ရီးရဲမက်ဒရစ်တို့ဟာ လူကာမိုဒရစ်ရဲ့ဖန်တီးမှုဟက်ထရစ်၊ ဗင်နင်းရှပ်ဂျူနီယာရဲ့သွင်းဂိုးဟက်ထရစ်၊ဘန်ဇီမာ၊ရိုဒရီဂိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ သူတို့ဗိုလ်စွဲပြီးသားဖြစ်တဲ့ လာလီဂါပွဲစဉ်အဖြစ် လီဗန်တေးကိုရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ ၆ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။ လီဗန်တေးကို သက်တောင့်သက်သာဂိုးသွင်းကျင့်ပြီးတဲ့နောက်မှာ လော့ဘလန်ကို့စ်တို့ရဲ့အီတာလျံဘော့စ်ဖြစ်သူ ကာလိုအန်စလော့တီက သူ့အနေနဲ့ လီဗာပူးတို့နဲ့ရင်ဆိုင်မဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်လိုကစားသွားမယ်ဆိုတဲ့နည်းစနစ်ကိုပါ ပွင့်ပွင့်လင်းလင်းဖြေကြားသွားခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ လီဗာပူးတို့နဲ့နှစ်ကြိမ်ဗိုလ်လုခဲ့ဖူးတဲ့အတွေ့အကြုံရှိသူ အန်စလော့တီဟာ ၂၀၀၅ခုနှစ်ဖိုင်နယ်မှာ အေစီမီလန်နဲ့အတူအရေးနိမ့်ထားခဲ့ပြီး ၂၀၀၇ခုနှစ်ဖိုင်နယ်မှာတော့ ပြန်လည်အနိုင်ယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ ဥရောပထိပ်တန်းလိဂ်၅ခုလုံးရဲ့ ချန်ပီယံမန်နေဂျာဂုဏ်ပုဒ်ကို မကြာသေးခင်ကတင်ပူပူနွေးနွေးရယူထားသူ အန်စလော့တီက ရီရဲမက်ဒရစ်တို့နဲ့အတူ ၂၀၁၄ခုနှစ်က ချန်ပီယံလိဂ်တကြိမ်အောင်နိုင်ထားခဲ့ဖူးပြီး ယခုတော့ ဒုတိယအကြိမ်ရရှိဖို့နီးစပ်နေခဲ့တာလဲဖြစ်ပါတယ်။

ချန်ပီယံလိဂ်၃ကြိမ်ရ ကာလိုက ရီရဲမက်ဒရစ်ဆီကိုမရောက်လာခင်မှာ အဲဗာတန်နည်းပြအနေနဲ့လဲ လီဗာပူးတို့နဲ့ဒါဘီပြိုင်ဘက်ဖြစ်ခဲ့ဖူးတာကြောင့် အင်္ဂလိပ်ထိပ်တန်းကလပ်အကြောင်း အတွေ့အကြုံများစွာရှိထားသူလို့ဆိုနိုင်ပါတယ်။ လာမဲ့မေလ၂၈ရက်နေ့ဆိုရင် ယှဉ်ပြိုင်ရတော့မှာဖြစ်တဲ့ ပါရီမြို့က Stade de Franceကွင်းထဲမှာ ဘယ်လိုဗျူဟာတွေနဲ့ ယာဂင်ကလော့ပ်ကိုရင်ဆိုင်သွားမလဲဆိုတာကို စပိန်သတင်းစာ ဒိုင်ယာရီယိုအေအက်စ်က မေးမြန်းခဲ့ရာမှာတော့ ကာလိုကအခုလို ပွင့်ပွင့်လင်းလင်းပဲရှင်းပြသွားခဲ့ပါတယ်။

“၄-၃-၃ပဲပေါ့။ တခါတရံမှာတော့ ၄-၃-၃ကနေ ၄-၄-၂နဲ့လဲအဆုံးသတ်သွားနိုင်တာပေါ့လေ။” အဲ့ဒီ့ကျရင် တိတိကျကျသတ်သတ်မှတ်မှတ်စနစ်တခုရှိနေမယ်လို့ ကျနော်မထင်ပါဘူး။ ပိုင်ဗော့ပုံစံနဲ့ဖိအားပေးတာမျိုးလဲ တခါတရံမှာရှိနေဦးမှာပါ။ ကျနော်တို့ မန်စီးတီးကိုရင်ဆိုင်ခဲ့တုန်းကလိုပေါ့။ ခင်ဗျားအနေနဲ့ ၄-၃-၃ကနေ ၄-၄-၁-၁ ပြောင်သွားသလိုပေါ့” လို့သူကဆိုပါတယ်။ “အိုင်ဒီယာကတော့ သိပ်အပြောင်းအလဲရှိမှာမဟုတ်ပါဘူး။ ပြိုင်ဘက်ကို ခုခံကာကွယ်တဲ့ပုံစံပဲ နည်းနည်းပါးပါးပြောင်းနိုင်မှာပါ။” လို့သူကမဟာဗျူဟာကို ပွင့်ပွင့်လင်းလင်းပဲဖွင့်ဟသွားခဲ့ပါတယ်။

ဖိုင်နယ်အတွက် အန်စလော့တီရဲ့အသင်းက ရေပန်းစားနေသလိုမျိုးပဲ တဖက်မှာလဲအချက်အလက်တွေအရ ရီရဲမက်ဒရစ်တို့တက်ခဲ့တဲ့ ဖိုင်နယ်၇ကြိမ်မှာ လုံးဝရှုံးနိမ့်ထားခဲ့ခြင်းမရှိပေမဲ့ သူတို့နောက်ဆုံးရှုံးနိမ့်ထားခဲ့တာက ၁၉၈၁ခုနှစ်မှာလီဗာပူးတို့ကိုဖြစ်ပြီး ပိုပြီးတိုက်ဆိုင်တာက ယခုယှဉ်ပြိုင်ရမဲ့ ပြင်သစ်မြေမှာပဲ အရေးနိမ့်ထားခဲ့တယ်ဆိုတဲ့အချက်ကလဲ စိတ်ဝင်စားစရာကောင်းနေပါတယ်။ မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ်ဖိုင်နယ်မတိုင်ခင် သူတို့ဖလားရပြီးသား အမှတ်ပေးပွဲနှစ်ပွဲကစားဖို့ရှိပြီး လီဗာပူးတို့ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးတို့နဲ့အကြိတ်အနယ်အနေအထားနဲ့နှစ်ပွဲကစားရဦးမှာဖြစ်တဲ့အပြင် မနက်ဖန်မှာ ချယ်လ်ဆီးတို့နဲ့ ဝင်ဘာလေကွင်းမှာ FAဖလားဖိုင်နယ်ပွဲကိုကစားရဦးမှာလဲဖြစ်ပါတယ်။

ZAWGYI: ရီးရဲမက်ဒရစ်တို့ဟာ လူကာမိုဒရစ်ရဲ့ဖန်တီးမှုဟက်ထရစ်၊ ဗင်နင်းရှပ်ဂျူနီယာရဲ့သွင်းဂိုးဟက်ထရစ်၊ဘန်ဇီမာ၊ရိုဒရီဂိုတို့ရဲ့သွင်းဂိုးတွေနဲ့အတူ သူတို့ဗိုလ်စွဲပြီးသားဖြစ်တဲ့ လာလီဂါပွဲစဉ်အဖြစ် လီဗန်တေးကိုရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ ၆ဂိုးပြတ်အနိုင်ယူသွားခဲ့ပါတယ်။ လီဗန်တေးကို သက်တောင့်သက်သာဂိုးသွင်းကျင့်ပြီးတဲ့နောက်မှာ လော့ဘလန်ကို့စ်တို့ရဲ့အီတာလျံဘော့စ်ဖြစ်သူ ကာလိုအန်စလော့တီက သူ့အနေနဲ့ လီဗာပူးတို့နဲ့ရင်ဆိုင်မဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဘယ်လိုကစားသွားမယ်ဆိုတဲ့နည်းစနစ်ကိုပါ ပွင့်ပွင့်လင်းလင်းဖြေကြားသွားခဲ့ပါတယ်။