အီတလီနိုင်ငံက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ချဲလ်ဆီးအသင်းအနေနဲ့ အင်တာမီလန်အသင်းရဲ့ တောင်ပံကစားသမား အီဗန် ပယ်ရီဆစ်ချ်ကို လာမယ့်နွေမှာ ခေါ်ယူဖို့အတွက် ကနဦးသဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်တောင်ပံကစားသမားအနေနဲ့ လက်ရှိဘောလုံးရာသီအကုန်မှာ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အီတလီစီးရီးအေ လက်ရှိချန်ပီယံတို့နဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု တစ်စုံတစ်ရာမရရှိသေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ခရိုအေးရှားလက်ရွေးစင်ကစားသမားအနေနဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၀၀,၀၀၀ ဝန်းကျင်အလိုရှိနေတာဖြစ်ပြီး ၃ နှစ်စာချုပ်,ချုပ်ဆိုလိုခဲ့တာဖြစ်ပေမယ့် အင်တာမီလန်အသင်းဘက်က တစ်ပတ်လုပ်ခ ပေါင် ၆၅,၀၀၀ တည်းသာ ပေးချင်နေသလို စာချုပ်သက်တမ်းကလည်း ၂ နှစ်သာရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ပယ်ရီဆစ်ချ်အနေနဲ့ အင်တာမီလန်အသင်းဘက်က သူ့ရဲ့စာချုပ်သစ်နဲ့ ပတ်သက်ပြီး ချဉ်းကပ်ပုံကြောင့် ဒေါသထွက်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ကိုပါအီတာလီယာ ဗိုလ်လုပွဲမှာ ယူဗင်တပ်စ်အသင်းကို အနိုင်ရဗိုလ်စွဲခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူခဲ့ပြီးနောက် အသင်းကို ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲအပြီး Sports Mediaset နဲ့ အင်တာဗျူးမှာ ပယ်ရီဆစ်ချ်က “ကျွန်တော့်အနေနဲ့ အခုအချိန်အထိတော့ ဘာမှမသိသေးပါဘူး။ အရေးပါတဲ့ ကစားသမားတွေနဲ့ဆိုရင် ခင်ဗျားတို့အနေနဲ့ နောက်ဆုံးမိနစ်အထိ စောင့်ဆိုင်းစရာကို မလိုပါဘူး။ ခင်ဗျားတို့အနေနဲ့ ဒါကိုလည်း သိထားသင့်ပါတယ်”လို့ စာချုပ်သစ်နဲ့ ပတ်သက်ပြီး အင်တာမီလန်းအသင်းကို ဖိအားပြန်ပေးတဲ့သဘောနဲ့ ပြောသွားခဲ့ပါတယ်။

အဆိုပါသတင်းဌာနရဲ့ဖော်ပြချက်အရ ပယ်ရီဆစ်ချ်အနေနဲ့ လက်ရှိမှာတော့ ချဲလ်ဆီးအသင်းနဲ့ ကနဦးသဘောတူညီချက် ရရှိသွားခဲ့ပြီဖြစ်ပြီး လက်ရှိဘောလုံးရာသီအကုန်မှာ အင်တာမီလန်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းလာမှာဖြစ်ကြောင်း သိရပါတယ်။ အဆိုပါဖော်ပြချက်မှာတော့ အပြောင်းအရွှေ့အတွက် ဆေးစစ်မှုအရနဲ့ သဘောတူညီချက်ရဲ့ နောက်ဆုံးအချက်အလက်အချို့ကို လက်မှတ်မထိုးရသေးပေမယ့်လည်း ချဲလ်ဆီးအသင်းအနေနဲ့ ခရိုအေးရှားလက်ရွေးစင်တောင်ပံကစားသမားကို ခေါ်ယူနိုင်ဖို့ ဦးဆောင်နေကြောင်း အခိုင်အမာဆိုသွားခဲ့ပါတယ်။

ပယ်ရီဆစ်ချ်အနေနဲ့ အင်တာမီလန်အသင်းရဲ့ လက်ရှိဘောလုံးရာသီမှာ လွှမ်းမိုးမှုကြီးမားတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေပြီး စီးရီးအေသွင်းဂိုး ၇ ဂိုးနဲ့အတူ ဂိုးဖန်တီးမှု ၆ ကြိမ်ရှိနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ အဆိုပါတောင်ပံကစားသမားအနေနဲ့ အင်တာမီလန်အသင်းရဲ့ မန်နေဂျာဟောင်း အန်တိုနီယို ကွန်တီရဲ့ ပြီးခဲ့တဲ့နှစ် စီးရီးအေချန်ပီယံဆုယူခဲ့တဲ့ ခရီးစဉ်မှာ အီတလီသားကြီးလက်အောက်မှာ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အင်တာမီလန်အသင်းအနေနဲ့ လက်ရှိဘောလုံးရာသီမှာတော့ မြို့ခံပြိုင်ဘက် အေစီမီလန်အသင်းရဲ့နောက်မှာ ၂ မှတ်အကွာနဲ့ ဒုတိယနေရာက ရပ်တည်နေပြီး ရာသီကုန်ဆုံးဖို့အတွက်လည်း ပွဲစဉ် ၂ ပွဲသာ ကစားဖို့ ကျန်ရှိတော့တာပါ။ ချဲလ်ဆီးအသင်းကတော့ အသင်းပိုင်ရှင်ဟောင်း ရိုမန် အေဘရာမိုဗစ်ချ်အပေါ် စီးပွါးရေးပိတ်ဆို့အရေးယူမှုတွေကြောင့် ငွေကြေးပြဿနာတွေကြားထဲ လုံးလည်ချာလည်လိုက်နေခဲ့ရတာကြောင့် ရလဒ်တွေ ယိမ်းယိုင်လာကာ ဆုဖလားတွေလမ်းကြောင်းပေါ်က သွေဖည်လာခဲ့ရတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေအနေနဲ့ ဘဏ္ဍာရေးပိတ်ဆို့ခံလိုက်ရတာကြောင့် အသင်းရဲ့ကစားသမားတွေကိုပါ စာချုပ်သက်တမ်းမတိုးမြှင့်နိုင်တော့ဘဲ အသင်းရဲ့ အဓိကခံစစ်မှူးတစ်ဦးဖြစ်တဲ့ အန်တိုနီယို ရူဒီဂျာကလည်း ရာသီကုန်ရင် ရီးရဲလ်မက်ဒရစ်အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့တော့မှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ ပိုင်ရှင်သစ်ဖြစ်လာမယ့်သူကတော့ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင် တော့ဒ် ဘိုးလီဖြစ်ပြီး ဒီလအကုန်မှာ အသင်းကို ဝယ်ယူမယ့်လုပ်ငန်းစဉ် အလုံးစုံအပြီးသတ်နိုင်လိမ့်မယ်လို့ မျှော်မှန်းထားရသလို လာမယ့်နွေရာသီမှာ အသင်းကို ကစားသမားသစ်တွေ ဖြည့်ဆည်းပေးဖို့ရှိနေတာလည်း ဖြစ်ပါတယ်။

ZAWGYI: အီတလီနိုင်ငံက ထွက်ပေါ်လာတဲ့ သတင်းတွေအရ ချဲလ်ဆီးအသင်းအနေနဲ့ အင်တာမီလန်အသင်းရဲ့ တောင်ပံကစားသမား အီဗန် ပယ်ရီဆစ်ချ်ကို လာမယ့်နွေမှာ ခေါ်ယူဖို့အတွက် ကနဦးသဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ်တောင်ပံကစားသမားအနေနဲ့ လက်ရှိဘောလုံးရာသီအကုန်မှာ အင်တာမီလန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အီတလီစီးရီးအေ လက်ရှိချန်ပီယံတို့နဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှု တစ်စုံတစ်ရာမရရှိသေးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။