အာဆင်နယ် အသင်းဟာ လိုင်လီ အသင်းရဲ့ ညာတောင်ပံ ကစားသမား အဒွန်း ဇီဂရိုဗာ အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လိုက်တယ်လို့ ကိုဆိုဗို ဂျာနယ်လစ် Arlind Sadiku က ရေးသား ဖော်ပြ လိုက်ပါတယ် ။ ဂျာနယ်လစ် Arlind Sadiku နဲ့ ဇီဂရိုဗာ ၊ အေးဂျင့် Vedat Bajrami တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူတွေ ဖြစ်တာကြောင့် အခု ထွက်ပေါ်လာတဲ့ သတင်းဟာ ယုံကြည်စိတ်ချ ရဖွယ် ရှိနေပါတယ် ။

Arlind Sadiku ဟာ အခုနှစ် အစောပိုင်းမှာလည်း ဇီဂရိုဗာ တစ်ယောက် ဘေဆယ် အသင်းကနေ လိုင်လီ အသင်းကို ပြောင်းရွှေ့တော့မှာ ဖြစ်ကြောင်းကို ကစားသမား ရဲ့အေးဂျင့်ဆီကနေ သတင်းရယူပြီး အတည်ပြု ပေးခဲ့သူ ဖြစ်ပါတယ် ။ ဒါ့အပြင် ပြီးခဲ့တဲ့ တစ်ပတ်ကတင်မှ ဇီဂရိုဗာ ဟာ သူ့ရဲ့အင်စတာဂရမ် အကောင့်မှာ အေးဂျင့် နဲ့ အတူ ဖုန်းကြည့်နေတဲ့ပုံ တင်ပြီး ⏳👀 လို့ caption တပ်ထားတာကြောင့် အပြောင်းအရွှေ့ကိစ္စများ ဖြစ်မလားဆိုတာ စိတ်ဝင်စားစရာပါ ။

အာဆင်နယ် အသင်းဟာ ဇီဂရိုဗာ အတွက် ပြောင်းရွှေ့ကြေး ဘယ်လောက် နဲ့ ကမ်းလှမ်းခဲ့တယ်ဆိုတာကိုတော့ Arlind Sadiku က ဖော်ပြ ခဲ့ခြင်း မရှိပါဘူး ။ လိုင်လီ အသင်းဟာ ဇီဂရိုဗာ ကို ဘေဆယ် အသင်းကနေ ခေါ်ယူ စဉ်တုန်းကတော့ ပြောင်းရွှေ့ကြေး ယူရို ၇ သန်း ပေးချေ ခဲ့ရပါတယ် ။ အသက် ၂၃ နှစ် အရွယ် ကိုဆိုဗို လက်ရွေးစင် ဇီဂရိုဗာ ဟာ ဘယ်ခြေ အားသန် ကစားသမား တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီက လိုင်လီ အသင်း အတွက် ၁၃ ပွဲ (၄၆၉ မိနစ်) ကစား ၂ ဂိုးသွင်း ဂိုးဖန်တီးမှု ၁ ကြိမ် လုပ်နိုင်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ရာဖင်ဟာ ရဲ့ alternative အဖြစ် ဇီဂရိုဗာ ကို ခေါ်ယူဖို့ ကြိုးပမ်းတာလည်း ဖြစ်နိုင်ပါတယ် ။ အာဆင်နယ် အသင်းဟာ အရင်ကလည်း လိုင်လီ အသင်းက ပေပေ၊ဂါဘရီယဲလ် တို့လို ကစားသမားတွေ ခေါ်ယူ ခဲ့ဖူးတာကြောင့် ကလပ် နှစ်သင်းကြား ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိနေပါတယ် ။ ဇီဂရိုဗာ ဟာ လိုင်လီ အသင်း နဲ့ ၂၀၂၆ ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေသေးသူ ဖြစ်တာကြောင့် အာဆင်နယ် အသင်း အနေနဲ့ ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းနဲ့ အထက် ပေးချေ ရဖွယ် ရှိနေပါတယ် ။

ZAWGYI: အာဆင်နယ် အသင်းဟာ လိုင်လီ အသင်းရဲ့ ညာတောင်ပံ ကစားသမား အဒွန်း ဇီဂရိုဗာ အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်လိုက်တယ်လို့ ကိုဆိုဗို ဂျာနယ်လစ် Arlind Sadiku က ရေးသား ဖော်ပြ လိုက်ပါတယ် ။ ဂျာနယ်လစ် Arlind Sadiku နဲ့ ဇီဂရိုဗာ ၊ အေးဂျင့် Vedat Bajrami တို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူတွေ ဖြစ်တာကြောင့် အခု ထွက်ပေါ်လာတဲ့ သတင်းဟာ ယုံကြည်စိတ်ချ ရဖွယ် ရှိနေပါတယ် ။