လီဗာပူး ဟာ သူတို့ရဲ့ ပေါ်တူဂီ တိုက်စစ် ကစားသမား ဒီယိုဂို ဂျော်တာ ကို 2027 ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း ဒီညနေမှာပဲ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ဂျော်တာ ဟာ 2020 ခုနှစ် ကမှ ဝုဖ် ကနေ ပြောင်းရွှေ့ကြေး ပေါင် 45 သန်း နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ 5 နှစ် စာချုပ် ချုပ်ဆိုခဲ့သူပါ။ လက်ရှိ စာချုပ် သက်တမ်းက 2025 ခုနှစ် အထိ ကျန်ရှိနေသေးသည့်တိုင်အောင် ၊ လီဗာပူး ဟာ ဂျော်တာ ရဲ့ စွမ်းဆောင်ရည်တွေ အပေါ် သဘောကျတဲ့ အတွက် 2 နှစ် အကြာမှာပဲ ထိုက်တန်တဲ့ လစာ တိုးပေးကာ 2027 ခုနှစ် အထိ တိုးမြှင့်ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။

“ အရမ်းကို ဂုဏ်ယူမိတာပဲလို့ပဲ ပြောချင်ပါတယ်။ လွန်ခဲ့တဲ့ 2 နှစ် ၊ ကျနော် ဒီကလပ်ကို ရောက်လာချိန်က စလို့ အသင်းရဲ့ အရေးပါတဲ့ ကစားသမား တစ်ယောက် အဖြစ် တည်ဆောက်နိုင်ခဲ့ပါတယ်။ အစောပိုင်းမှာ ကျနော် ရည်မှန်းခဲ့တာကလဲ ဒီအတိုင်းပါပဲ။ အခုတော့ စာချုပ်သစ်မှာ ထပ်ပြီး လက်မှတ်ထိုးခွင့်ရပြီပေါ့။ ဒါဟာ ကလပ် အသင်းဘက်က ကျနော့် ရဲ့ စွမ်းဆောင်ရည်တွေ အပေါ် ယုံကြည်မှု အပြည့်ရှိတယ် ဆိုတာ ပြသလိုက်တာပါ။ ကျနော့် အနေနဲ့လဲ အချိန်တို အတွင်းမှာ အရေပါတဲ့ ကစားသမား တစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့တဲ့ အပေါ် ကျေနပ်မိပါတယ်။”

” အခု ရာသီ အစ ဆိုတော့ ရှေ့ဆက်ပြီး တိုက်ပွဲဝင် ကြတာပေါ့ဗျာ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။ လက်ရှိမှာ ဂျော်တာ ဟာ တံကောက်ကြော ဒဏ်ရာပြသနာကြောင့် အနားယူနေရပြီး ၊ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်တွေ ကစားပြီးမှသာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ဖွယ် ရှိနေပါတယ်။ “ ကံ မကောင်းစွာနဲ့ပဲ ရာသီအကြို ပြင်ဆင်တဲ့ အချိန်မှာ မျှော်လင့်မထားတာတွေ နဲ့ ကြုံလိုက်ရတယ်ဗျာ ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီ နောက်ဆုံးပွဲစဉ်မှာ ပေါ်တူဂီ အတွက် ကစားရင်း ဒဏ်ရာ ရခဲ့တာပါ။ ”

“ဒါနဲ့ ရာသီ အကြို ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ပြန်လာချိန်မှာ ၊ အဲဒီနေရာက နောက်တစ်ကြိမ် ပြန်ပြီး နာလာပြန်ပါတယ်။ ပြောရရင် နောက်ထပ် ရက် သတ္တပတ် အနည်းငယ် ထပ်နားရဦးမယ် ထင်ပါတယ်။ မနှစ်ကလိုမျိုး ဆုဖလားပေါင်းစုံ မှန်းပြီး တိုက်ပွဲဝင်မယ် ဆိုရင် ၊ ကျနော်တို့ အနေနဲ့ ဖြစ်နိုင်သမျှ ပိုကောင်းအောင် ကြိုးစားဖို့ လိုပါတယ်။ အဲဒီ ဆန္ဒကပဲ ကျနော်တို့ကို စိတ်ဓါတ်ခွန်အားတွေ မွေးဖွားစေတာပါ။ ကစားဖော်တွေ နဲ့ ဝန်ထမ်းတွေ အားလုံးလဲ အဲဒီအတိုင်းပဲ ဖြစ်မယ် ဆိုတာ သိပါတယ်။ အဲဒီ ဖလားတွေ ကို တိုက်ပွဲဝင်ဖို့ အတွက် ကျနော်တို့မှာ လိုအပ်ချက်တွေ အားလုံး ရှိနေပါပြီ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ZAWGYI: လီဗာပူး ဟာ သူတို့ရဲ့ ပေါ်တူဂီ တိုက်စစ် ကစားသမား ဒီယိုဂို ဂျော်တာ ကို 2027 ခုနှစ် အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်ကြောင်း ဒီညနေမှာပဲ တရားဝင် ထုတ်ပြန် ကြေငြာလိုက်ပါတယ်။ ဂျော်တာ ဟာ 2020 ခုနှစ် ကမှ ဝုဖ် ကနေ ပြောင်းရွှေ့ကြေး ပေါင် 45 သန်း နဲ့ ရောက်ရှိလာခဲ့သူ ဖြစ်ပြီး ၊ 5 နှစ် စာချုပ် ချုပ်ဆိုခဲ့သူပါ။ လက်ရှိ စာချုပ် သက်တမ်းက 2025 ခုနှစ် အထိ ကျန်ရှိနေသေးသည့်တိုင်အောင် ၊ လီဗာပူး ဟာ ဂျော်တာ ရဲ့ စွမ်းဆောင်ရည်တွေ အပေါ် သဘောကျတဲ့ အတွက် 2 နှစ် အကြာမှာပဲ ထိုက်တန်တဲ့ လစာ တိုးပေးကာ 2027 ခုနှစ် အထိ တိုးမြှင့်ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။