လီဗာပူးဟီးရိုးဖြစ်သူ ဒီဒီဟာမန်းက နည်းပြ ယာဂန်ကလော့ အနေနဲ့ ဒီနွေရာသီ အပြောင်းအရွေ့မှာ ကွင်းလယ် ကစားသမား တစ်ဦး အားမဖြည့်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ် နောင်တရသွားနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ လက်ရှိ နွေရာသီမှာ ဒါ၀င်နူးနက် ဖေဘီယိုကာဗယ်ဟို နဲ့ ကယ်ဗင်ရမ်ဆေး တို့အတွက် ပေါင်သန်း ၁၀၀ နီးပါး သုံးစွဲခဲ့ပြီးနောက် လီဗာပူး မန်နေဂျာက သူ့အနေနဲ့ နောက်ထပ် အားဖြည့်မှုတွေ လုပ်သွားတော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

အန်ဖီးနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက် အရ လီဗာပူးတို့ ဒီနွေရာသီမှာ ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူဖို့ မလုပ်ခြင်းဟာ သူတို့ လိုချင်တဲ့ ဒေါ့မွန်ရဲ့ ဘယ်လင်ဟမ်ဟာ စျေးကွက်ထဲမှာ ရှိမနေတာကြောင့်လို့ သိရပါတယ်။ လီဗာပူး ပရိတ်သတ် အများစု ကတော့ မန်စီးတီးနဲ့ ဆုဖလားတွေ အပြိုင် တိုက်ပွဲ၀င်သွားဖို့ အတွက် သူတို့အသင်း အနေနဲ့ ကွင်းလယ်လူ တစ်ဦး လိုအပ်တယ်လို့ ယူဆနေကြပါတယ်။ လီဗာပူးရဲ့ ကွင်းလယ်ပိုင်းမှာ တီယာဂို နဲ့ အသစ်ရောက်လာတဲ့ ကာဗယ်ဟို တို့လို ဖန်တီးမှုကောင်းတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ကလော့ အနေနဲ့ ဖာဘင်ညိုရဲ့ back-up အဖြစ် ကွင်းလယ်ခံစစ် ကစားသမား တစ်ဦး ခေါ်ယူဖို့ လိုတယ်လို့ pundit တွေက သုံးသပ်ထားကြပါတယ်။

ဒါပေမယ့်လည်း ဟာမန်းက သွင်းဂိုးတွေအတွက် တိုက်စစ်မှုးတွေ အပေါ်သာ အဓိက အားထားနေရတဲ့ လီဗာပူး အနေနဲ့ ကွင်းလယ် ဖန်တီးရှင် တစ်ဦး လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ ဟာမန်းက “လက်ရှိ လီဗာပူးတို့ ကြုံနေရတဲ့ အဓိက ပြသနာ ကတော့ ကွင်းလယ် တိုက်စစ် ကစားသမား ကင်းမဲ့နေတာပါပဲ။ သူတို့ အနေနဲ့ ကွင်းလယ် ကနေ ဂိုးတစ်ချို့ သွင်းယူနိုင်မယ့် ကစားသမား တစ်ဦး ရှာဖွေ သွားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကလော့ set-up လုပ်ထားတဲ့ လီဗာပူးရဲ့ ပုံစံအရ သူတို့ ဒီလို လုပျသှားလျိမျ့မယျလို့ ကျွန်တော် မထင်မိပါဘူး။ ” လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ကြားရက်က သြစတီးယားမှာ ရက်ဘူးဆဲဘတ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟာမန်းက ဒီရလဒ်ဟာ စိတ်ပူစရာ မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဟာမန်းက “လီဗာပူးရဲ့ ရာသီကြိုကာလက ရလဒ်တွေနဲ့ ပက်သက်ပြီး ပရိတ်သတ်တွေ စိတ်ပူမနေသင့်ပါဘူး။ ရက်ဘူးဆဲဘတ်ဟာ သူတို့ရဲ့ ဘောလုံးရာသီကို စတင်နေပြီး ဖြစ်ကာ ကြံ့ခိုင်မှုပိုင်းမှာ သူတို့ဟာ လီဗာပူးထက် ၂ ပတ် ၃ ပတ်လောက် ရှေ့ရောက်နေပါတယ်။ ယာဂန်ကလော့ဟာ ဒီပွဲစဉ်မှာ လူအပြောင်းအလဲတွေ များစွာ လုပ်ခဲ့တာကြောင့် ကျွန်တော် ကတော့ ဒီရလဒ်နဲ့ ပက်သက်ပြီး ခေါင်းထဲ သိပ်မထည့်ပါဘူး။”

ဆက်လက်ပြီး ဟာမန်းက ဘင်ဖီကာ ကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ နူးနက်ဟာ လီဗာပူးရဲ့ တိုက်စစ်ပိုင်းကို ဘယ်လို ကွဲပြားတဲ့ အရာတွေ ပေးစွမ်းနိုင်မလဲ ဆိုတာ ထောက်ပြသွားခဲ့ပါတယ်။ ဂျာမန်ကွင်းလယ်လူဟောင်းက “အသင်းရဲ့ တိုက်စစ်ကစားဟန်ဟာ ဘယ်လို ခြားနားသွားမလဲ ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နူးနက်ဟာ ရောဘတ်တိုဖာမီနို နဲ့ လုံး၀ ခြားနားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဖာမီနိုဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း လီဗာပူးရဲ့ တိုက်စစ် ကစားဟန်မှာ false 9 အဖြစ် များစွာ အကျိုးပြုခဲ့ပါတယ်။ ”

“အဲဒီနောက် လီဗာပူးဟာ တစ်ရာသီမှာ အသင်းအတွက် သွင်းဂိုး ၂၀ ၊ ဂိုးဖန်တီးမှု ၁၀ ကြိမ် ၁၅ ကြိမ်လောက် လုပ်နိုင်တဲ့ ကစားသမားကို ဆုံးရှုံးထားခဲ့ပါတယ်။ ဒါကို လူး၀စ်ဒီယက် လုပ်ပြနိုင်မလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ သူဟာ လီဗာပူး ကစားသမား ဘ၀ကို ကောင်းကောင်း စတင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။” လို့ ပြောသွားပါတယ်။

ZAWGYI: လီဗာပူးဟီးရိုးဖြစ်သူ ဒီဒီဟာမန်းက နည်းပြ ယာဂန်ကလော့ အနေနဲ့ ဒီနွေရာသီ အပြောင်းအရွေ့မှာ ကွင်းလယ် ကစားသမား တစ်ဦး အားမဖြည့်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်ချက် အပေါ် နောင်တရသွားနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ လက်ရှိ နွေရာသီမှာ ဒါ၀င်နူးနက် ဖေဘီယိုကာဗယ်ဟို နဲ့ ကယ်ဗင်ရမ်ဆေး တို့အတွက် ပေါင်သန်း ၁၀၀ နီးပါး သုံးစွဲခဲ့ပြီးနောက် လီဗာပူး မန်နေဂျာက သူ့အနေနဲ့ နောက်ထပ် အားဖြည့်မှုတွေ လုပ်သွားတော့မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

အန်ဖီးနဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက် အရ လီဗာပူးတို့ ဒီနွေရာသီမှာ ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူဖို့ မလုပ်ခြင်းဟာ သူတို့ လိုချင်တဲ့ ဒေါ့မွန်ရဲ့ ဘယ်လင်ဟမ်ဟာ စျေးကွက်ထဲမှာ ရှိမနေတာကြောင့်လို့ သိရပါတယ်။ လီဗာပူး ပရိတ်သတ် အများစု ကတော့ မန်စီးတီးနဲ့ ဆုဖလားတွေ အပြိုင် တိုက်ပွဲ၀င်သွားဖို့ အတွက် သူတို့အသင်း အနေနဲ့ ကွင်းလယ်လူ တစ်ဦး လိုအပ်တယ်လို့ ယူဆနေကြပါတယ်။ လီဗာပူးရဲ့ ကွင်းလယ်ပိုင်းမှာ တီယာဂို နဲ့ အသစ်ရောက်လာတဲ့ ကာဗယ်ဟို တို့လို ဖန်တီးမှုကောင်းတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ကလော့ အနေနဲ့ ဖာဘင်ညိုရဲ့ back-up အဖြစ် ကွင်းလယ်ခံစစ် ကစားသမား တစ်ဦး ခေါ်ယူဖို့ လိုတယ်လို့ pundit တွေက သုံးသပ်ထားကြပါတယ်။

ဒါပေမယ့်လည်း ဟာမန်းက သွင်းဂိုးတွေအတွက် တိုက်စစ်မှုးတွေ အပေါ်သာ အဓိက အားထားနေရတဲ့ လီဗာပူး အနေနဲ့ ကွင်းလယ် ဖန်တီးရှင် တစ်ဦး လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ ဟာမန်းက လက်ရှိ လီဗာပူးတို့ ကြုံနေရတဲ့ အဓိက ပြသနာ ကတော့ ကွင်းလယ် တိုက်စစ် ကစားသမား ကင်းမဲ့နေတာပါပဲ။ သူတို့ အနေနဲ့ ကွင်းလယ် ကနေ ဂိုးတစ်ချို့ သွင်းယူနိုင်မယ့် ကစားသမား တစ်ဦး ရှာဖွေ သွားဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကလော့ set-up လုပ်ထားတဲ့ လီဗာပူးရဲ့ ပုံစံအရ သူတို့ ဒီလို လုပျသှားလျိမျ့မယျလို့ ကျွန်တော် မထင်မိပါဘူး။ လို့ ဆိုလိုက်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ ကြားရက်က သြစတီးယားမှာ ရက်ဘူးဆဲဘတ်နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟာမန်းက ဒီရလဒ်ဟာ စိတ်ပူစရာ မရှိဘူးလို့ ပြောလိုက်ပါတယ်။ ဟာမန်းက လီဗာပူးရဲ့ ရာသီကြိုကာလက ရလဒ်တွေနဲ့ ပက်သက်ပြီး ပရိတ်သတ်တွေ စိတ်ပူမနေသင့်ပါဘူး။ ရက်ဘူးဆဲဘတ်ဟာ သူတို့ရဲ့ ဘောလုံးရာသီကို စတင်နေပြီး ဖြစ်ကာ ကြံ့ခိုင်မှုပိုင်းမှာ သူတို့ဟာ လီဗာပူးထက် ၂ ပတ် ၃ ပတ်လောက် ရှေ့ရောက်နေပါတယ်။ ယာဂန်ကလော့ဟာ ဒီပွဲစဉ်မှာ လူအပြောင်းအလဲတွေ များစွာ လုပ်ခဲ့တာကြောင့် ကျွန်တော် ကတော့ ဒီရလဒ်နဲ့ ပက်သက်ပြီး ခေါင်းထဲ သိပ်မထည့်ပါဘူး။

ဆက်လက်ပြီး ဟာမန်းက ဘင်ဖီကာ ကနေ ပေါင် ၈၅ သန်းနဲ့ ပြောင်းလာခဲ့တဲ့ နူးနက်ဟာ လီဗာပူးရဲ့ တိုက်စစ်ပိုင်းကို ဘယ်လို ကွဲပြားတဲ့ အရာတွေ ပေးစွမ်းနိုင်မလဲ ဆိုတာ ထောက်ပြသွားခဲ့ပါတယ်။ ဂျာမန်ကွင်းလယ်လူဟောင်းက အသင်းရဲ့ တိုက်စစ်ကစားဟန်ဟာ ဘယ်လို ခြားနားသွားမလဲ ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ နူးနက်ဟာ ရောဘတ်တိုဖာမီနို နဲ့ လုံး၀ ခြားနားတဲ့ ကစားသမား ဖြစ်ပါတယ်။ ဖာမီနိုဟာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း လီဗာပူးရဲ့ တိုက်စစ် ကစားဟန်မှာ false 9 အဖြစ် များစွာ အကျိုးပြုခဲ့ပါတယ်။

အဲဒီနောက် လီဗာပူးဟာ တစ်ရာသီမှာ အသင်းအတွက် သွင်းဂိုး ၂၀ ၊ ဂိုးဖန်တီးမှု ၁၀ ကြိမ် ၁၅ ကြိမ်လောက် လုပ်နိုင်တဲ့ ကစားသမားကို ဆုံးရှုံးထားခဲ့ပါတယ်။ ဒါကို လူး၀စ်ဒီယက် လုပ်ပြနိုင်မလား ဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ သူဟာ လီဗာပူး ကစားသမား ဘ၀ကို ကောင်းကောင်း စတင်ထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်မလား ဆိုတာ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ လို့ ပြောသွားပါတယ်။