လာလီဂါ ဘီလူးကြီး ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးလ်အသင်းရဲ့ ညာတောင်ပံ တိုက်စစ်မှူး မိုဆာလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်ကနေ လာတဲ့ သတင်း ရင်းမြစ်တွေ အရ သိရပါတယ်။ ရီးရဲလ်တို့ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အမ်ဘာပေကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းခဲ့ပေမဲ့၊ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ နီးစပ်ခဲ့ပြီးမှာ အမ်ဘာပေကရီးရဲလ်ကို သစ်စိမ်းချိုး ချိုးပြီး ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်းတိုး သွားခဲ့ပါတယ်။

ဒါ့ကြောင့် ရီးရဲလ်တို့ဟာ အမ်ဘာပေကို လက်လွှတ်ခဲ့ရပြီးတဲ့နောက် တိုက်စစ်ပိုင်းအတွက် အင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ နောက်ထပ်ပစ်မှတ်တွေကို ရှာဖေလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ရီးရဲလ်တို့ရဲ့ ကစားသမား ရှာဖွေမှု ပစ်မှတ် အတွင်းထဲမှာ ပါဝင်လာတဲ့ သူကတော့ လီဗာပူးလ် အသင်းရဲ့ တိုက်စစ်မှူး မိုဆာလာ ဖြစ်နေခဲ့တာပါပဲ။ အသင်းရဲ့ ညာခြမ်းမှာ ဘေးလ်၊ အစ္စကိုတို့ ထွက်ခွာမှုနဲ့ အတူ အဆန်စီယိုကလည်း ထွက်ခွာဖို့ နီးစပ်လျက် ရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဗင်နီရှပ်၊ ဘန်ဇီမာတို့နဲ့ တွဲဖက်ဖို့ ဆာလာဟာ မျက်စိ ကျစရာ ကစားသမား ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဆာလာ အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ သွားမလားဆိုတာကတော့ စိတ်ဝင်စားစရာ အကြောင်းတရားတွေ ရှိနေတာ ပါ။ လက်ရှိမှာ လီဗာပူးလ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ အစီအစဉ်တွေ ရှိထားပေမဲ့ စာချုပ်သစ်မှာ ဆာလာရဲ့ မြင့်မားလှတဲ့ လုပ်ခလစာတောင်းဆိုမှုတွေကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ကိစ္စတွေကို ရပ်ဆိုင်းထားတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

လက်ရှိမှာ ဆာလာနဲ့ လီဗာပူးလ်တို့ကြား ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ (၁)နှစ် သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။ လီဗာပူးလ်မှာ (၅)နှစ်ကြာ ကစားထားခဲ့ပြီးချိန်မှာ အသင်းအတွက် အကျိုးပြုဆုံး ကစားသမားတွေထဲ ကတစ်ယောက် အဖြစ် ဆာလာဟာ ရပ်တည်လျက်ရှိနေတာပါ။ လီဗာပူးလ်နဲ့ အတူ ချန်ပီယံလိဂ် ဖလား၊ ပရီးမီးယားလိဂ် ဖလား၊ နဲ့ ပြည်တွင်းဖလားတွေ ရရှိထားခဲ့ပြီးတော့ PFA တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း (၂)ကြိမ် တိုင်တိုင် ရရှိထားခ့သလို ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆု ဖြစ်တဲ့ ရွှေဖိနပ်ဆုကိုလည်း (၃)ကြိမ် အထိရရှိထားခဲ့တာပါ။

ဆာလာ အနေနဲ့ ရီးရဲလ်နဲ့ ကြားမှာ ရှင်းစရာ ရှိတဲ့ အကြွေးတွေက များနေတာ ဖြစ်ပြီး၊ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်ကို (၂)ကြိမ်တိုင်တိုင် ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။ ဆာလာ အနေနဲ့ (၂၀၁၈)ခုနှစ်တုန်းက ရီးရဲလ်ကို ရှုံးနိမ့်ခဲ့ရပြီးတဲ့နောက် ပြီးခဲ့တဲ့ ချန်ပီယံ လိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်ကို လက်စားချေနိုင်ဖို့ အားခဲထားခဲ့ပေမဲ့ ထပ်မံ ရှုံးနိမ့်သွားရတာ ဖြစ်ပါတယ်။ ဒုတိယ အကြိမ် မြောက် ရှုံးပွဲဟာ ဆာလာ အတွက် စိတ်ဒဏ်ရာ အချို့ ကိုပါ ရသွားစေသလို ဖြစ်ခဲ့တာပါ။

ရီးရဲလ်နဲ့ ဗိုလ်လုပွဲ ပြန်ကစားဖို့ ရထားတဲ့ တစ်ဦး ချင်းဆုဖလားတွေ အကုန်ပြန်သိမ်းပါဆိုတဲ့ စကားမျိုးတွေ ဆာလာဆီက ထွက်ကျလာခဲ့တာဟာ ရီးရဲလ်အပေါ် ရှိနေတဲ့ ဆာလာရဲ့ အစာ မကျေမှုတွေကို ပိုပြီးတော့ မြင်သာထင်သာ ရှိစေပါတယ်။ ဒီအခြေအနေမှာ ရီးရဲလ်ဘက်ကနေ လီဗာပူးလ်နဲ့ စာချုပ်သက်တမ်း (၁)နှစ် သာ ရှိတော့တဲ့ ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေတယ်ဆိုတ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဆာလာ အနေနဲ့ ရီးရဲလ်ကို ပြောင်းရွှေ့မယ်ဆိုရင် တော်တော်လေး အံ့အားသင့်စရာ ကောင်းတဲ့ အပြောင်းအရွှေ့ တစ်ခု ဖြစ်လာမှာလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: လာလီဂါ ဘီလူးကြီး ရီးရဲလ်မက်ဒရစ်ဟာ လီဗာပူးလ်အသင်းရဲ့ ညာတောင်ပံ တိုက်စစ်မှူး မိုဆာလက်ကို ခေါ်ယူဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ စပိန်ကနေ လာတဲ့ သတင်း ရင်းမြစ်တွေ အရ သိရပါတယ်။ ရီးရဲလ်တို့ဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် အမ်ဘာပေကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းခဲ့ပေမဲ့၊ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ နီးစပ်ခဲ့ပြီးမှာ အမ်ဘာပေကရီးရဲလ်ကို သစ်စိမ်းချိုး ချိုးပြီး ပီအက်စ်ဂျီနဲ့ စာချုပ် သက်တမ်းတိုး သွားခဲ့ပါတယ်။