ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားတဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်မာဆန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်ကို ဖြေရှင်းဖို့ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ တိုက်စစ်မှူး ရိုမီလု လူကာကူကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုတွေ ရဖို့ ရုန်းကန်နေရတဲ့ အာဆင်နယ်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး သူတို့က အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးနဲ့ အရန်တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်က မန်ချက်စတာ စီးတီး တိုက်စစ်မှူး ဂါဘရီရယ် ဂျီးဆပ် ၊ အဲဗာတန် တိုက်စစ်မှူး လီဝင်နဲ့ ဆက်ဆူအိုလို တိုက်စစ်မှူး စကာမက်ကာတို့ကို ပစ်မှတ် တိုက်စစ်မှူးတွေ အဖြစ် သတ်မှတ်ထားပြီး သူတို့ထဲက တဦးကို မဖြစ်မနေ အရ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ တဖက်မှာတော့ ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး ရိုမီလု လူကာကူက ယခု နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ဆုံးဖြတ်ထားပြီး ချယ်လ်ဆီးကလည်း လူကာကူအတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် လူကာကူကို ရောင်းထုတ်သွားဖို့ စဉ်းစားထားပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ်ရဲ့ ကစားသမားဟောင်းလည်းဖြစ် ၊ ဘောလုံးရေးရာ သုံံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်မာဆန်က လူကာကူကို ခေါ်ယူဖို့ အာဆင်နယ်အား အကြံပေးခဲ့တာ ဖြစ်ပြီး မာဆန်က အာဆင်နယ်ဟာ လူကာကူကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်မယ်လို့လည်း ယုံကြည်နေပါတယ်။ မာဆန်က – “အာဆင်နယ်က ရိုမီလု လူကာကူကို ပြောင်းရွှေ့ကြေး ပေါင်၆၀သန်းလောက်နဲ့ ကမ်းလှမ်းသင့်ပါတယ်။ တကယ်လို့ ချယ်လ်ဆီးကသာ သူတို့ရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ရင် လူကာကူဟာ အာဆင်နယ် အတွက် ထိပ်တန်း ကစားသမား ခေါ်ယူမှု တရပ် ဖြစ်လာနိုင်ပါတယ်။ လူကာကူက အာဆင်နယ်မှာ မရှိတဲ့ အရည်အသွေးတွေကို ယူဆောင်လာနိုင်တဲ့ ထိပ်တန်း တိုက်စစ်မှူး တဦးပါ” လို့ ပြောကြားသွားခဲ့တာပါ။

တစ်ဖက်မှာလည်း အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ ရိုးမားရဲ့ နည်းပြဖြစ်သူ ဟိုဆေး မော်ရင်ဟိုက သူ့ရဲ့ အသင်းဟောင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ လမ်းခွဲထားတဲ့ ဝေးလ်လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၃၂နှစ် အရွယ် ဝေးလ်လက်ရွေးစင် အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ် ကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားသူ ဖြစ်ပြီး သူနဲ့ ရီးရဲလ်မက်ဒရစ်တို့ ကြားမှာ ရှိနေတဲ့ စာချုပ်က ယခုလ ၃၀ရက်နေ့မှာပဲ ကုန်ဆုံးဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ ယခုနွေဈေးကွက် အတွင်းမှာ ဂါရတ်ဘေးလ်ကို ခေါ်ယူချင်တဲ့ အသင်းတွေက သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ရှိနေသလို ဂါရတ်ဘေးလ်ကလည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်အသင်းကို အကောင်းမွန်ဆုံး ဦးဆောင်နိုင်ဖို့ သူနဲ့ သင့်တော်မယ့် အသင်းတသင်းဆီ ကာလတို စာချုပ်တရပ်နဲ့ ပြောင်းရွှေ့ချင်နေပါတယ်။ ဂါရတ်ဘေးလ်က ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပေမယ့် သူ့ရဲ့ မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့တတ်တဲ့ အခြေအနေကြောင့် ကစားသမားဘဝ ကနေ အနားယူဖို့ စဉ်းစားနေသူ ဖြစ်ပြီး ဝေးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဝင်ပြိုင်ခွင့် ရခဲ့တာကြောင့်သာ ဘောလုံးသမား ဘဝကို ဆက်လက် ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့သူပါ။

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ El Nacional သတင်းဌာနရဲ့ ဖော်ပြချက်အရ ရိုးမားနည်းပြ မော်ရင်ဟိုက ဂါရတ်ဘေးလ်ကို ကာလတို စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရိုးမားရဲ့ တာဝန်ရှိသူတွေက ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်နဲ့ ချိတ်ဆက်မှုတွေ စတင် ပြုလုပ်နေကြောင်းပါ သိရပါတယ်။ ဂါရတ်ဘေးလ်က သူ့ရဲ့ အသင်းသစ်နဲ့ ကာလတို စာချုပ်တရပ်သာ ချုပ်ဆိုချင်နေသလို မော်ရင်ဟိုကလည်း ဂါရတ်ဘေးလ်ကို ကာလတို စာချုပ်တရပ်နဲ့ ခေါ်ယူဖို့ ဆုံးဖြတ်ထားတာကြောင့် သူတို့နှစ်ဦးကြားမှာ တူညီတဲ့ အချက်တွေ ရှိနေပြီး ရိုးမားကသာ မှန်ကန်တဲ့ ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့မယ် ဆိုရင် ဂါရတ်ဘေးလ်က ရိုးမားဆီ ပြောင်းရွှေ့လာဖွယ် ရှိနေပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားတဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ်မာဆန်ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ တိုက်စစ်ပိုင်း အားနည်းချက်ကို ဖြေရှင်းဖို့ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ ကြိုးစားနေတဲ့ တိုက်စစ်မှူး ရိုမီလု လူကာကူကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ အောင်မြင်မှုတွေ ရဖို့ ရုန်းကန်နေရတဲ့ အာဆင်နယ်က ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အဓိကထား အင်အားဖြည့်တင်းဖို့ စီစဉ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး သူတို့က အသင်းရဲ့ တိုက်စစ်ပိုင်းကို ဦးဆောင်နိုင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးနဲ့ အရန်တိုက်စစ်မှူး တဦးတို့ကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။