နှစ်ပေါင်းများစွာအတွင်း လီဗာပူးတို့က များများစားစားမပြောင်းလဲခဲ့ပါဘူး လို့ မှတ်ချက်ပြုရင်းနဲ့ ပါရီမှာ သူတို့ဘာနဲ့ရင်ဆိုင်ရမလဲဆိုတာကို ရီးယဲမက်ဒရစ်တို့ အတိအကျသိတယ်လို့ ကာရင်းဘင်ဇီးမားက ယုံကြည်နေပါတယ်။ ဥရောပဘုရင်များကိုအဆုံးအဖြတ်ပေးဖို့အတွက် လာလီဂါချန်ပီယံနဲ့ ပရီးမီးယားလိဂ်ဒုတိယတို့ရဲ့ အရသာရှိမယ့်ပြိုင်ပွဲတခု စနေနေ့ညမှာရှိနေပါတယ်။ ဒါကတော့ ၂၀၁၈ ဖိုင်နယ်နဲ့ ပြီးခဲ့တဲ့ရာသီကွာတားဖိုင်နယ်တို့ရဲ့ ပြန်ကန်တဲ့ပွဲတွေဖြစ်ပြီး အဲဒီနှစ်ကြိမ်လုံးမှာ ရီးယဲတို့ကအနိုင်ရခဲ့ပါတယ်။

လီဗာပူးတို့ဟာ သူတို့ရဲ့ကြီးမားပြင်းထန်းလှတဲ့ ဒဏ်ရာကပ်ဘေးတခုကို နောက်ဆုံးမှာကျော်လွန်နိုင်ခဲ့ပြီဖြစ်လို့ ယခုလီဗာပူးအသင်းဟာ ၂၀၂၁ မှာ မက်ဒရစ်တို့နဲ့ဆုံခဲ့စဉ်ကလူစာရင်းနဲ့ အများကြီးခြားနားတဲ့အသင်းတခုဖြစ်ပါတယ်။ ၂၀၂၁ တုန်းက လီဗာပူးတို့မှာ တသင်းလုံးနေရာစုံ ဒဏ်ရာမျိုးစုံရခဲ့တာဖြစ်ပြီး အထူးသဖြင့် နောက်တန်းဗဟိုခံစစ်နေရာမှာ ဗန်ဒိုက်၊ မာတစ်၊ ဂိုမက်ဇ် စတဲ့ စီနီယာကစားသမားတယောက်မှမရှိတော့ဘဲ အငှားခေါ်ထားတဲ့အိုဇန်းကာဘတ်နဲ့ လူငယ်ကစားသမားနတ်ဖိလစ်တို့နဲ့ ရီးယဲတို့ကိုရင်ဆိုင်ခဲ့ရတာပါ။

ဒီနှစ်ဇန်နဝါရီမှာ လူးဝစ်ဒီးယက်စ်ကိုလည်းလက်မှတ်ထိုးခဲ့ပြီး ကလော့ရဲ့တိုက်စစ်အင်အားကို တိုးချဲ့ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၂ နှစ်သစ်ကစပြီး လီဗာပူးတို့က ရပ်တန့်လို့မရလုနီးပါးအသင်းအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ စတက်ဒီဖောင့်စ်မှာ သူတို့ပြိုင်ဘက်ကိုကျော်ဖြတ်ဖို့ သူ့အသင်းမှာဂိမ်းပလန်ရှိနေပြီလို့ ဒီနှစ်ချန်ပီယံလိဂ်မှာ အထူးအစွမ်းပြနေတဲ့ ဘင်ဇီးမားကထင်နေပါတယ်။ “သူတို့က အရမ်းကောင်းပါတယ်။ နှစ်ပေါင်းများစွာအတွင်း သူတို့က အများကြီးမပြောင်းလဲခဲ့ပါဘူး။ ဒါပေမဲ့ အဆုံးမှာတော့ ကျနော်တို့က ကိုယ့်အလုပ်ကိုယ်ပဲကြည့်ရမှာပါ။ ပြီးတော့ ကိုယ့်ကိစ္စကိုယ် ကျနော်တို့လုပ်တယ်ဆိုရင် ဖြစ်လာမှာတွေဖြစ်လာမှာပါ။ ကျနော်ယုံကြည်မှုအပြည့်ရှိပါတယ်။”

လို့ သူကဆိုပါတယ်။ ပီအက်စ်ဂျီ၊ ချယ်လ်ဆီးနဲ့ နောက်ဆုံးလောလောလတ်လတ်အားဖြင့် မန်စီးတီးတို့နဲ့ အမှတ်ရဖွယ်ကမ်းဘက်များကြုံခဲ့ရတဲ့ အမှတ်တရဖြစ်ဖွယ်ကမ်ပိမ်းတခုနဲ့ ဖိုင်နယ်ကို မက်ဒရစ်တို့ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနောက်ကပြန်လိုက်ပြီး အနိုင်ရတဲ့ကမ်းဘက်တိုင်းဟာ ဆန်တီယာဂိုဘာနေဗျူးမှာချည်းဖြစ်ခဲ့တာဖြစ်ပြီး ပြိုင်ဘက်များအပေါ် စဉ်ဆက်မပြတ်ဖိအားများရဲ့ရလဒ်တခုဖြစ်ပါတယ်။

လီဗာပူးတို့နဲ့ပြိုင်ရမယ့်ပွဲအတွက် အသုံးပြုမယ့်နည်းဗျူဟာကို ဘင်ဇီးမားခန့်မှန်းပေးခဲ့ပါတယ်၊ ဒါကတော့ လျင်မြန်တဲ့ကောင်တာတိုက်စစ်များကို အခြေပြုထားတဲ့၊ မန်စီးတီးတို့နဲ့ ပထမအကျော့တုန်းမှာသူတို့ကစားခဲ့တာနဲ့ ဆင်တူတဲ့စတိုင်တခုကို ပြင်ဆင်အသုံးပြုဖို့ သူတို့လိုအပ်မယ်ဆိုတာပါ။ “ခင်ဗျားက အဝေးကွင်းမှာကစားရတယ်၊ အိမ်ကွင်းမှာမဟုတ်ဘူး။ သူတို့က ခင်ဗျားအပေါ်ကို ဖိအားတွေအများကြီးတင်ကြပါတယ်။ ခင်ဗျားကတောင့်ထားရမှာဖြစ်ပြီး ကောင်တာတိုက်စစ်နဲ့ကစားရမှာပါ၊ ဒါမှမဟုတ် ဘောလုံးကိုင်ပြီးကစားပေါ့။”

လို့ သူကဖြည့်စွက်ပါတယ်။ ဖိုင်နယ်ရှိုးအတွက် ကာလိုအန်ချလော့တီရဲ့နည်းဗျူဟာများအတွင်း အလားတူစိတ်ဝင်စားစရာအရိပ်အမြွက်ကို ဒန်နီကာဗာဂျယ်ကလည်း ပြောပြခဲ့ပါတယ်။ လီဗာပူးတို့ရဲ့ လည်ပင်းညှစ်ထားသလိုပရက်စ်ကို ဖြိုခွဲဖို့ကြိုးစားမှာဖြစ်ပြီး ဒီ့နောက်မှာတော့ ကွင်းအထက်ပိုင်းမှာ ထရန်စစ်ရှင်းတွေကိုဖန်တီးမယ်လို့ သူကအရိပ်အမြွက်ချပြပါတယ်။ “ဖိအားရဲ့ပထမဆုံးလိုင်းကို ကျနော်တို့ကျော်ဖြတ်နိုင်တယ်ဆိုရင် အန္တရာယ်တွေအများကြီး ကျနော်တို့ဖန်တီးနိုင်ပါတယ်။ ဒါဟာ ပွဲရဲ့သော့ချက်တွေထဲကတခုဖြစ်လာနိုင်ပါတယ်။”

လို့ မက်ဒရစ်နောက်တန်းကစားသမားကပြောပါတယ်။ ချန်ပီယံလိဂ်ဖိုင်နယ်အောင်မြင်မှုအတွေ့အကြုံများနဲ့ ပြည့်လျှံနေတဲ့အသင်းမှာ ဂိုးသမား သီးဘော့ကော်တိုရစ် (တီးဘောကော်တွာစ်) တဦးကတော့ ခြွင်းချက်ဖြစ်ပြီး သူ့ကစားသမားဘဝရဲ့ ပထမဆုံးဥရောပဖလားကို ကိုင်ဖူးချင်နေမှာပါ။ ဒါပေမဲ့ ချယ်လ်ဆီးဂိုးသမားဟောင်းက လီဗာပူးတို့နဲ့ရင်ဆိုင်ဖူးတဲ့အတွေ့အကြုံတော့ အများကြီးရှိပါတယ်။

“တပွဲစီတိုင်းက ခြားနားပါတယ်။ သူတို့နဲ့ကစားရတာက အမြဲတမ်း မတရားကိုစိတ်ဝင်စားစရာကောင်းပါတယ်။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ မက်ဒရစ်တို့အတွက်ကစားရတာက အိပ်မက်တခုဖြစ်ပြီး ဒီကလပ်ရဲ့သမိုင်းမှာ တစုံတခုထပ်ပေါင်းနိုင်စွမ်းရှိမှာက ပိုလို့တောင်အိပ်မက်ဖြစ်စေမှာပါ။ ဖန်တွေနဲ့အတူ ဒီရာသီ ကျနော်တို့ကြုံတွေ့ခဲ့ရတာတွေက အံ့မခန်းပါပဲ။ လီဗာပူးတို့က ဟိုက်ပရက်ရှာနဲ့ကစားတတ်တဲ့ ကြီးကျယ်တဲ့အသင်းတသင်းဖြစ်ပါတယ်၊ တအားပြင်းထန်ပါတယ်။ ကျနော်တို့ ကောင်းမွန်စွာကာကွယ်မှရမှာပါ။ သူတို့က တအားမြင့်တဲ့ဟိုက်လိုင်းနဲ့ကစားကြပြီး ဒါကို ကျနော်တို့အမြတ်ထုတ်ရမှာပါ။” လို့ ဘယ်လ်ဂျီယမ်သားက ပြောပါတယ်။

ZAWGYI: နှစ်ပေါင်းများစွာအတွင်း လီဗာပူးတို့က များများစားစားမပြောင်းလဲခဲ့ပါဘူး လို့ မှတ်ချက်ပြုရင်းနဲ့ ပါရီမှာ သူတို့ဘာနဲ့ရင်ဆိုင်ရမလဲဆိုတာကို ရီးယဲမက်ဒရစ်တို့ အတိအကျသိတယ်လို့ ကာရင်းဘင်ဇီးမားက ယုံကြည်နေပါတယ်။ ဥရောပဘုရင်များကိုအဆုံးအဖြတ်ပေးဖို့အတွက် လာလီဂါချန်ပီယံနဲ့ ပရီးမီးယားလိဂ်ဒုတိယတို့ရဲ့ အရသာရှိမယ့်ပြိုင်ပွဲတခု စနေနေ့ညမှာရှိနေပါတယ်။ ဒါကတော့ ၂၀၁၈ ဖိုင်နယ်နဲ့ ပြီးခဲ့တဲ့ရာသီကွာတားဖိုင်နယ်တို့ရဲ့ ပြန်ကန်တဲ့ပွဲတွေဖြစ်ပြီး အဲဒီနှစ်ကြိမ်လုံးမှာ ရီးယဲတို့ကအနိုင်ရခဲ့ပါတယ်။