လီဗာပူး က မာနေး ကို မြှားဦး တိုက်စစ်မှာ ပြောင်းလဲ အသုံးပြုခဲ့ပြီး နောက်ပိုင်း ဘိုင်ယန် မြူးနစ်ဟာ ဆီနီဂေါ တိုက်စစ်မှုးကို ခေါ်ယူဖို့ အရှိန်တွေ ဆက်တိုက် မြှင့်နေပါတယ်။ လီဝန်ဒေါ့စကီး နဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေ ဖြစ်နေချိန်မှာ တောင်ပံရော ၊ တိုက်စစ်မှုး နေရာပါ ကစားနိုင်တဲ့ မာနေးကို ဘိုင်ယန် က မျက်စိကျနေတာပါ။ အစောပိုင်းမှာတုန်းက မာနေး နဲ့ ဘိုင်ယန် တို့အကြား က သတင်းတွေဟာ ကောလဟာလ တွေလို့ ထင်ခဲ့ရပေမယ့် ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားဖို့ နီးကပ်လာတာနဲ့ အမျှ ဘိုင်ယန် မြူးနစ် က အမှန်အကန် စိတ်ဝင်စားနေတဲ့ လက္ခဏာတွေ အတိုင်းသား ပေါ်လွင်လာနေပါတယ်။

ဘိုင်ယန် နည်းပြ နာဂယ်စ်မန် ကလဲ မာနေး ကို လိုချင်နေပြီး ၊ သူတို့ ရဲ့ အားကစား ဒါရိုတ်တာ ကိုယ်တိုင်က မာနေး ရဲ့ အေးဂျင့် ဖြစ်သူနဲ့ တိုက်ရိုတ် စကားပြောနေကြလို့ ၊ ဆီနီဂေါ တိုက်စစ်မှုးဟာ ဂျာမဏီ ကို ပြောင်းကစားဖို့ စဉ်းစားမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဂျာမန် သတင်းတွေ ကတော့ မာနေး ဟာ သူ့ရဲ့ လီဗာပူး ကစားသမား ဘ၀ အနာဂတ် နဲ့ ပတ်သက်ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာ ဆုံးဖြတ်ချက် ချမယ်လို့ ဆိုထားကာ ၊ ယူရို သန်း 50 ထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေးမျိုး နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

လက်ရှိ လီဗာပူး နဲ့ မာနေး တို့အကြား ချုပ်ဆိုထားတဲ့ စာချုပ်ဟာ 2023 ခုနှစ် မှာ ကုန်ဆုံးမှာပါ။ မို ဆာလာ ကို တရားဝင် စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် ၊ မာနေး နဲ့တော့ အခုထိ စာချုပ်သစ် ကိစ္စ ပြောဆို ဆွေးနွေးတာမျိုးတွေ မလုပ်ရသေးပါဘူး။ ဒါကြောင့်လဲ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး မေးမြန်းချိန်မှာတော့ “ အရိုးသားဆုံး ပြောရရင် လောလောဆယ်မှာ ကျနော် ပေးနိုင်တဲ့ အဖြေတစ်ခုက “ အားလုံး အဆင်ပြေနေတယ်” ဆိုတာပါပဲ။

စနေနေ့မှာ ကစားမယ့် ဗိုလ်လုပွဲ အတွက် အပြည့်အ၀ အာရုံစိုက်နေပါတယ်။ ဒါကြောင့်မို့ ဒီပွဲ မကစားခင် ဒီအဖြေမျိုးပဲ ပြောနိုင်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးရင်တော့ ခင်ဗျား တို့ ကြားချင်တဲ့ အဖြေကို ပြောမှာပါ။ လောလောဆယ်တော့ ပဲရစ်ကို သွားပြီး နိုင်ပွဲ ရယူကြမယ်လေ ၊ တခြားကိစ္စတွေ ခေါင်းထဲ မထားနိုင်အားသေးပါဘူး။ ဖလားကြိးကို ကိုင်မြှောက်ဖို့ အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်သလို ၊ ဒီအောင်မြင်မှုက ကျနော်တို့ အားလုံး အတူတူ အိပ်မက် မက်ထားတဲ့ အကြောင်းအရာမို့ပါ။

အဲဒီ ပွဲပြီးမှ အနာဂတ် နဲ့ ပတ်သက်တဲ့ အဖြေကို ဖြေကြားသွားပါ့မယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။ ဆာလာ ရဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေသေးတာ ၊ မာနေး ရဲ့ အပြောင်းအရွှေ့ သတင်းတွေ ပေါ်ထွက်လာတာဟာ သွေးသစ် လောင်းရမယ့် FSG အတွက် စိန်ခေါ်မှု တစ်ခုတော့ ဖြစ်လာနေပါပြီ။ လောလောဆယ်မှာ ဂျော်တာ ၊ ဒီယက်ဇ် တို့ကို ခေါ်ယူ အားဖြည့်ထားလို့ ရုတ်တရက် ယိုင်နဲ့သွားစရာ အကြောင်း မရှိပေမယ့် ၊

ကလော့ပ်ကတော့ အဓိက ကစားသမား တစ်ယောက်ယောက်သာ ဆုံးရှုံးခဲ့ရရင် သူ့ရဲ့ တိုက်စစ်ကို ပြန်လည် အားဖြည့်ဖို့ လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။ လီဗာပူး ဟာ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းက မိုနာကို ကွင်းလယ် ကစားသမားလေး ချူအာမီနီ ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ၊ ကစားသမား ကိုယ်တိုင်က ရီးရဲ မက်ဒရစ်ကို ပြောင်းကစားဖို့ ရွေးချယ်ထားဟန် တူပါတယ်။ အဆိုပါ ပြင်သစ် ချာတိတ်လေးရဲ့ တန်ဖိုးဟာ ယူရို သန်း 80 အထိ မြင့်တက်နေဖွယ် ရှိနေပါတယ်။

ZAWGYI: လီဗာပူး က မာနေး ကို မြှားဦး တိုက်စစ်မှာ ပြောင်းလဲ အသုံးပြုခဲ့ပြီး နောက်ပိုင်း ဘိုင်ယန် မြူးနစ်ဟာ ဆီနီဂေါ တိုက်စစ်မှုးကို ခေါ်ယူဖို့ အရှိန်တွေ ဆက်တိုက် မြှင့်နေပါတယ်။ လီဝန်ဒေါ့စကီး နဲ့ စာချုပ်သစ် ကိစ္စ အဆင်မပြေ ဖြစ်နေချိန်မှာ တောင်ပံရော ၊ တိုက်စစ်မှုး နေရာပါ ကစားနိုင်တဲ့ မာနေးကို ဘိုင်ယန် က မျက်စိကျနေတာပါ။ အစောပိုင်းမှာတုန်းက မာနေး နဲ့ ဘိုင်ယန် တို့အကြား က သတင်းတွေဟာ ကောလဟာလ တွေလို့ ထင်ခဲ့ရပေမယ့် ၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားဖို့ နီးကပ်လာတာနဲ့ အမျှ ဘိုင်ယန် မြူးနစ် က အမှန်အကန် စိတ်ဝင်စားနေတဲ့ လက္ခဏာတွေ အတိုင်းသား ပေါ်လွင်လာနေပါတယ်။