ဒန်နီမာဖီက ၀က်ဟမ်း ကွင်းလယ်လူ ဒန်ကလန်ရိုက်စ်ဟာ လီဗာပူး အတွက် အရမ်းကို ကောင်းလွန်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်ပြီး ဒါဟာ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်ရဲ့ နေရာအတွက် အကောင်းဆုံး အစားထိုးမှု ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ရိုက်စ်ဟာ ဒီရာသီမှာလည်း ၀က်ဟမ်း အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနေခဲ့တာကြောင့် ထိပ်တန်း အသင်းကြီးတွေက အပြိုင် စိတ်၀င်စားနေကြပြီး လန်ဒန်ကလပ်မှာ အနာဂတ် မတည်မငြိမ် ဖြစ်နေပါတယ်။

မန်ယူနိုက်တက် နဲ့ ချဲလ်ဆီး တို့ကတော့ ရိုက်စ်ကို ခေါ်ယူဖို့ စိတ်၀င်စားမှု အရှိဆုံးကလပ်တွေ ဖြစ်ကြပြီး နည်းပြ ဒေးဗစ်မိုရက် ကတော့ အင်္ဂလန်စတားဟာ ပေါင်သန်း ၁၅၀ တန်ကြေး ရှိတဲ့သူလို့ ပြောလိုက်ပါတယ်။ လီဗာပူး ကွင်းလယ်လူဟောင်း မာဖီက သူ့အသင်းဟောင်းရဲ့ ငွေကြေး သုံးစွဲနိုင်စွမ်းနဲ့ ပက်သက်ပြီး သံသယ ဖြစ်နေပေမယ့်လည်း ရိုက်စ်ကိုသာ အန်ဖီးထံ ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ဒါဟာ အလွန် ပြောင်မြောက်လှတဲ့ ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးသွား ပါတယ်။

လီဗာပူးတို့ နွေရာသီမှာ ဘယ်ကစားသမားကို ခေါ်ယူသွားသင့်သလဲ ဆိုတဲ့ မေးခွန်းကို မာဖီက “ကျွန်တော့် အတွက် ကတော့ ၁၀၀% ဒန်ကလန်ရိုက်စ် ပါပဲ။ အကယ်၍ ခင်ဗျားတို့ ဂျော်ဒန်ဟန်ဒါဆန်ရဲ့ နေရာကို ရေရှည်မှာ အစားထိုးဖို့ အတွက် ကစားသမား တစ်ဦး ရှာဖွေနေတယ် ဆိုရင် ဒီကစားသမားဟာ အသင်းမှာ နောက်ထပ် ၁၀ နှစ်လောက် ရှိနေနိုင်မယ့်သူ ဖြစ်ရပါမယ်။ ရိုက်စ်ဟာ တအားကို အားကစား စိတ်ဓာတ် ပြင်းထန်သူပါ။

သူဟာ ဟန်ဒါဆန်လိုမျိုး box to box ကစားပေးနိုင်သူ ဖြစ်ပြီး သူဟာ အသင်းဖော်တွေကိုလည်း ကောင်းစွာ ဦးဆောင်ပေးနိုင်သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကွင်းလယ် အထိုင်နေရာမှာ ကစားသွားစရာ မလိုပါဘူး။ ဒါပေမယ့် ဖာဘင်ညို ဒဏ်ရာ ရသွားခဲ့မယ်ဆိုရင် ရိုက်စ်ဟာ ဒီနေရာကို ၀င်ပြီး ဖြည့်ကစားပေးနိုင်ပါတယ်။ ကျွန်တော် ကတော့ သူဟာ ၀က်ဟမ်းထက် ပိုကောင်းတဲ့ အသင်းမှာ တအားကို ကောင်းတဲ့ နံပါတ် ၈ ဖြစ်နိုင်မယ်လို့ ထင်ပါတယ်။ သူဟာ တိုက်စစ်ကို လိုက်ပါ ပံ့ပိုးကာ တစ်ချို့ အချိန်တွေမှာ ကိုယ်တိုင်လည်း ဂိုးသွင်းပေးနိုင်တယ် ဆိုတာကို ပြသထားခဲ့ပါတယ်။

သူဟာ တအားကို စျေးကြီးလိမ့်မယ် ဆိုတာ ကျွန်တော် သိပါတယ်။ လီဗာပူး ဘက်ကလည်း ကစားသမား တစ်ဦး အတွက် ဒီလောက် များပြားလှတဲ့ ငွေကြေးပမာဏကို ပေးချေသွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပရိတ်သတ်တွေရဲ့ အမြင်နဲ့ Pundit တွေရဲ့ အမြင်ကို ခင်ဗျားတို့ မေးမြန်းသွားမယ် ဆိုရင် လီဗာပူးတို့သာ ဒန်ကလန်ရိုက်စ်ကို ခေါ်ယူနိုင်ခဲ့မယ် ဆိုရင် ဒါဟာ တအားကို ကောင်းမွန်လှတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာမှာပါ။ ဒါပေမယ့် ကျွန်တော် ခုနက ပြောခဲ့သလိုပဲ ပြောင်းရွေ့ကြေး ပမာဏကြောင့် ဒီအပြောင်းအရွေ့ဟာ မဖြစ်နိုင်လောက်ပါဘူး။” လို့ ဆိုခဲ့ပါတယ်။

ZAWGYI…ဒန်နီမာဖီက ၀က်ဟမ်း ကွင်းလယ်လူ ဒန်ကလန်ရိုက်စ်ဟာ လီဗာပူး အတွက် အရမ်းကို ကောင်းလွန်းတဲ့ ကစားသမား ခေါ်ယူမှု ဖြစ်လာလိမ့်မယ်လို့ ဆိုလိုက်ပြီး ဒါဟာ အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန်ရဲ့ နေရာအတွက် အကောင်းဆုံး အစားထိုးမှု ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ရိုက်စ်ဟာ ဒီရာသီမှာလည်း ၀က်ဟမ်း အတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားနေခဲ့တာကြောင့် ထိပ်တန်း အသင်းကြီးတွေက အပြိုင် စိတ်၀င်စားနေကြပြီး လန်ဒန်ကလပ်မှာ အနာဂတ် မတည်မငြိမ် ဖြစ်နေပါတယ်။