တန်ဟတ်လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ဗျူဟာတွေက ပြောင်းလဲမှုရှိလာတာကို လက်ရှိ နွေ ဈေးကွက်ထဲမှာ မြင်တွေ့လာနေရပါတယ်။ အရင်ကဆို မန်ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ဟိုးလေးတကျော် ဖြစ်နေကျပါ။ လာမာစီယာ အပြောင်းအရွှေ့မှာဆိုရင် သဘောတူညီမှု ရရှိပြီးမှ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပြီး၊ သိုသိုသိပ်သိပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတခါမှာလည်း မန်ယူနိုက်တက်တို့ဟာ တိုက်စစ်နေရာအတွက် ဘရိုင်ယန်ဘရိုဘေးကို ခေါ်ယူဖို့ ကြိုးစားလျက် ရှိနေတယ်လို့ သိရပါတယ်။

အာဘီလိုက်ဇစ် အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ဘရိုဘေးကိုခေါ်ယူဖို့ အေဂျက်အသင်းက စိတ်ဝင်စားလျက် ရှိနေတာ ဖြစ်ပြီး မန်ယူနိုက်တက်တို့က ကြားဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ အေဂျက်အသင်းကလည်း ဘရိုဘေးကို မန်ယူနိုက်တက်ထက် လက်ဦးမှု ရယူပြီးခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက် ရှိနေတာကြောင့် မန်ယူနိုက်တက်နဲ့ အေဂျက်တို့ကြားက အပြောင်းအရွှေ့ တိုက်ပွဲကို ကြည့်ရှုရဦးမှာ ဖြစ်ပါတယ်။

epa09881081 Brian Brobbey (L) of Ajax and Ajax coach Erik ten Hag react during the Dutch Eredivisie soccer match between Ajax and Sparta Rotterdam at the Johan Cruijff ArenA in Amsterdam, Netherlands, 09 April 2022. EPA/MAURICE VAN STEEN

အသက်(၂၀) သာ ရှိနေသေးတဲ့ ဘရိုဘေးဟာ အေဂျက် အကယ်ဒမီထွက် ကစားသမားတစ်ယောက် ဖြစ်ပြီး၊ တန်ဟတ်လက်အောက်မှာ အေဂျက်အသင်းကြီးအတွက် ပထမဆုံး အကြိမ် ပွဲထွက်ခွင့် ရရှိခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ တန်ဟတ်လက်အောက်မှာ ဘရိုဘေးတစ်ယောက် အေဂျက်အသင်းအတွက် (၁၉)ပွဲ ကစားခဲ့ရပြီး သွင်းဂိုး (၆)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ အာဘီလိုက်ဇစ် အသင်းထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နယ်သာလန် တိုက်စစ်မှူးလေးဟာ ဂျာမနီမြေမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး လိုက်ဇစ်အတွက် (၁၄)ပွဲမှာ သွင်းဂိုး (၃)ဂိုးသာ သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘရိုဘေးတစ်ယောက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေခဲ့ရတာ ကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ အေဂျက်အသင်းထဲ ပြန်လည်ပြီးတော့ အငှားချခံခဲ့ရပါတယ်။ တန်ဟတ်ရဲ့ အေဂျက်ထံ ပြန်ရောက်ချိန်မှာတော့ ဘရိုဘေးတစ်ယောက် ပြန်လည် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ရာသီက အေဂျက်အတွက် (၁၁)ပွဲကစားပေးခဲ့ပြီးတော့ သွင်းဂိုး (၇)ဂိုးနဲ့ ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပြီး၊ အေဂျက်ကို နယ်သာလန် အမှတ်ပေးဖလား ရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ အေဂျက်တို့ဟာ လိုက်ဇစ်ထံကနေ ဘရိုဘေးကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားလာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သတင်းတွေအရ တန်ဟတ်ဟာ ဘရိုလေးကို တော်တော်လေး သဘောကျလျက် ရှိနေတာ ဖြစ်ပြီး အိုးထရက်ဖို့ဒ်ဆီ အရောက်ခေါ်ယူဖို့ ကြံရွယ်နေတယ်လို့ ဆိုပါတယ်။

ကစားသမား ကိုယ်တိုင်ကလည်း တန်ဟတ် မန်ယူနိုက်တက်ဆီ ပြောင်းရွှေ့စဉ်က ဂုဏ်ပြုစကားပြောကြားခဲ့ပြီး တန်ဟတ် ရှိတဲ့ မန်ယူနိုက်တက်ဆီ တနေ့မှာ ပြောင်းရွှေ့ချင်တယ်လို့ ဒီနွေရာသီ အစောပိုင်းမှာ ပြောကြားထားခဲ့ဖူးပါတယ်။ မန်ယူနိုက်တက်တို့ အနေနဲ့ လက်ရှိ အနာဂတ် မရေရာ ဖြစ်နေတဲ့ စီရော်နယ်ဒိုတစ်ယောက် အသင်းကနေ ထွက်ခွာခဲ့မယ်ဆိုရင် တိုက်စစ်မှူးတစ်ယောက် သေချာပေါက် ခေါ်ယူ သွားဖို့ ပြင်ဆင်လျက် ရှိနေတာ ဖြစ်ပါတယ်။

ZAWGYI: တန်ဟတ်လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ ဗျူဟာတွေက ပြောင်းလဲမှုရှိလာတာကို လက်ရှိ နွေ ဈေးကွက်ထဲမှာ မြင်တွေ့လာနေရပါတယ်။ အရင်ကဆို မန်ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ ဟိုးလေးတကျော် ဖြစ်နေကျပါ။ လာမာစီယာ အပြောင်းအရွှေ့မှာဆိုရင် သဘောတူညီမှု ရရှိပြီးမှ သတင်းတွေ ထွက်လာခဲ့တာ ဖြစ်ပြီး၊ သိုသိုသိပ်သိပ်နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတခါမှာလည်း မန်ယူနိုက်တက်တို့ဟာ တိုက်စစ်နေရာအတွက် ဘရိုင်ယန်ဘရိုဘေးကို ခေါ်ယူဖို့ ကြိုးစားလျက် ရှိနေတယ်လို့ သိရပါတယ်။

အာဘီလိုက်ဇစ် အသင်းရဲ့ လူငယ်တိုက်စစ်မှူးလေး ဘရိုဘေးကိုခေါ်ယူဖို့ အေဂျက်အသင်းက စိတ်ဝင်စားလျက် ရှိနေတာ ဖြစ်ပြီး မန်ယူနိုက်တက်တို့က ကြားဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးစားလျက် ရှိနေတာပဲ ဖြစ်ပါတယ်။ အေဂျက်အသင်းကလည်း ဘရိုဘေးကို မန်ယူနိုက်တက်ထက် လက်ဦးမှု ရယူပြီးခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက် ရှိနေတာကြောင့် မန်ယူနိုက်တက်နဲ့ အေဂျက်တို့ကြားက အပြောင်းအရွှေ့ တိုက်ပွဲကို ကွည့ျရှုှု့ရဦးမှာ ဖြစ်ပါတယ်။