လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ရင်ဆိုင်ကစားကြမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားမှာဖြစ်ကြောင်း အဆိုပါ ၂ သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ပြောကြားလာခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေညတုန်းက နိုင်ပွဲရခဲ့ပါလျက်နဲ့ တစ်ဖက်က မန်ချက်စတာစီးတီးအသင်းရဲ့ အံ့အားသင့်ဖွယ်ရာ Comeback နိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၁ မှတ်အကွာကနေ လက်လွှတ်ခဲ့ရတာပါ။

ဒါပေမယ့်လည်း FA ဖလားနဲ့ ကာရာဘောင်းဖလားတို့ကို ဆွတ်ခူးထားနိုင်ခဲ့ပြီးဖြစ်တဲ့ လီဗာပူးလ်အသင်းအနေနဲ့ တစ်ရာသီအတွင်း ဆုဖလား ၃ လုံးရအောင်လို့ ချန်ပီယံလိဂ်ဖလားကို အရယူနိုင်ဖို့အတွက် လိုအပ်နေတာဖြစ်ပါတယ်။ ယာဂင်မ် ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဒီတစ်ကြိမ်မှ တွေ့ဆုံမှာမဟုတ်ဘဲ ၂၀၁၈ ဗိုလ်လုပွဲတုန်းကလည်း တွေ့ဆုံခဲ့ဖူးပေမယ့် စပိန်ဘီလူးကြီးကို ၃-၁ ဂိုးနဲ့ အရေးနိမ့်သွားခဲ့တာဖြစ်ပြီး ၄ နှစ်အကြာ ၂၀၂၂ ခုနှစ်မှာတော့ လက်စားချေခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းကတော့ လာလီဂါဖလားကို ဒုတိယနေရာက ဘာစီလိုနာအသင်းကို ၁၃ မှတ်အထိဖြတ်ကာ ရယူနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ၁၃ ကြိမ်ရထားတဲ့ စပိန်ဘီလူးကြီးကတော့ ၁၄ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့အတွက် ရည်ရွယ်ထားမှာ မလွဲမသွေပါပဲ။ သို့ပေသည့် နှစ်သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း အိုဝင်ကတော့ လီဗာပူးလ်အသင်းအနေနဲ့ ၂၀၁၈ ခုနှစ်ရှုံးကြွေးကို ပြန်ဆပ်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

အိုဝင်က BetVictor အတွက် ခန့်မှန်းချက်မှာ”လီဗာပူးလ်အတွက်တော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့အတွက် မလုံလောက်ခဲ့ဘူးဖြစ်သွားခဲ့တယ်။ ဖလား ၃ လုံးရတယ်ဆိုတာကိုက အသင်းအတွက်တော့ အရမ်းကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုလို့ ဆိုရမှာပါ”လို့ ရေးသားဖော်ပြသွားခဲ့ပါတယ်။ ဆက်လက်ပြီး သူက “ဒီပွဲကို ယှဉ်ပြိုင်ဖို့အတွက်ဆိုရင်တော့ ကျွန်တော်စိုးရိမ်တာကတော့ ကွင်းလယ်မှာ ရှိနေတဲ့ ဒဏ်ရာပြဿနာတွေပါပဲ။

တကယ်လို့များ ကလော့ပ်အနေနဲ့ သူ့ရဲ့ ပွဲထွက်ကစားသမား ၁၁ ယောက်ထဲကနေ အများစုက ကြံ့ခိုင်မှုပြည့်ဝနေတာမျိုးနဲ့သာ ကြုံရမယ်ဆိုရင်တော့ လီဗာပူးလ်အသင်း အနိုင်ရတဲ့ဘက်မှာပဲ ကျွန်တော်ရှိပါမယ်။ ရီးရဲလ်မက်ဒရစ်အသင်းကတော့ ဒီအဆင့်ကို တက်ရောက်လာနိုင်ဖို့အတွက် တကယ့်ကို ကောင်းမွန်လွန်းတဲ့အရာတွေ လုပ်ပြနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီအထိတော့ သူတို့ရောက်ခဲ့သင့်ရဲ့လားဆိုတာကို ကျွန်တော်သိပ်မသေချာပါဘူး”

“သူတို့အနေနဲ့ ဘာနေဗျူးမှာ မယုံနိုင်စရာကောင်းလောက်တဲ့ Comeback တွေနဲ့ ပြန်လာနိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့အနေနဲ့ အခြားကွင်းမှာ ဒါမျိုးလုပ်နိုင်မယ်လို့တော့ ကျွန်တော်သိပ်မထင်ဘူး။ ရီးရဲလ်မက်ဒရစ်အသင်းအတွက်တော့ လီဗာပူးလ်က အင်အားရော၊ မြန်နှုန်းနဲ့ အရည်အသွေးပိုင်းမှာပါ အရမ်းများလွန်းနေလိမ့်မယ်။ ရီးရဲလ်မက်ဒရစ်အသင်းကိုတော့ ကျွန်တော့်အနေနဲ့ ဘယ်တုန်းကမှ လျှော့မတွက်ခဲ့ပါဘူး။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းရဲ့တိုက်စစ်က စိတ်မလုံခြုံစရာနည်းနည်းဖြစ်စေတဲ့ ခံစစ်နဲ့ ရင်ဆိုင်ရရင်တော့ ဂိုးနည်းနည်းသွင်းနိုင်မယ်လို့ ထင်တာပဲ။ ကျွန်တော်ကတော့ ၃-၁ လီဗာပူးလ်အနိုင်လို့ ခန့်မှန်းချင်ပါတယ်”လို့ ဖော်ပြသွားခဲ့ပါတယ်။

ZAWGYI: လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ရင်ဆိုင်ကစားကြမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိသွားမှာဖြစ်ကြောင်း အဆိုပါ ၂ သင်းစလုံးမှာ ကစားခဲ့ဖူးတဲ့ တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က ပြောကြားလာခဲ့ပါတယ်။ လီဗာပူးလ်အသင်းကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေညတုန်းက နိုင်ပွဲရခဲ့ပါလျက်နဲ့ တစ်ဖက်က မန်ချက်စတာစီးတီးအသင်းရဲ့ အံ့အားသင့်ဖွယ်ရာ Comeback နိုင်ပွဲကြောင့် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ၁ မှတ်အကွာကနေ လက်လွှတ်ခဲ့ရတာပါ။