ဘာစီလိုနာနဲ့ ချဲလ်ဆီး အသင်းတို့ဟာ လာမဲ့ရာသီမှာ ဥရောပ အောင်မြင်မှု ရဖို့အတွက် အသင်းကို အကောင်းမွန်ဆုံး ပြုပြင်မွမ်းမံ နေကြပါတယ်။ သူတို့ဟာ လာမဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြပြီး ရာသီသစ်ကို အတောင့်တင်းဆုံး လူစာရင်းနဲ့ စတင်နိုင်ဖို့ မျှော်မှန်းထားကြတာပါ။ အင်္ဂလန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ စပိန်ထိပ်သီး ဘာစီလိုနာအသင်း အရခေါ်ယူ ချင်နေတဲ့ နာမည်ကြီး ကစားသမား တစ်ဦးကို အပြိုင်ကြိုးပမ်း နေတယ်လို့ သိရပါတယ်။

ဒီကစားသမားကတော့ ဘိုင်ယန်မြူးနစ်နဲ့အတူ ဂျာမန်မြေမှာ အကောင်းမွန်ဆုံး ခြေစွမ်းပြနေတဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်မှုး ရောဘတ်လီဝန်ဒေါစကီး ပါပဲ။ ဘာစီလိုနာ အသင်းဟာ ဇာဗီရဲ့ ဦးဆောင်မှုနဲ့အတူ ပြီးခဲ့တဲ့ ရာသီမှာ တိုးတက်မှုတွေ ရှိခဲ့ပေမဲ့ လာမဲ့ရာသီ အတွက်တော့ ပြဿာနာ အနည်းငယ် ရှိနေခဲ့ပါတယ်။ သူတို့ဟာ ခံစစ်ပိုင်း အင်အားဖြည့်တင်းဖို့ လိုအပ်နေသလို တိုက်စစ်ပိုင်းမှာလည်း သွင်းဂိုးတွေအတွက် တိကျသေချာမှုရှိတဲ့ ကစားသမားတစ်ဦး လိုအပ်နေတာပါ။

ဒီနေရာမှာ လီဝန်ဒေါစကီးဟာ ဘာစီလိုနာအတွက် အဓိကပစ်မှတ် ဖြစ်လာခဲ့ပါပြီ။ ချဲလ်ဆီးအသင်းဟာလည်း အထောင်တိုက်စစ်မှုး နေရာအတွက် လိုအပ်ချက် ရှိနေတဲ့ အသင်းပါ။ ပုံမှန်ခြေစွမ်းအောက် ရောက်ရှိနေတဲ့ လူကာကူကြောင့် ခြင်္သေ့ပြာတို့ဟာ ဂိုးသွင်းမုဆိုး တစ်ဦးကို အလျှင်အမြန်ပဲ ရှာဖွေနေပါပြီ။ အီးအက်စ်ပီအန် သတင်းဌာနရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးနည်းပြ သောမတ်တူချယ်ဟာ လီဝန်ဒေါစကီးရဲ့ ကစားပုံကို နှစ်သက်သူဖြစ်ပြီး ပိုလန်တိုက်စစ်မှုးကို ပရီးမီးယားလိဂ်ထံ ခေါ်ဆောင်လာချင် နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လီဝန်ဒေါစကီးဟာ လာမဲ့အပြောင်း အရွှေ့မှာ ဂျာမန်မြေကို စွန့်ခွာဖို့က သေချာသလောက်နီးပါး ဖြစ်နေပြီးသားပါ။ ကစားသမား ကိုယ်တိုင်က စိန်ခေါ်မှု အသစ်အတွက် အသင်းပြောင်းမယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ကာ ဘာစီလိုနာ အသင်းကတော့ ဒီတိုက်စစ် ကစားသမားကို ခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။ ဒါပေမဲ့ အခုဆိုရင် ဘာစီလိုနာနဲ့ အပြိုင် ချဲလ်ဆီးအသင်းကပါ လှုပ်ရှားမှုတွေ စတင်လာပါပြီ။

အင်္ဂလန်ကလပ်ဟာ ပြီးခဲ့တဲ့ ခုနှစ်တွေ ကတည်းက ရင်ဆိုင်နေရတဲ့ အထောင်တိုက်စစ်မှုး ပြဿာနာကို အခုထိ အဖြေရှာ မရသေးပါဘူး။ အားကိုးတကြီးနဲ့ ခေါ်ယူထားတဲ့ လူကာကူဟာလည်း ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အသင်းအတွက် ၂၃ ပွဲသာ ကစားနိုင်ခဲ့ပြီး သွင်းဂိုး ၈ ဂိုးသာ ရယူပေး နိုင်ခဲ့ပါတယ်။ ဘယ်ဂျီယံ တိုက်စစ်မှုးဟာ လက်ရှိမှာ အသင်းဟောင်း အင်တာမီလန်နဲ့ သတင်းတွေ ထွက်နေတာနဲ့အညီ ချဲလ်ဆီးဟာလည်း အထောင်တိုက်စစ်မှုး ပြဿာနာကို လီဝန်ဒေါစကီးနဲ့ အဖြေရှာဖို့ ကြိုးစားလာပုံပါပဲ။

ပိုလန်တိုက်စစ်မှုး အနေနဲ့ ချဲလ်ဆီးနဲ့ ဘာစီလိုနာ၊ အင်္ဂလန်မြေနဲ့ စပိန်မြေ ဘယ်ကိုရွေးမလဲ ဆိုတဲ့ အခြေအနေကလည်း စောင့်ကြည့်ချင် စရာပါပဲ။ လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့အတူ အကောင်းဆုံး ခြေစွမ်း ပြသနိုင်ခဲ့ပြီး ဂျာမနီ ကလပ်အတွက် ၃၄ ပွဲ ကစားကာ ၃၅ ဂိုးအထိ သွင်းယူပေး နိုင်ခဲ့ပါတယ်။ ပိုလန် တိုက်စစ်မှုးဟာ လက်ရှိ အချိန်မှာလည်း အကောင်းဆုံး ပုံစံ ရှိနေသေးတာကြောင့် ပရီးမီးယားလိဂ်မှာလည်း ခြေစွမ်းပြနိုင်မဲ့ပုံ ရှိနေပါသေးတယ်။

ZAWGYI: ဘာစီလိုနာနဲ့ ချဲလ်ဆီး အသင်းတို့ဟာ လာမဲ့ရာသီမှာ ဥရောပ အောင်မြင်မှု ရဖို့အတွက် အသင်းကို အကောင်းမွန်ဆုံး ပြုပြင်မွမ်းမံ နေကြပါတယ်။ သူတို့ဟာ လာမဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ ကြိုးစားနေကြပြီး ရာသီသစ်ကို အတောင့်တင်းဆုံး လူစာရင်းနဲ့ စတင်နိုင်ဖို့ မျှော်မှန်းထားကြတာပါ။ အင်္ဂလန် မီဒီယာတွေရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးအသင်းဟာ စပိန်ထိပ်သီး ဘာစီလိုနာအသင်း အရခေါ်ယူ ချင်နေတဲ့ နာမည်ကြီး ကစားသမား တစ်ဦးကို အပြိုင်ကြိုးပမ်း နေတယ်လို့ သိရပါတယ်။