ချဲလ်ဆီး အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ထိပ်တန်း ကစားသမား အချို့နဲ့ ကောလဟလ အများအပြား ထွက်ပေါ်နေပေမယ့် ၊ တကယ်တမ်းမှာ ကစားသမားသစ် တဦးမှ တရားဝင် မခေါ်ယူနိုင်သေးပါဘူး ။ အားထားရတဲ့ ဗဟို ခံစစ်မှူး ၂ဦး ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါနဲ့ အန်ဒရီယာစ် ခရစ်တန်ဆန်တို့ကို အလွတ်နဲ့ ထွက်ခွာခွင့်ပြုထားရတဲ့ ချဲလ်ဆီး ဟာ လက်ရှိမှာ အသင်းနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ၊ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကိုပင် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ ယာယီ ရှင်းထုတ်နိုင်ခဲ့ပါတယ် ။

နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကတော့ လူကာကူ နေရာ ဖြည့်တင်းဖို့ထက် ၊ တောင်ပံ တိုက်စစ်ကနေ ဂိုးတွေ ပိုသွင်းနိုင်တဲ့ ကစားသမားသစ်တွေကို အလိုရှိနေပြီး ၊ လက်ရှိမှာ မန်စီးတီး တောင်ပံ ကစားသမား ရာဟင်း စတာလင်ကို ပစ်မှတ်ထားနေခြင်း ဟာ ထိုအချက်ကို သိသိသာသာ ထောက်ပြနေပါတယ် ။ အသင်းပြောင်းချင်နေတဲ့ အဲဗာတန် အသင်းရဲ့ ဘရာဇီး လက်ရွေးစင် တိုက်စစ်မှူး ရစ်ချာလီဆင် ဟာ ချဲလ်ဆီးရဲ့ ရေဒါမှာ ရှိနေဆဲ ဖြစ်ပေမယ့် ၊ ၄င်းကို လန်ဒန် မြို့ခံ ကလပ် ၂သင်း ဖြစ်တဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ် အသင်းတွေကလည်း အပြိုင် စိတ်ဝင်စားနေကြပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဂျွန်အိုရှေး ကတော့ အာဆင်နယ် ယာ မန်စီးတီးကနေ တနိုင်ငံတည်းသော ဂါဘရီရယ် ဂျေဆုစ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီး ဖြစ်တာကြောင့် ၊ ရစ်ချာလီဆင် အနေနဲ့ ဂန်းနားထက် ခြင်္သေ့ပြာတို့ကို ရွေးချယ်သင့်ကြောင်း တိုက်တွန်းသွားခဲ့ပါတယ် ။ Paddy Power နဲ့ တွေ့ဆုံခဲ့ရာမှာ အိုရှေး က ” တိုက်စစ်မှူးတွေ ဆိုတာ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အမြဲတမ်း ဒွန်တွဲနေတတ်ပါတယ် ။ ရစ်ချာလီဆင်နဲ့ ဒိုမီနစ် ကယ်ဗတ်လီဝင်တို့ဟာလည်း ထိုနည်းတူပါပဲ ။”

“ရစ်ချာလီဆင် ဆိုရင် မနှစ်က အကောင်းဆုံး ခြေစွမ်းမျိုး မပြနိုင်ခဲ့ပါဘူး ။ ဒါပေမယ့် သူဟာ အဲဗာတန်ရဲ့ အရေးကြီးတဲ့ အခိုက်အတန့် အချို့မှာ အဆုံးအဖြတ် ပေးနိုင်ခဲ့ပါတယ် ။ အချက်အခြာ အကျဆုံး အနေအထား တရပ် အဖြစ်နဲ့ ဖရန့် လမ်းပတ်ဟာ သူ့ကို အဲဗာတန်မှာ ဆက်ထိန်းနိုင်ဖို့ ကြိုးစားပါလိမ့်မယ် ။ ဒါပေမယ့် အဲဗာတန်သာ ရစ်ချာလီဆင်ကို ရောင်းချဖြစ်မယ်ဆိုရင် ၊ အာဆင်နယ်လို အသင်းမျိုးက သူ့ကို ခေါ်ဖို့ အတွက်ကျတော့ အခြေအနေ အပေါ် မူတည်သွားနိုင်ပါတယ် ။”

” အထူးသဖြင့် အာဆင်နယ်ဟာ ရာဖင်ဟာကို ခေါ်ယူဖို့ ကြိုးစားနေပြီး ၊ ဂါဘရီရယ် ဂျေဆုစ်ကိုလည်း ရထားပြီး ဖြစ်ပါတယ် ။ ချဲလ်ဆီးမှာကျတော့ ရိုမီလူ လူကာကူ အင်တာမီလန်ကို အငှားနဲ့ ပြန်ပြောင်းသွားတာကြောင့် တိုက်စစ် တနေရာ လွတ်နေပါတယ် ။ နောက်ပြီး ကြီးမားတဲ့ အပြောင်းအရွှေ့ တခုကနေ နောက်ထပ် ငွေအမြောက်အမြား ပေးပြီး ကစားသမားသစ် ၄ ၊ ၅ယောက်လောက် ခေါ်ယူရတဲ့အထိ ဖြစ်သွားနိုင်ပါတယ် ။ ဘောလုံးရာသီသစ် မစတင်မီ ဒီလိုအချိန်မှာ လိုအပ်တဲ့ ကစားသမားတွေ ခေါ်ယူ ဖြည့်တင်းပြီး ၊ အရာရာ အဆင်သင့် ဖြစ်အောင် လုပ်ရမှာပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ စျေးကွက် အတွင်း ထိပ်တန်း ကစားသမား အချို့နဲ့ ကောလဟလ အများအပြား ထွက်ပေါ်နေပေမယ့် ၊ တကယ်တမ်းမှာ ကစားသမားသစ် တဦးမှ တရားဝင် မခေါ်ယူနိုင်သေးပါဘူး ။ အားထားရတဲ့ ဗဟို ခံစစ်မှူး ၂ဦး ဖြစ်တဲ့ အန်တိုနီယို ရူဒီဂါနဲ့ အန်ဒရီယာစ် ခရစ်တန်ဆန်တို့ကို အလွတ်နဲ့ ထွက်ခွာခွင့်ပြုထားရတဲ့ ချဲလ်ဆီး ဟာ လက်ရှိမှာ အသင်းနဲ့ အဆင်မပြေ ဖြစ်နေတဲ့ ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ၊ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူကိုပင် ပြီးခဲ့တဲ့ ရက်သတ္တပတ်ကမှ ယာယီ ရှင်းထုတ်နိုင်ခဲ့ပါတယ် ။