ရီးရဲလ်မက်ဒရစ်အသင်းကတော့ လီဗာပူးလ်အသင်းကို ဗင်နီရှပ် ဂျူနီယာရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိပြီး (၁၄)ကြိမ် မြောက် ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးရရှိသွားခဲ့ပြီ ပဲ ဖြစ်ပါတယ်။ လီဗာပူးလ်က တစ်သက်ဆန်ဆန် ဖိကစားနိုင်ခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပေမဲ့ ရီးရဲလ်ရဲ့ ချန်ပီယံလိဂ် သမ္ဘာကိုတော့ လီဗာပူးလ်တို့ မယှဉ်နိုင်ခဲ့ပဲ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဘယ်အချက်တွေက ပွဲရဲ့ အလှည်အပြောင်း ဖြစ်စေခဲ့တာလဲ၊ ဘယ်အသင်းက ဘာတွေ အားသာပြီး ဘယ်အသင်းက ဘာတွေ အားနည်းသွားခဲ့လဲဆိုတဲ့ အချက်တွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။

(၁)ကော်တိုရစ်ရဲ့ အံ့အားသင့်စရာ ကာကွယ်မှုကြောင့် နစ်နာခဲ့ရတဲ့ မာနေးရဲ့ ကန်ချက်။ ။လီဗာပူးလ်ဟာ ပထမပိုင်း ပွဲကစားချိန်အတွင်း ဂိုးကန်သွင်းမှု (၁၀)ကြိမ် အထိပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မတ်မှုကတော့ (၅)ကြိမ် ရှိခဲ့ပါတယ်။ ဒီ(၅)ကြိမ်မှာ ဂိုးရရှိဖို့ အနီးစပ်ဆုံး ဖြစ်ခဲ့တာကတော့ ပွဲကစားချိန် မိနစ် (၂၀)မှာ မာနေးရဲ့ ဧရိယာထိပ်ကနေ အပြင်းကန်သွင်းချက်ဟာ ဂိုးဝင်သွားခဲ့ပြီလို့ ထင်ရလောက်အောင် ကောင်းမွန်ခဲ့ပေမဲ့၊ ကော်တိုရစ်က ကာကွယ်နိုင်ခဲ့တာကြောင့် လီဗာပူးလ်တို့ ဦးဆောင်ဂိုးရဖို့ အခွင့်အရေး နစ်နာခဲ့ရပါတယ်။

(၂)အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်နဲ့ ဘန်ဇီမာ သွင်းဂိုးအေပါ် VAR ပယ်ချမှု။ ။ပွဲကစားချိန် (၄၃) မိနစ်မှာ အလာဘာရဲ့ အဝေးဘောပေးပို့မှုကနေ ဘန်ဇီမာရရှိသွားခဲ့ပြီး ဂိုးရရှိသွားခဲ့ပေမဲ့ VAR ကတော့ ပြန်စစ်ဆေးခဲ့ပြီး လူကျွံဘော သက်မှတ်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ရီးရဲလ်တို့ စောစီးစွာ ဦးဆောင်ဂိုး ရရှိမယ့် အခွင့်အရေးတစ်ရပ် နစ်နာခဲ့ရပါတယ်။ ဘန်ဇီမာရဲ့ သွင်းဂိုးကို VAR က Last Dafender Rule နဲ့ ဆုံးဖြတ်ခဲ့တာ ကြောင့် လူကျွံဘော အဖြစ် သက်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

(၃)လီဗာပူးလ်အစွန်နောက်ခံလူတွေရဲ့ အမှားကြောင့် ခွင့်ပြုလိုက်ရတဲ့ ဗင်နီရှပ်ရဲ့ သွင်းဂိုး။ ။လီဗာပူးလ်တို့ဟာ အချိန်ပြည့်တိုက်စစ်ဆင်နေခဲ့တာ ကြောင့် ခံစစ်ပိုင်းမှာတော့ ပေါ့လျော့မှုတွေရှိခဲ့ပါတယ်။ ဗင်နီရှပ် ရရှိသွားခဲ့တဲ့ သွင်းဂိုးမှာဆိုရင် ရော်ဘတ်ဆန်နဲ့ အာနိုးတို့ရဲ့ အမှားတွေ ပါဝင်နေတာပါ။ ဗင်နီရှပ်ကို လူကပ်မထားခဲ့တဲ့ အာနိုးနဲ့ ဗယ်ဗာဒီရဲ့ အနိမ့်ဘော ဖြတ်တင်ဘောကို ဘလော့ မလုပ်နိုင်ခဲ့တဲ့ ရော်ဘတ်ဆန်တို့ရဲ့ အမှားတွေက လီဗာပူးလ်ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးသွားခဲ့တာဖြစ်ပါတယ်။ ပွဲကြို သုံးသပ်ချက်တွေမှာ ပြောကြားခဲ့သလိုပဲ အမှားနည်းတဲ့ အသင်းက အနိုင်ရရှိခဲ့တာပါ။

(၄)ရီးရဲလ်မက်ဒရစ် ကစားသမားဘ၀ အကောင်းဆုံး လက်စွမ်းပြခဲ့တဲ့ ကော်တိုရစ်။ ။တစ်ပွဲထဲ ဂိုးကာကွယ်မှု (၉)ကြိမ် အထိပြုလုပ်ခဲ့တဲ့ ကော်တိုရစ်ရဲ့ လက်စွမ်းတွေက ရီးရဲလ်တို့ကို ချန်ပီယံဖြစ်စေခဲ့တဲ့ နေရာမှာ အဓိက ကျခဲ့တာ ဖြစ်ပါတယ်။ ရီးရဲလ်ကစားသမာဘ၀ အကောင်းဆုံး လက်စွမ်းတွေလို့တောင် ပြောရမှာ ဖြစ်ပြီး ဂိုးပြီထင်ရလောက်တဲ့ အထိ ကောင်းမွန်ခဲ့တဲ့ လီဗာပူးလ်တိုက်စစ်မှူးတွေရဲ့ ကန်ချက်တွေကိုတောင် ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

(၅) ဖလား(၄)လုံးမျှော်လင့်ရင်း ပြည်တွင်းဖလား(၂)လုံးသာ ကျေနပ်ခဲ့ရတဲ့ လီဗာပူးလ်။ ။လီဗာပူးလ်တို့ဟာ ဒီရာသီ ဖလားလေးလူံးလမ်းကြောင်းပေါ်မှာ ရှိနေခဲ့တာဖြစ်ပေမဲ့ တကယ်တမ်း ဘောလုံးရာသီ ပြီးဆုံးချိန်မှာတော့ဖလား (၂)လုံးသာ အဖက်တင်ခဲ့ရတာ ဖြစ်ပါတယ်။ ကာရာဘောင်နဲ့ အက်ဖ်အေဖလား နှစ်လုံးကိုသာ ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပြီး၊ လီဗာပူးလ်အတွက်တော့ စိတ်ပျက်စရာ ရာသီတစ်ခုနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကတော့ လာလီဂါ ချန်ပီယံ ဖြစ်ခဲ့သလို ချန်ပီယံလိဂ် ဖလားကိုပါ (၁၄)ကြိမ် မြောက်ရယူသွားခဲ့ပြီး ဥရောပဘုရင်ကြီးဆိုတာ ဘာလဲ သိအောင် လီဗာပူးလ်ကို ပြသွားခဲ့တာလို့ ဆိုရတော့မှာပဲ ဖြစ်ပါတယ်။

ZAWGYI: ရီးရဲလ်မက်ဒရစ်အသင်းကတော့ လီဗာပူးလ်အသင်းကို ဗင်နီရှပ် ဂျူနီယာရဲ့ တစ်လုံးထဲသော သွင်းဂိုးနဲ့ အနိုင်ရရှိပြီး (၁၄)ကြိမ် မြောက် ချန်ပီယံလိဂ်ဖလားကြီးကို ဆွတ်ခူးရရှိသွားခဲ့ပြီ ပဲ ဖြစ်ပါတယ်။ လီဗာပူးလ်က တစ်သက်ဆန်ဆန် ဖိကစားနိုင်ခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပေမဲ့ ရီးရဲလ်ရဲ့ ချန်ပီယံလိဂ် သမ္ဘာကိုတော့ လီဗာပူးလ်တို့ မယှဉ်နိုင်ခဲ့ပဲ အရေးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ဘယ်အချက်တွေက ပွဲရဲ့ အလှည်အပြောင်း ဖြစ်စေခဲ့တာလဲ၊ ဘယ်အသင်းက ဘာတွေ အားသာပြီး ဘယ်အသင်းက ဘာတွေ အားနည်းသွားခဲ့လဲဆိုတဲ့ အချက်တွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။