ကြိုးကြာနီတို့ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီးနောက် အောင်ပွဲခံနေတဲ့ အလံဘေးမှာ လီ​​ဗာပူးနည်းပြ ကလော့နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ အယ်လာတို့ရဲ့ အလန်းစား ဓာတ်ပုံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ မေလ ၃ ရက်နေ့ ဗီလာရီးရဲ အသင်းနဲ့ ဒုတိယအကျော့ ပွဲစဥ်မှာ ကြိုးကြာနီတို့ဟာ ၃ဂိုး ၂ဂိုး ဆိုတဲ့ ရလဒ်နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ သူတို့ဟာ ပထမအကျော့မှာ ၂ဂိုး ပြတ် အနိုင်ရရှိ ထားတာကြောင့် ၂ ကျော့ပေါင်း ၅ဂိုး ၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ကလော့ရဲ့ အသင်းက ၅နှစ်အတွင်း ၃ ကြိမ်မြောက် ချန်ပီယံလိဂ် ဖိုင်နယ်ကို ကစားရမှာ ဖြစ်ပြီး အဆိုပါ ညမှာလည်း အောင်ပွဲခံခဲ့ကြပါသေးတယ်။

ဂျာမနီသား နည်းပြကြီးကတော့ မကြာသေးမီကမှ အန်ဖီး ကလပ်နဲ့ သဘောတူညီမှု အသစ် ရရှိခဲ့ပါတယ်။ ဒါကြောင့် သူဟာ ၂၀၂၆ ခုနှစ် မတိုင်ခင်အထိ အသင်းမှာ ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီ သဘောတူညီမှု အသစ်နဲ့ ပတ်သတ်ပြီး သူက သူ့ရဲ့ ဇနီးဖြစ်သူ အယ်လာကို ရည်စူးခဲ့ပြီး သူမက ကျွန်တော့်ကို အသင်းမှာ ဆက်ရှိနေစေချင်ခဲ့တာပါလို့ ပြောဆိုခဲ့ပါတယ်။ ကလော့က အသင်းရဲ့ တွစ်တာအကောင့်မှာ ” ကျွန်တော် အသင်းမှာ နောက် ၂ နှစ်လောက် ဆက်ရှိနေမှာပါ။”

” ကျွန်တော် တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ နည်းပြ ဝန်ထမ်းအားလုံးကလည်း အရေးပါပါတယ်။ ဘာကြောင့်လဲ? ဒါဟာ မေးခွန်းတစ်ခု မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အယ်လာက ဆက်ပြီး ရှိနေချင် သေးတာကြောင့်ပါ။ ခင်ပွန်းကောင်း တစ်ယောက်အနေနဲ့ ခင်ဗျားတို့ရဲ့ ဇနီးသည်က ဆက်နေစေ ချင်တယ်ဆိုရင် ခင်ဗျားတို့ ဘာလုပ်နေမလဲ? ခင်ဗျားတို့ နေရမှာပေါ့။ ” လို့ ပြောဆိုခဲ့ပါတယ်။ လီဗာပူး အသင်းဟာ မေလ ၂၈ ရက် ပဲရစ်မှာ ကျင်းပမဲ့ ဖိုင်နယ် ပွဲစဥ်မှာ ရီးရဲမက်ဒရစ် အသင်းကို ရင်ဆိုင်သွားရမှာ ဖြစ်ပြီး သူတို့ရဲ့ စိတ်ထဲမှာလည်း လက်စားချေဖို့ တွေးထားမှာပါ။

ဒီ ၂ သင်း နောက်ဆုံး ယှဥ်ပြိုင်ခဲ့တဲ့ နောက်ဆုံး ချန်ပီယံလိဂ် ဖိုင်နယ်ကတော့ ၂၀၁၈ ခုနှစ်မှာ ဖြစ်ပါတယ်။ ရီးရဲမက်ဒရစ် အသင်းကတော့ အဆိုပါ ပွဲစဥ်မှာ ကလော့ရဲ့ အသင်းထက် ပိုကောင်းခဲ့ပါတယ်။ ဆာလတ်ဟာ ရာမို့စ်ရဲ့ အန္တရာယ်များတဲ့ ကိုင်တွယ်မှုကြောင့် ပွဲစဥ် အစောပိုင်းမှာပဲ လူစားလဲခဲ့ရပါတယ်။ အဲဒီနောက် မက်ဒရစ် အသင်းဟာ ဂိုးသမား ကားရီးရပ်စ်ရဲ့ အမှားကို ကောင်းကောင်း အသုံးချနိုင်ခဲ့ပြီး အဆိုပါ ညမှာ ၃ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဗီလာရီးရဲနဲ့ သူတို့ရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပထမပိုင်းမှာ ကလော့ရဲ့ အသင်းဟာ စိတ်လှုပ်ရှားနေပြီး ဆုံးဖြတ်ချက်တွေ မပြတ်သားခဲ့ပါဘူး။ သူတို့ဟာ ပထမပိုင်းမှာ ပြီးခဲ့တဲ့ ၅ နှစ်က သူတို့ ပြသခဲ့တာထက် ပေးပို့မှု ပိုမိုနည်းပါးခဲ့ပါတယ်။ ချန်ပီယံလိဂ် ၆ ကြိမ် ဆုရှင် အသင်းဟာ ဒုတိယပိုင်းမှာတော့ ကွဲပြားတဲ့ အသင်းဖြစ်လာခဲ့ပါတယ်။ ဗီလာရီးရဲ အသင်းဟာ ပထမပိုင်းမှာ ၂ဂိုး အသာနဲ့ ဦးဆောင်ထားပြီး ၂ ကျော့ပေါင်း ၂ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဖာဘင်ဟို ၊ လူးဝစ်ဒီးယက်နဲ့ ဆာဒီယိုမာနေးတို့ရဲ့ သွင်းဂိုးတွေကြောင့် အရာအားလုံးကို ပြောင်းလဲနိုင်ခဲ့ပြီး ကြိုးကြာနီတို့ဟာ သူတို့ရဲ့ ၁၀ ကြိမ်​မြောက် ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ကလော့က ဒုတိယပိုင်း အတွင်း သူ့ကစားသမားတွေကို ဘယ်လိုပြောဆိုခဲ့ကြောင်း ဖော်ထုတ်ပြောဆိုခဲ့ပါတယ်။ သူ့ ကစားသမားတွေ ဒီထက်ပိုကောင်းအောင် ကစားနိုင်တာ တွေ့ချင်ကြောင်း ပြောဆိုရင်း ” ကျွန်တော်တို့ သွားသင့်တဲ့ နေရာနဲ့ ပိုကောင်းတဲ့ နေရာကို သွားနိုင်ဖို့ ရှင်းပြခဲ့တာပါ။ ဘာပြောင်းလဲနိုင်တာမှ မရှိခဲ့ဘူး။ ဒါကြောင့် သူ့တို့ကို ပြသနာအချို့ ဖြစ်စေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့ကိုပဲ ဦးတည်နေတဲ့ ခံစစ်ကြောင့် ကျွန်တော်တို့ သူတို့ လက်ထဲမှာ ကစားခဲ့ရပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။ သူက ဆက်လက်ပြီး ” ပွဲမစတင်မီ ကျွန်တော်က ‘ အနိုင်ရလိုစိတ် ပြင်းထန်တဲ့ ကစားသမားတွေ မြို့ထဲကို ရောက်လာပြီ ‘ ဆိုတဲ့ ခေါင်းစည်းပိုင်းကို ဖတ်ချင်တယ်လို့ ကစားသမားတွေကို ပြောခဲ့ပါတယ်။ ”

” ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ကျွန်တော့် ကစားသမားတွေဟာ ရလဒ်အတွက်သာ ကစားတဲ့ အသင်း ဖြစ်စေချင်တာပါ။ ခုခံ ကစားရာတာမျိုး မဟုတ်ပါဘူး။ ” လို့ ပြောဆိုခဲ့ပါတယ်။ လီ​​ဗာပူး အသင်းဟာ ပြိုင်ပွဲ ၃ ခုလုံးမှာ (ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ အက်ဖ်အေ) မျှော်လင့်ချက် ကျန်ရှိနေပါသေးတယ်။ ပြီးတော့ သူတို့ဟာ မကြုံဖူးသေးတဲ့ ဆုဖလား ၄ လုံး အိပ်မက်ကို မျက်စိကျနေတာပါ။ သူတို့ဟာ မေလ ၁၄ ရက် အက်ဖ်အေဖလား ဖိုင်နယ်မှာ ချဲလ်ဆီးအသင်းနဲ့ ကစားရမှာဖြစ်ပြီး သူတို့ဟာ နောက်ဆုံး ၄ ပွဲကျန် အနေအထားမှာ ပရီးမီးယားလိဂ် ဦးဆောင်သူ မန်ချက်စတာစီးတီး အသင်းကို တစ်မှတ် အကွာကနေ ဖိအားပေးနေခဲ့ပါတယ်။

ZAWGYI: ကြိုးကြာနီတို့ ချန်ပီယံလိဂ် ဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီးနောက် အောင်ပွဲခံနေတဲ့ အလံဘေးမှာ လီ​​ဗာပူးနည်းပြ ကလော့နဲ့ သူ့ရဲ့ ဇနီးဖြစ်သူ အယ်လာတို့ရဲ့ အလန်းစား ဓာတ်ပုံတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ မေလ ၃ ရက်နေ့ ဗီလာရီးရဲ အသင်းနဲ့ ဒုတိယအကျော့ ပွဲစဥ်မှာ ကြိုးကြာနီတို့ဟာ ၃ဂိုး ၂ဂိုး ဆိုတဲ့ ရလဒ်နဲ့ ပြန်လာနိုင်ခဲ့ပါတယ်။ သူတို့ဟာ ပထမအကျော့မှာ ၂ဂိုး ပြတ် အနိုင်ရရှိ ထားတာကြောင့် ၂ ကျော့ပေါင်း ၅ဂိုး ၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ ကလော့ရဲ့ အသင်းက ၅နှစ်အတွင်း ၃ ကြိမ်မြောက် ချန်ပီယံလိဂ် ဖိုင်နယ်ကို ကစားရမှာ ဖြစ်ပြီး အဆိုပါ ညမှာလည်း အောင်ပွဲခံခဲ့ကြပါသေးတယ်။