လီဝန်ဒေါ့စကီး ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့ ဘာစီလိုနာ နဲ့ ဘိုင်ယန် မြူးနစ် တို့ အကြား ဗျူဟာတွေ အပြိုင်ခင်းလာနေကြပါပြီ။ ဘာစီလိုနာ အစောပိုင်းမှာ ယူရို သန်း 40 -50 အကြား မှာ ရှိတဲ့ ကမ်းလှမ်းမှု နှစ်ခုကို ပေးပို့ခဲ့ပေမယ့် ၊ ဘိုင်ယန် မြူးနစ် ဘက်က တုန့်ပြန်မှုတောင် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သို့သော် မနေ့ည ကတော့ ဘိုင်ယန် မြူးနစ် က လီဝန်ဒေါ့စကီး အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း 60 အထိ လိုချင်တဲ့ အကြောင်း ဂျာမာန် မီဒီယာတွေ ကနေ တဆင့် အသံလွှင့်လာခဲ့ပါပြီ။ စိတ်ဝင်စားဖို့ ကောင်းတာ ဘာစီလိုနာ ကလဲ အဲဒီ ပမာဏ အထိ ပေးမလား ဆိုတာပါ။

ပိုလန် တိုက်စစ်မှုး ဟာ မကြာခင် အသက် 34 နှစ် ပြည့်တော့မှာ ဖြစ်ပါတယ်။ လက်ရှိ စာချုပ်သက်တမ်း ကလဲ 12 လ ပဲ ကျန်ပါတော့တယ်။ ဒါ့အပြင် ဘိုင်ယန် မြူးနစ် နဲ့ လမ်းခွဲတော့မယ့် အကြောင်းကို တရားဝင် လူသိရှင်ကြားတောင် ထုတ်ဖော် ပြောဆိုထားပြန်ပါတယ်။ စာချုပ်သက်တမ်း တစ်နှစ်ပဲ ကျန်တော့တဲ့ ကစားသမား တစ်ယောက် ၊ ပြီးတော့ အသက် 34 နှစ် ပြည့်ခါဖြစ်နေတဲ့ ဘောလုံးသမား တစ်ယောက် အတွက် ယူရို သန်း 60 ဆိုတာ ပမာဏ က တော်တော်ကို မျက်လုံး ပြူးချင်စရာ ကောင်းပါတယ်။

မနှစ်က ရီးရဲ မက်ဒရစ် ဟာ အမ်ဘာပေ ရဲ့ တစ်နှစ် စာချုပ်သက်တမ်းပဲ ကျန်တော့တဲ့ ကာလ အတွက် ယူရို 170 သန်း အထိ ပေးခဲ့တယ် ဆိုတဲ့ အဓိပ်ပါယျက ဘာပေ ဟာ အရမ်းကို ငယ်ရွယ်သေးတဲ့ တိုက်စစ်မှုး တစ်ယောက် ဖြစ်နေလို့ပါ။ နောင်တစ်ချိန်မှာ သူ့ကို ပြန်ရောင်းမယ် ဆိုရင်တောင် အဲဒီထက် မနည်းတဲ့ ဈေးမျိုး ရနိုင်တယ် ဆိုတာ ယုံကြည်တဲ့ အတွက် ရီးရဲ မက်ဒရစ် ဘက်က ပုံပေးခဲ့တာ ဖြစ်ပါတယ်။ သို့သော် လီဝန်ဒေါ့စကီး က 34 နှစ် ရှိနေပြီ ဖြစ်လို့ ၊ ပြန်ရောင်းမယ် ဆိုရင်တောင် ဈေးက ရတော့မှာ မဟုတ်ပါဘူး။

ပိုပြီး ထူးဆန်းတာက ဘဏ္ဍာရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာ က အဲဒီ အခင်းအကျင်းကို ဝင်ပြီး က ဖို့ ဟန်ပြင်နေတဲ့ အချက် ဖြစ်ပါတယ်။ ဘိုင်ယန် ဟာ လီဝန်ဒေါ့စကီးထက် 3 နှစ် ငယ်ပြီး ၊ တစ်နှစ် စာချုပ်သက်တမ်း ကျန်တာချင်း အတူတူ ဖြစ်တဲ့ မာနေး ကိုတောင် ယူရို သန်း 40 နဲ့ ခေါ်ယူထားတဲ့ အသင်းဖြစ်ပါတယ်။ ဒါတောင် မာနေး က လီဗာပူး ကနေ ထွက်ချင်တဲ့ အကြောင်း လူသိ ရှင်ကြား တစ်ခွန်းမှ မဟခဲ့ပါဘူး။ သို့သော် လီဝန်ဒေါ့စကီး ကတော့ ဘိုင်ယန် အပေါ် ဝေဖန်ပြစ်တင်တဲ့ လေသံနဲ့ အင်တာဗျူးတွေမှာ ခဏခဏ ပြောဆိုနေပြန်ပါတယ်။

ကတ်တလန် သတင်းတွေမှာတော့ ဘာစီလိုနာ က ပိုလန် တိုက်စစ်မှုး ကို ခေါ်ယူဖို့ 2 နှစ် စာချုပ် + အလို အလျှောက် နောက်ထပ် 1 နှစ် သက်တမ်း တိုးမယ့် အချက် နဲ့ အကြို သဘောတူညီမှု ရရှိထားပြီးပြီ ဖြစ်တယ်လို့ အခိုင်အမာ ဆိုထားပါတယ်။ ဒါကြောင့် ကစားသမား ဘက်က အသင်းပြောင်းချင်တဲ့ အကြောင်းပြောလာချိန်မှာ ၊ ဘိုင်ယန် တာဝန်ရှိသူတွေ ဘက်က ပြန်ရွဲ့ချင်တဲ့ အတွက် ဈေးကို မတန်တဆ တောင်းနေတာလား (ဒါမှ မဟုတ်) ပြောင်းရွှေ့ကြေး မရချင်နေ ၊ အသင်းအပေါ် ဒီလို ပြောတဲ့ အတွက် ၊ ဒါမျိုး ပါဝါ ပြလို့ ရတယ် ဆိုပြီး တင်းခံပြနေတာလားတော့ မပြောတတ်ပါဘူး။

ဒီအနေထားမှာ ဘိုင်ယန် က စင်ပေါ်ကလို့ ယူဆလို့ ရပါတယ်။ မာနေးလဲ ရှိနေပြီ ဖြစ်လို့ တိုက်စစ်အတွက် စိတ်မပူရသလို ၊ လီဝန်ဒေ့ါစကီး ထံကနေ ပြောင်းရွှေ့ကြေးကိုလဲ ရချင်ရ ၊ မရချင်နေ ဆိုတဲ့ ပုံစံ နဲ့ မှန်းထားတာ ထင်ပါတယ်။ ဒါကြောင့် အိုလီဗာခန်း ကိုယ်တိုင်က ရာသီအကြို ပြင်ဆင်မှုတွေ စတင် လုပ်ဆောင်တဲ့ အချိန်မှာ ၊ ပိုလန် တိုက်စစ်မှုးကြီးက အသင်းနဲ့ အတူ လာရောက်ပူးပေါင်းဖို့ မျှော်လင့်ထားတယ်လို့ အခိုင်မာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အခြား တစ်ဖက်က ကြည့်လိုက်ရင် လက်ရှိ လီဝန်ဒေါ့စကီး ကို ကိုယ်စားပြုနေတာ က ဇဟာဗီ ဖြစ်လို့ ဘာစီလိုနာ နဲ့ ကြိုတင် သဘောတူညီမှု ရယူထားတဲ့ အချက်တွေကလဲ စိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်။

တစ်ချို့ ကလပ်တွေက အဲဒီလို အခြေအနေမျိုးမှာ ကစားသမားကို လက်မလွှတ်ရဖို့ အတွက် ၊ အပြောင်းအရွှေ့ တရားဝင် ပေါ်မလာရင် လျော်ကြေး ဘယ်နှစ်ဆ ပေးရမယ် ဆိုတာမျိုးတွေ နဲ့ ချုပ်ကိုင်ထားတတ်ကြပါတယ်။ လီဝန်ဒေါ့စကီး နဲ့ ဘာစီလိုနာ တို့အကြား အကြို သဘောတူညီမှု စာချုပ်က အဲဒီ အတိုင်းဆိုရင်တော့ ဘိုင်ယန် နဲ့ သူတို့ တိုက်စစ်မှုး အကြားမှာ ပိုပြီး ဆိုးဝါးတဲ့ ဆက်ဆံရေးတွေ ဖြစ်လာဦးမှာပါ။ တစ်ချိန်က အမြင့်ဆုံး စွမ်းဆောင်ရည်တွေ နဲ့ ဆက်တိုက် ပေးဆပ်ခဲ့တဲ့ တိုက်စစ်မှုးကြီးဟာ ၊ လမ်းခွဲခါနီးရောက်မှ ဘုကလန့်တွေ ဖြစ်လာတော့ စိတ်မကောင်း စရာပါပဲ။ တစ်ချိန်တည်းမှာ ဒီ 3 ပွင့် ဆိုင် ဇာတ်လမ်းမှာ ဘယ်လိုတွေ အကွက်ရွှေ့ကြဦးမလဲ ဆိုတာက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ZAWGYI: လီဝန်ဒေါ့စကီး ရဲ့ အပြောင်းအရွှေ့ နဲ့ ပတ်သက်လို့ ဘာစီလိုနာ နဲ့ ဘိုင်ယန် မြူးနစ် တို့ အကြား ဗျူဟာတွေ အပြိုင်ခင်းလာနေကြပါပြီ။ ဘာစီလိုနာ အစောပိုင်းမှာ ယူရို သန်း 40 -50 အကြား မှာ ရှိတဲ့ ကမ်းလှမ်းမှု နှစ်ခုကို ပေးပို့ခဲ့ပေမယ့် ၊ ဘိုင်ယန် မြူးနစ် ဘက်က တုန့်ပြန်မှုတောင် မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သို့သော် မနေ့ည ကတော့ ဘိုင်ယန် မြူးနစ် က လီဝန်ဒေါ့စကီး အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း 60 အထိ လိုချင်တဲ့ အကြောင်း ဂျာမာန် မီဒီယာတွေ ကနေ တဆင့် အသံလွှင့်လာခဲ့ပါပြီ။ စိတ်ဝင်စားဖို့ ကောင်းတာ ဘာစီလိုနာ ကလဲ အဲဒီ ပမာဏ အထိ ပေးမလား ဆိုတာပါ။