မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးဟောင်း ဖြစ်သူ ဒီယေဂိုဖော်လန်က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လီဗာပူး မန်နေဂျာ ယာဂန်ကလော့ နှစ်သက်သဘောကျတဲ့ တိုက်စစ်မှုး ဖြစ်သူ ဘင်ဖီကာ စတား ဒါ၀င်နူးနက်ကို နွေရာသီမှာ အိုးထရပ်ဖို့ဒ်ကို အရောက် ခေါ်ယူသွားရန် တိုက်တွန်း သွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဥရုဂွေး လက်ရွေးစင်ဟာ ဒီရာသီမှာ ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၃၄ ဂိုးထိ သွင်းယူပေးခဲ့သူ ဖြစ်ပြီး ၎င်းကို မန်ယူနိုက်တက် လီဗာပူး အပါအ၀င် ဥရောပ ထိပ်တန်းကလပ်တွေက စိတ်၀င်စားမှုတွေ ပြသနေကြပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း နူးနက်ကို ခေါ်ယူဖို့ စိတ်၀င်စားနေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့ကာ နူးနက်ဟာ ဒီရာသီ လီဗာပူးနဲ့ ရင်ဆိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပွဲစဉ် ၂ ပွဲစလုံးမှာ လီဗာပူးဘက်ကို ဂိုးသွင်းနိုင်ခဲ့တဲ့သူ ဖြစ်ပြီး လီဗာပူးတို့ ဧပြီလက ပေါ်တူဂီမှာ ၃-၁ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ် အပြီးမှာ ကလော့ ကိုယ်တိုင်က ဥရုဂွေး ကြယ်ပွင့်ကို ချီးကျူးခဲ့ပါသေးတယ်။

ကလော့က “တကယ့်ကို ကြည့်ကောင်းလှတဲ့ ကောင်လေးပဲ မဟုတ်လား? သူဟာ တကယ့်ကို တော်တဲ့ ကောင်လေးပါ။ သူဟာ ကျွန်တော့်ရဲ့ ရှေ့မှာ ကိုနာတေးနဲ့ battle ဆိုင်နေခဲ့တာ ဖြစ်ပါတယ်။ သူရဲ့ သွင်းဂိုးကလည်း တည်ငြိမ်တဲ့ အဆုံးသတ် ဖြစ်ပါတယ်။ သူဟာ တကယ်တော်တဲ့ ကစားသမားပါ။ အကယ်၍ သူသာ ဒဏ်ရာပြသနာ ကင်းရှင်းအောင် လုပ်နိုင်ခဲ့မယ်ဆိုရင် သူ့ရဲ့ ရှေ့မှာ ကြီးကြယ်တဲ့ ကစားသမား ဘ၀ ရှိနေပါတယ်။” လို့ ဆိုခဲ့ပါတယ်။

ဥရုဂွေး လက်ရွေးစင်ဟောင်း ဖြစ်သူ ဖော်လန် ကလည်း ဒီရာသီ ချန်ပီယံလိဂ်မှာ နူးနက်ရဲ့ form ကို ကြည့်လိုက်မယ်ဆိုရင် ဘင်ဖီကာ စတားရဲ့ အရည်အသွေးကို ကောင်းကောင်း မြင်တွေ့နိုင်တယ်လို့ ထောက်ပြလိုက်ပါတယ်။ ဖော်လန်က “ကျွန်တော်ကတော့ သူဟာ တအားကို ကောင်းတဲ့ ကစားသမား တစ်ဦးလို့ ထင်ပါတယ်။ တော်တဲ့ကောင်လေး ဖြစ်ကာ သူဟာ ဘင်ဖီကာမှာ ကောင်းကောင်း လုပ်ပြနေပါတယ်။ နူးနက်ဟာ အရမ်းကောင်းတဲ့ ရာသီကို ပိုင်ဆိုင်ခဲ့ပါတယ်။”

Benfica’s Uruguayan forward Darwin Nunez reacts after is goal is disallowed due to his offside position during the UEFA Champions League quarter final second leg football match between Liverpool and Benfica at the Anfield stadium, in Liverpool, on April 13, 2022. (Photo by Paul ELLIS / AFP) (Photo by PAUL ELLIS/AFP via Getty Images)

“သူဟာ ပေါ်တူဂီလိဂ်မှာတင် ကောင်းကောင်း လုပ်ပြနိုင်ခဲ့တာ မဟုတ်ပါဘူး။ ချန်ပီယံလိဂ်မှာလည်း သူ ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ အဲဒီပြိုင်ပွဲမှာ သူဟာ ၆ ဂိုး သွင်းယူခဲ့ပြီး ဘင်ဖီကာကို ကွာတားဖိုင်နယ်ထိ ပို့ဆောင်ပေးခဲ့ပါတယ်။ သူဟာ အလားအလား အများကြီး ရှိနေတဲ့ ကစားသမား တစ်ဦးပါ။ သူဟာ မန်ချက်စတာယူနိုက်တက် နဲ့ အံ၀င်မယ့်သူ ဖြစ်နိုင်ပါတယ်။ သူဟာ ပိုမို အတွေ့အကြုံ ရင့်ကျက်လာခဲ့ပေမယ့်လည်း အားလုံး သိတဲ့အတိုင်းပဲ သူ့အပေါ် စိတ်ရှည်ပေးဖို့တော့ လိုအပ်မှာပါ။”

“သူဟာ မန်ချက်စတာယူနိုက်တက် အတွက် ဆိုးရွားတဲ့ ကစားသမား ခေါ်ယူမှု လုံး၀ မဖြစ်နိုင်ပါဘူး။ သူ့ကို အိုးထရပ်ဖို့ဒ်မှာ မြင်ရမယ် ဆိုရင် တအားကို ကောင်းမှာပါ။ ဒီကလပ်ဟာ ကစားသမားတွေကို အချိန်ပေးလေ့ ရှိပါတယ်။ ဒါဟာ သူ့ကို သက်တောင့်သက်သာ ခံစားစေမှာ ဖြစ်ပါတယ်။ ဒါဟာ မိသားစုဆန်တဲ့ ကလပ်ဖြစ်ပြီး သူ့ကို နွေးထွေးမှု နဲ့ ဂရုစိုက်မှုတွေ ပေးနိုင်မှာပါ။ သူဟာ မန်ချက်စတာယူနိုက်တက် အတွက် ကစားပေးခဲ့မယ် ဆိုရင် တအားကို ကျေနပ်စရာ ဖြစ်လာမှာပါ။” လို့ ဆိုလိုက်ပါတယ်။

ZAWGYI: မန်ချက်စတာယူနိုက်တက် တိုက်စစ်မှုးဟောင်း ဖြစ်သူ ဒီယေဂိုဖော်လန်က သူ့ရဲ့ အသင်းဟောင်း အနေနဲ့ လီဗာပူး မန်နေဂျာ ယာဂန်ကလော့ နှစ်သက်သဘောကျတဲ့ တိုက်စစ်မှုး ဖြစ်သူ ဘင်ဖီကာ စတား ဒါ၀င်နူးနက်ကို နွေရာသီမှာ အိုးထရပ်ဖို့ဒ်ကို အရောက် ခေါ်ယူသွားရန် တိုက်တွန်း သွားခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ဥရုဂွေး လက်ရွေးစင်ဟာ ဒီရာသီမှာ ဘင်ဖီကာ အတွက် ပြိုင်ပွဲစုံ ၄၁ ပွဲမှာ ၃၄ ဂိုးထိ သွင်းယူပေးခဲ့သူ ဖြစ်ပြီး ၎င်းကို မန်ယူနိုက်တက် လီဗာပူး အပါအ၀င် ဥရောပ ထိပ်တန်းကလပ်တွေက စိတ်၀င်စားမှုတွေ ပြသနေကြပါတယ်။