြင်းထန်တော့တဲ့ ချဲလ်ဆီးရဲ့ ကစားပုံက နောက်ပိုင်းပွဲစဉ်တွေကအတိုင်း ဒီပွဲမှာလည်း သိပ်အားစိုက်ခြင်း မရှိဘဲ လျော့တိလျော့ရဲ ဖြစ်နေခဲ့ပါတယ်။ အရင်ပွဲတွေက ရုန်းအားကောင်းခဲ့တဲ့ ဝါနာကလူကာကူနဲ့တွဲကစားချိန်မှာ ခြေစွမ်းမပြနိုင်ဖြစ်ခဲ့ရပြီး ချဲလ်ဆီး တိုက်စစ်အသက်မဲ့နေခဲ့ရပါတယ်။

ကိုဗာဆစ်၊ လော့တပ်ချပ်စ်ရဲ့ ကွင်းလယ်ပိုင်းကလည်း သာမန်လောက်သာ ရှိခဲ့ပြိး ကွင်းလယ်မှာ ဘောလုံးကိုင်ကစားရုံလောက်ပဲ ရှိခဲ့ကာ တိုက်စစ်ကို ပံ့ပိုးနိုင်ခြင်း မရှိပါဘူး။ ပထမပိုင်းမှာ ချဲလ်ဆီးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့နှစ်ဂိုးစလုံးကို VAR က ရက်ရက်စက်စက် ပယ်ဖျက်လိုက်တာကြောင့်လည်း ပါပါတယ်။ ပထမပိုင်းမှာ ဝါနာနဲ့ လော့တပ်ချပ်စ်တို့ ဂိုးသွင်းနိုင်ခဲ့ပေမဲ့ VAR ကဂိုးအဖြစ် သတ်မှတ်ခြင်း မရှိခဲ့ပါဘူး။ ပထမပိုင်းမှာ ဝုဖ်ရဲ့ တိုက်စစ်ကစားပုံကလည်း ချဲလ်ဆီးနော်ကတန်းကို ခြိမ်းခြောက်နိုင်ခြင်း မရှိဘဲ အသက်မဲ့နေလို့ပထမပိုင်းမှာ ဂိုးမရှိသရေရလဒ်နဲ့သာ ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချဲလ်ဆီးက အလွန်ဆိုကိုထုတ်ပြီး ဆောနီဂွတ်ဇ်ကို ထည့်သွင်းကာ အပြောင်းအလဲ ပြုလုပ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချဲလ်ဆီးရဲ့ တိုက်စစ်ပိုင်း အချိတ်အဆက် ပိုမိုအားကောင်းလာခဲ့ပြီး ဝုဖ်နောက်တန်းပြိုလဲစပြုလာခဲ့ပါတယ်။ ဒါကြောင့် ၅၆ မိနစ်နဲ့ ၅၈ မိနစ်တို့မှာ လူကာကူတစ်ဦးတည်းက ချဲလ်ဆီးအတွက် ၂ မိနစ်အတွင်း ဦးဆောင်ဂိုး နှစ်ဂိုး သွင်းပေးခဲ့ပါတယ်။ လူကာကူရဲ့ အဆုံးသတ်စွမ်းဆောင်ရည်ကောင်းကို ပြန်မြင်ခဲ့ရပေမဲ့ အဲဒီနောက်ပိုင်း ချဲလ်ဆီးရဲ့ ကစားပုံက ဒုံရင်းက ဒုံရင်းဖြစ်နေခဲ့ရပါတယ်။ ဝုဖ်က ထရန်ကာအို၊ ဟွမ်ဟီချန်တို့ကို ထည့်သွင်းပြီး အပြောင်းအလဲတွေပြုလုပ်ခဲ့ပါတယ်။

ဝုဖ်ရဲ့ ပြောင်းလဲမှု မှန်ကန်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး ပွဲပြီးခါနီးမှာ အာရုံစိုက်မှု လျော့နည်းလာတဲ့ ချဲလ်ဆီးနောက်တန်းကို ၇၉ မိနစ်မှာ ထရန်ကာအိုက ချေပဂိုး တစ်ဂိုး သွင်းခဲ့ပါတယ်။ အဲဒိနောက် ပွဲပြီးခါနီးမိနစ်တွေမှာ ဝုဖ်က ပိုမိုဖိအားပေး ထိုးဖောက်နိုင်ခဲ့ပြီး ထရန်ကာအို အပိုင်အခွင့်အရေး တစ်ကြိမ်ရခဲ့သေးပေမဲ့ အသုံးမချနိုင်ခဲ့လို့ ချဲလ်ဆီ သက်သာရာရခဲ့ပါတယ်။ ဒီလိုနဲ့ ချဲလ်ဆီးကပဲနိုင်သွားတော့မယ်လို့ ထင်မှတ်ရတဲ့ အခြေအနေမျိုးမှာ နောက်ဆုံးမိနစ်မှာ ဖြတ်တင်ဘောကနေ တိုက်စစ်အထိ လိုက်ပါလာတဲ့ ကိုအာဒီက အပိုင်အဆုံးသတ်ရင်း စတမ်းဖို့ဘရစ်ချ်မှာ ချဲလ်ဆီးတို့ကို အသည်းခွဲခဲ့ပါတယ်။

ZAWGYI: ချဲလ်ဆီးကတော့ အိမ်ကွင်းမှာ နိုင်ပွဲရှာဖွေဖို့ နီးစပ်ခဲ့ပြီးမှာ နောက်ကျဂိုးကြောင့် နစ်နာခဲ့ရပါတယ်။ ချဲလ်ဆီးအနေနဲ့ ဒီပွဲမှာ သူတို့အားသာတဲ့ ၃-၄-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်ပိုင်းမှာ အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။ တိုက်စစ်မှာ ဝါနာ၊ လူကာကူ၊ ပူလီဆစ်တို့ကို တွဲပေးခဲ့ကာ ကွင်းလယ်မှာ ကိုဗာဆစ်၊ လော့တပ်ချပ်စ်တို့ကို ခင်းကျင်းခဲ့ပါတယ်။ အလွန်ဆိုနဲ့ ရီစီဂျိမ်းစ်တို့ကို Full Back တွေအဖြစ် အသုံးပြုခဲ့ပြီး နောက်တန်းမှာတော့ ရူဒီဂါ၊ ဆေးလ်ဗားနဲ့ အက်ပီကျူတာတို့ကို အသုံးပြုခဲ့ပါတယ်။