ဘိုင်ယန်မြူးနစ်တို့မရောင်းချချင်တဲ့ ကလပ်ရဲ့အဓိကဂိုးသွင်းစက် တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီးကို ကစားသမားနဲ့လက်ဝါးချင်းအရင်ရိုက်ပြီးမှာ မရအရခေါ်ထုတ်သွားခဲ့တဲ့ဘာစီလိုနာတို့ တဖန်ပြန်လည်ခံစားရမဲ့အကွက်တကွက်ရှိလာခဲ့ပြီလို့ စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုက ဆိုလိုက်ပါတယ်။ ဘာစီလိုနာတို့ဟာပိုလန်နိုင်ငံတကာကစားသမားကို ယူရိုသန်း၅၀တလုံးတည်းပေးချေပြီး ခေါ်ယူသွားခဲ့လို့ ဘိုင်ယန်ရဲ့နည်းပြ နေဂဲလ်မန်းကတောင်

“ဘဏ္ဍာရေးအကြပ်အတည်းဖြစ်နေတဲ့ ဘာကာတို့က ငွေကြေးမရှိပဲနဲ့ သူတို့လိုချင်တဲ့ကစားသမားကိုအရခေါ်ယူနေနိုင်သေးတာ ထူးဆန်းလှပါတယ်”လို့ မချိတင်ကဲစကားဆိုခဲ့ရတာပါ။ အခုတော့ ဘာကာတို့ရဲ့နာမည်ကြီးလှတဲ့ လာမာစီယာအကယ်ဒမီရဲ့အကောင်းဆုံးကစားသမားလေး အဒမ် အက်ဇ်နူးကို တပြားမျှမရရှိပဲနဲ့ လက်လွှတ်ရမဲ့အရေးနဲ့ရင်ဆိုင်နေရပါတယ်။

အသက်၁၆နှစ်အရွယ်သာရှိသေးတဲ့ ဘယ်နောက်ခံလူငယ်လေးဟာ လာမာစီယာမှာ လက်ရှိအကောင်းဆုံးသော ဝမ်းဒါးကစ်အဖြစ်သတ်မှတ်ခံထားရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ကဒက်အေ အသင်းမှာတောက်လျှောက်ခြေစွမ်းပြထားခဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ ဘာကာတို့ရဲ့ ဂျူဗင်နိုင်းအသင်းကိုပြောင်းရွှေ့ဖို့အတွက် ကမ်းလှမ်းချက်ကိုငြင်းပယ်ထားပြီး ဘိုင်ယန်မြူးနစ်ကိုရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်တို့ဟာ ဒီကစားသမားလေးရဲ့မိသားစုနဲ့ သဘောတူညီမှုရသွားခဲ့ပုံရပြီး အကယ်ဒမီကနေ ခေါ်ထုတ်ပြီး မြူးနစ်အကယ်ဒမီကိုပြောင်းရွှေ့သင်ကြားစေမှာဖြစ်ပါတယ်။ စပိန်ယူ၁၆လက်ရွေးစင်အသင်းအတွက် ၇ပွဲအထိရွေးချယ်ခြင်းခံထားရပြီးဖြစ်တဲ့ မော်ရိုကိုနွယ်ဖွားစပိန်သားလေးကို ခေါ်ယူဖို့စောင့်ကြည့်နေခဲ့တာက ဘိုင်ယန်တို့တသင်းထဲတော့မဟုတ်ခဲ့ပါဘူး။ အာဘီလိုင်ဇစ်နဲ့ ရီရဲမက်ဒရစ်တို့ကလဲ ဒီ၁၆နှစ်သားလေးကို လိုက်နေကြတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်တို့ကလက်ဦးမှုရယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စပိန်မီဒီယာတွေကတော့ တကယ်လို့ အဒမ် အက်ဇ်နူးသာ ဘိုင်ယန်တို့ရဲ့ပထမအသင်းကစားသမားအဖြစ် စီနီယာပွဲထွက်ခွင့်ရတဲ့အထိတောက်ပလာခဲ့မယ်ဆိုရင် ဒါဟာ လီဝမ်ဒေါစကီးကိုစွန့်လွှတ်ခြင်းကရတဲ့အကျိုးအမြတ်ပဲလို့ ညွှန်းဆိုနေကြပါတယ်။ လက်ရှိမှာတော့ အဒမ်အက်ဇ်နူးဟာ ဘိုင်ယန်မြူးနစ်ယူ၁၇အသင်းနဲ့အတူ ပူးပေါင်းသွားမှာဖြစ်ပြီး လာမဲ့ရာသီအနည်းငယ်အတွင်းမှာ သူဟာ အဖွန်ဆိုဒေးဗီးလ်နောက် ကလပ်ရဲ့အဓိကဘယ်နောက်ခံလူဖြစ်လာမှာလဲဖြစ်ပါတယ်။

ZAWGYI: ဘိုင်ယန်မြူးနစ်တို့မရောင်းချချင်တဲ့ ကလပ်ရဲ့အဓိကဂိုးသွင်းစက် တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီးကို ကစားသမားနဲ့လက်ဝါးချင်းအရင်ရိုက်ပြီးမှာ မရအရခေါ်ထုတ်သွားခဲ့တဲ့ဘာစီလိုနာတို့ တဖန်ပြန်လည်ခံစားရမဲ့အကွက်တကွက်ရှိလာခဲ့ပြီလို့ စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုက ဆိုလိုက်ပါတယ်။ ဘာစီလိုနာတို့ဟာပိုလန်နိုင်ငံတကာကစားသမားကို ယူရိုသန်း၅၀တလုံးတည်းပေးချေပြီး ခေါ်ယူသွားခဲ့လို့ ဘိုင်ယန်ရဲ့နည်းပြ နေဂဲလ်မန်းကတောင်