လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ ပီအက်စ်ဂျီအသင်းအနေနဲ့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ချဉ်းကပ်လာပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ဆာဒီယို မာနေးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာကြောင့် ဆီနီဂေါသားကို အခြားဥရောပထိပ်သီးအသင်းတွေနဲ့ အပြိုင်စောင့်ကြည့်နေကြောင်း သိရပါတယ်။ ဒီလအစောပိုင်းတုန်းက ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ မာနေးနဲ့ လီဗာပူးလ်ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ကစားသမားရဲ့အေးဂျင့်အနေနဲ့လည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေအတွက် ဆွေးနွေးနေခဲ့တာလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ နောက်ထပ် အံ့အားသင့်စရာ အလှည့်အပြောင်းတွေဖြစ်လာခဲ့ပြီး ဂျာမန်သတင်းဌာန SportBILD ရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းအနေနဲ့ မာနေးကို ခေါ်ယူဖို့အတွက် အမှန်တကယ်အလိုရှိနေသလို မာဆေးဆိုဒ်ကနေ အဆိုပါတိုက်စစ်ကစားသမားကို ခေါ်ယူဖို့ များပြားတဲ့ ငွေကြေးပမာဏကိုတောင် သုံးသွားဖို့ရှိနေကြောင်း သိရပါတယ်။ ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေကို လက်လွှတ်ရမယ့်အခြေအနေအတွက်လည်း စီစဉ်ထားပြီးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့နိုင်ချေများနေတဲ့ ပြင်သစ်သားနေရာမှာ မာနေးနဲ့ တိုက်ရိုက်အစားထိုးထားဖို့ ကြံရွယ်နေတာပါ။

SportBILD သတင်းဌာနရဲ့ဖော်ပြချက်အရ မာနေးအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ အပြင်းအထန်စိတ်ဝင်စားမှုကို ရရှိပြီးနောက် လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် တွန့်ဆုတ်နေပြီး ဆီနီဂေါလက်ရွေးစင်တိုက်စစ်ကစားသမားအနေနဲ့ လက်ရှိမှာတော့ လီဗာပူးလ်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၂၀၀,၀၀၀ ဝန်းကျင်ရရှိနေတာဖြစ်ပါတယ်။ သူ့ရဲ့အနာဂါတ်နဲ့ ပတ်သက်ပြီး ခန့်မှန်းချက်ပေါင်းသောင်းခြောက်ထောင် ထွက်ပေါ်နေပေမယ့် မာနေးအနေနဲ့ အသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ပြသနိုင်ခဲ့ပြီး ပြီးခဲ့တဲ့တစ်ပတ်တုန်းက အက်စ်တန်ဗီလာအသင်းနဲ့ အရေးကြီးပွဲစဉ်မှာ အသင်းအတွက် မရှိမဖြစ်လိုအပ်တဲ့အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့သလို သူ့သွင်းဂိုးကြောင့်ပဲ ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မာနေးကတော့ “ဟုတ်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီမှာ ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖလားတွေအနိုင်ရယူနိုင်ခဲ့ပြီဆိုရင် ကျွန်တော်က ပိုပျော်ပါတယ်။ ဒါပေမယ့် ကျွန်တော်ထင်တာတော့ ကျွန်တော့်အနေနဲ့ အခိုက်အတန့်တိုင်းကို ပျော်ရွှင်ဖို့အတွက် ကြိုးစားနေတယ်လို့ပဲထင်တယ်။ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို ပံ့ပိုးနိုင်ဖို့အတွက် ကြိုးစားနေရင်းနဲ့ပေါ့လေ။ ကျွန်တော်ထင်တာကတော့ ဒီကောင်တွေက ကျွန်တော့်အတွက် အရာအများကြီး ပိုလွယ်ကူသွားအောင် လုပ်နိုင်ပါတယ်”

“အရိုးသားဆုံးပြောရရင် ကျွန်တော့်အနေနဲ့ အတော်ပျော်ပါတယ်။ ကျွန်တော်က အခိုက်အတန့်တိုင်းကို ပျော်ရွှင်အောင် ကြိုးစားနေပြီး ကျွန်တော့်အသင်းဖော်တွေကို ပံ့ပိုးနေရုံလေးပါ။ ကျွန်တော့်အသင်းဖော်တွေမရှိရင် ကျွန်တော်က ဘာမှမဟုတ်ပါဘူး”လို့ ပြောသွားခဲ့ပါတယ်။ မာနေးနဲ့ သူ့အသင်းဖော်တွေအနေနဲ့တော့ လုပ်စရာတွေ အများကြီးကျန်နေသေးပြီး မကြုံစဖူး တစ်ရာသီအတွင်း ဆုဖလား ၄ လုံးယူနိုင်ဖို့အတွက် အရေးကြီးပွဲစဉ် ၂ ပွဲကစားဖို့အတွက် ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။

တကယ်လို့များ လက်ရှိဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲ ပွဲစဉ် ၃၈ မှာ လီဗာပူးလ်အသင်းအနေနဲ့ အိမ်ကွင်းမှာ ဝုလ်ဗ်စ်ကို အနိုင်ရရှိသွားခဲ့ပြီး မန်ချက်စတာစီးတီးအသင်းက အက်စ်တန်ဗီလာအသင်းကို အနိုင်မယူနိုင်ခဲ့ရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကြိုးကြာနီတို့ ရရှိသွားမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ မေလ ၂၈ ရက်နေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ပါရီမြို့မှာ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ယာဂင်မ် ကလော့ပ်လက်ထက်မှာ ထပ်မံရယူနိုင်မယ့် အခွင့်အရေးတစ်ရပ်ရှိနေတာပါ။ လက်ရှိမှာတော့ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ရယူနိုင်ခဲ့ပြီးဖြစ်တဲ့ လီဗာပူးလ်အတွက်တော့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်သာ ရခဲ့ရင် အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် ပထမဆုံး ဆုဖလားကြီး ၄ လုံးကို တစ်ရာသီအတွင်းရယူနိုင်ခဲ့တဲ့ အသင်းဖြစ်လာမှာပါ။

ZAWGYI: လတ်တလောထွက်ပေါ်လာတဲ့သတင်းတွေအရ ပီအက်စ်ဂျီအသင်းအနေနဲ့ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ချဉ်းကပ်လာပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ဆာဒီယို မာနေးကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတာကြောင့် ဆီနီဂေါသားကို အခြားဥရောပထိပ်သီးအသင်းတွေနဲ့ အပြိုင်စောင့်ကြည့်နေကြောင်း သိရပါတယ်။ ဒီလအစောပိုင်းတုန်းက ဂျာမန်ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ မာနေးနဲ့ လီဗာပူးလ်ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေခဲ့တာဖြစ်ပြီး ကစားသမားရဲ့အေးဂျင့်အနေနဲ့လည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ အားကစားဒါရိုက်တာနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေအတွက် ဆွေးနွေးနေခဲ့တာလည်းဖြစ်ပါတယ်။