ဘလူးစ်တိုက်စစ်မှူးဟာ လန်ဒန်မှာခက်ခဲတဲ့အချိန်တခုကို ရရှိခဲ့ပေမဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကိုပြောင်းဖို့ သူ့ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး မစဉ်းစားဘူးလို့ အခိုင်အမာပြောပါတယ်။ ယာဂင်ကလော့ကို ထိပ်တန်းနည်းပြတယောက်လို့ တီမိုဗားနားကချီးမွမ်းခဲ့ပေမဲ့ လီဗာပူးအစား ချယ်လ်ဆီးကိုပူးပေါင်းခဲ့တာ သူနောင်တမရဘူးလို့ဆိုပါတယ်။ ၂၀၂၀ မှာ လိုင်ပ်ဇစ်ကနေ ချယ်လ်ဆီးကို ဗားနားပူးပေါင်းခဲ့ပြီး လန်ဒန်က ၂ ရာသီမှာ ထင်သလောက်မဖြစ်ခဲ့တဲ့ ခက်ခဲတဲ့ကာလကိုခံစားခဲ့ရပါတယ်။ ဂျာမန်သားဟာ ယနေ့အထိ သူ့အမည်မှာ ပရီးမီးယားလိဂ်ဂိုး ၁၀ ဂိုးတည်းပေါင်းနိုင်သေးတာဖြစ်ပြီး ရံဖန်ရံခါဆိုသလို အရံခုံပေါ်လည်းအချခံရလေ့ရှိပါတယ်။

လီဗာပူးနဲ့ပတ်သတ်ပြီး ဗားနားဘာပြောခဲ့လဲ။ ။ သူ့ရဲ့ဇာတိမြေကနေထွက်ခွာရတဲ့အချိန်ကျလာတဲ့အခါ စတန်းဖို့ဘရစ်ချ်အစား အန်ဖီးလ်ကိုအချိန်းအပြောင်းလုပ်ဖို့ ထည့်သွင်းစဉ်းစားခဲ့တယ်လို့ သူကဝန်ခံခဲ့ပါတယ်၊ ဒါပေမဲ့ သူလုပ်ခဲ့မိတဲ့ဆုံးဖြတ်ချက်အတွက် ပျော်ရွှင်ပါတယ်လို့ ၂၆ နှစ်အရွယ်တိုက်စစ်မှူးက ဆိုပါတယ်။ “ကျနော်ပြောနိုင်တဲ့တခုတည်းသောအရာကတော့ သူတို့မှာ ဂျာမန်မန်နေဂျာတယောက်ရှိတယ် ဆိုတာပါပဲ။ ယခင်နှစ်များစွာတုန်းကလည်းက သူ့ကို ကျနော်သိခဲ့တာပါ၊ ဘာလို့လဲဆိုတော့ ကျနော်စတုဂတ်မှာရှိနေစဉ်တုန်းက ဒေါ့မွန်ကိုသွားဖို့ သူစကားပြောခဲ့ပါတယ်။ ဒီ့နောက် ကျနော် သိပ်ကောင်းကောင်းမစားခဲ့ဘူး၊ ဒီတော့ အဲဒါကပြီးသွားခဲ့ပါတယ်။”

“ကျနော်လိုင်ပ်ဇစ်မှာရှိနေစဉ်တုန်းက ပရီးမီးယားလိဂ်ကိုလာဖို့ဖြစ်နိုင်ချေ ကျနော့်မှာရှိခဲ့ပါတယ်။ လီဗာပူးကလည်း ကျနော့်အတွေးတွေထဲမှာရှိခဲ့ပြီး ကျနော့်အတွက် ကြီးမားတဲ့ဖြစ်နိုင်ချေတခုဖြစ်ခဲ့တာပါ၊ ဒါပေမဲ့ အဆုံးမှာတော့ ချယ်လ်ဆီးကို ကျနော်ရွေးချယ်ခဲ့ပြီး မနှစ်တုန်းက ချန်ပီယံလိဂ်ဖလားကျနော်ရခဲ့ပါတယ်။ ဒီလိုဆိုတော့ ဒါကအဆိုးရွားဆုံးဆုံးဖြတ်ချက်တော့ မဟုတ်ခဲ့ဘူးပေါ့။” လို့ ဆိုပါတယ်။ ကလော့နဲ့ပတ်သတ်ပြီး ဗားနားဘာပြောခဲ့လဲ။ ။ ကလော့အတွက် စပါယ်ရှယ်ချီးမွမ်းခန်းဖွင့်ခဲ့ပေမဲ့ သူ့ရဲ့လက်ရှိနည်းပြသောမတ်စ်တူချယ်ကလည်း ကလော့နဲ့အဆင့်တူပဲလို့ သူကယုံကြည်ပါတယ်။

“သူဟာ ဂျာမနီမှာ ကျနော်တို့ရထားတဲ့ အကောင်းဆုံးနည်းပြတွေထဲကတဦးပါ။ ကျနော်တို့လက်ရှိမန်နေဂျာကို တိုက်ခိုက်တာမဟုတ်ပါဘူး၊ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေအတွင်း သူကဆုဖလားအများဆုံးအနိုင်ရခဲ့တယ်လေ။ သူ့မှာ အလွန်ကောင်းတဲ့ကိုယ်ရည်ကိုယ်သွေးတခုရှိပါတယ်၊ ဂျာမန်ပြည်သူတွေချစ်မြတ်နိုးကြတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးတခုပေါ့။ ဘာလို့လဲဆိုတော့ သူ့ကြည့်ရတာ ပျော်တတ်ပုံပဲ။ သောမတ်စ်မူလာတို့ ယာဂင်ကလော့တို့လို လူအမျိုးအစားတွေကို ဂျာမန်တွေကချစ်ကြတယ်ဗျ။ သူတို့မှာ ကိုယ်ချင်းစာတရားလည်းရှိတယ်။ သူတို့တွေးတဲ့အတိုင်း ပြောကြတယ်၊ ပြီးတော့ ဒါက ဒီလုပ်ငန်းထဲမှာ တကယ်အရေးပါပါတယ်၊ တခုခုကို လိမ်ညာဟန်လုပ်မနေဖို့ပေါ့။”

“သူက တကယ့်သဘာဝပဲ။ သူက ပျော်ပျော်နေတတ်တဲ့သူဖြစ်သလို ကွင်းဘေးစည်းပေါ်က သူ့ရဲ့ပါဝါ၊ လူတွေကို သူ့နဲ့အတူအပါခေါ်ဖို့ သူကြိုးစားပါတယ်။ ဒါဟာ ဂျာမန်တွေနှစ်သက်တာပဲဖြစ်ပါတယ်။” လို့ ဗားနားကပြောပါတယ်။ တူချယ့်အပေါ် သူ့အမြင်ကိုမေးတဲ့အခါ “သူကတော့ အခုဆိုရင် ဘယ်လိုလယ်ဗယ်လဲဆိုတော့ ဘယ်သူတွေက အကောင်းဆုံးမန်နေဂျာတွေလို့ ခင်ဗျာပြောတဲ့အခါ၊ အခုဆို ခင်ဗျားမှာ ပြောစရာဆိုလို့ ကလော့၊ သူနဲ့ ဂွာဒီယိုလာတို့လောက်ပဲရှိတာ ဖြစ်ကောင်းဖြစ်နိုင်တယ် ဆိုတဲ့နေရာမှာပေါ့။” လို့ဆိုပါတယ်။

ZAWGYI: ဘလူးစ်တိုက်စစ်မှူးဟာ လန်ဒန်မှာခက်ခဲတဲ့အချိန်တခုကို ရရှိခဲ့ပေမဲ့ စတန်းဖို့ဒ်ဘရစ်ချ်ကိုပြောင်းဖို့ သူ့ဆုံးဖြတ်ချက်နဲ့ပတ်သတ်ပြီး မစဉ်းစားဘူးလို့ အခိုင်အမာပြောပါတယ်။ ယာဂင်ကလော့ကို ထိပ်တန်းနည်းပြတယောက်လို့ တီမိုဗားနားကချီးမွမ်းခဲ့ပေမဲ့ လီဗာပူးအစား ချယ်လ်ဆီးကိုပူးပေါင်းခဲ့တာ သူနောင်တမရဘူးလို့ဆိုပါတယ်။ ၂၀၂၀ မှာ လိုင်ပ်ဇစ်ကနေ ချယ်လ်ဆီးကို ဗားနားပူးပေါင်းခဲ့ပြီး လန်ဒန်က ၂ ရာသီမှာ ထင်သလောက်မဖြစ်ခဲ့တဲ့ ခက်ခဲတဲ့ကာလကိုခံစားခဲ့ရပါတယ်။ ဂျာမန်သားဟာ ယနေ့အထိ သူ့အမည်မှာ ပရီးမီးယားလိဂ်ဂိုး ၁၀ ဂိုးတည်းပေါင်းနိုင်သေးတာဖြစ်ပြီး ရံဖန်ရံခါဆိုသလို အရံခုံပေါ်လည်းအချခံရလေ့ရှိပါတယ်။