အာဆင်နယ်အသင်းဟာ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့် ရာဖင်ဟာကို ပေါင် သန်း ၅၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ The Timesရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ တော့တင်ဟမ်နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေတဲ့ ဘရာဇီးသားကို ခေါ်ယူရေး အရှိန်မြင့်ကြိုးပမ်းလာတယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းကလည်း ရာဖင်ဟာကို ခေါ်ယူဖို့ အကြီးအကျယ် ကြိုးပမ်းခဲ့ပေမဲ့ ယခုအချိန်မှာတော့ ဖြစ်လာဖွယ် မရှိတော့ပါဘူး။

အာဆင်နယ်နည်းပြ အာတီတာဟာ လိဒ်စ်မှ ရာဖင်ဟာရဲ့ ခြေစွမ်းတွေအပေါ် သဘောကျနေပြီး တောင်ပံလူကလည်း ယမန်နှစ်ရာသီ အသင်းအတွက် ၁၁ဂိုးသွင်းကာ ၃ဂိုးဖန်တီးထားခဲ့ပါတယ်။ ရာဖင်ဟာ အာဆင်နယ်ကို ပြောင်းလာရင် ဆာကာက ဘယ်တောင်ပံထွက်ကစားဖွယ် ရှိနေပြီး ပီပီကတော့ အသင်းက ထွက်ရဖို့ များနေပါတယ်။ ရာဖင်ဟာကတော့ လိဒ်စ်ကို ၂၀၂၀ခုနှစ်က ရောက်လာပြီးနောက်ပိုင်း ခြေစွမ်းတိုးတက်လာခဲ့တာကြောင့် အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုရခဲ့တာ ဖြစ်ပါတယ်။

အာတီတာဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ကို ပြန်လည်ရောက်ရှိရေးအတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။ အသက် ၁၉ နှစ်သား မာကွင်ဟိုစ်ကို ဆော်အိုပေါ်လိုကနေ ခေါ်ယူထားခဲ့ပြီး နောက်ထပ် ဘရာဇီးသားတွေဖြစ်တဲ့ ဂျီးဆပ်စ်၊ ရာဖင်ဟာတို့ကိုပါ ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တာပါ။ အလားတူ ကွင်းလယ်လူနေရာအတွက် ပေါ်တိုက ဖေဘီယို ဗီအဲရာကိုလည်း ယနေ့မှာ တရားဝင် ကြေညာဖွယ် ရှိနေပါတယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အန်ခီတီယာကိုလည်း ၅နှစ် သက်တမ်းတိုးကြောင်း ကြေညာထားခဲ့ပါတယ်။ ယမန်နှစ်ရာသီက လူအင်အားမတောင့်တင်းမှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲခဲ့ပြီးနောက် အာတီတာဟာ နွေရာသီမှာတော့ အသင်းကို အားဖြည့်ဖို့ အကြီးအကျယ်ကြိုးစားသွားရန် ရှိနေပါတယ်။ တစ်ဖက်မှာလည်း အာဆင်နယ် အသင်းရဲ့ ကစားသမားသစ် မတ်တာနာကတော့ အသင်းသစ်ကို ခြေတောင်မချရသေးပေမယ့် မြို့ခံပြိုင်ဘက် တော့တင်ဟမ် ပရိသတ်တစ်ယောက်ကို လက်မှတ်မထိုးပေးခြင်းဖြင့် အသင်းအပေါ်ထားတဲ့ သူ့ရဲ့စိတ်ဓာတ်ကို ပြသခဲ့ပါတယ်။

တာနာဟာ အာဆင်နယ်ကို ဇူလိုင်လ တစ်နေ့မှာ ပြောင်းရွှေ့ကြေး ပေါင် ၅.၇၅ သန်းနဲ့ ပြောင်းရွှေ့တော့မှာဖြစ်တာကြောင့် မနေ့ညက နယူးအင်္ဂလန်အသင်း အတွက် နှုတ်ဆက်ပွဲကစားခဲ့တာပဲ ဖြစ်ပါတယ်။ နယူးအင်္ဂလန်က မင်နီဆိုးတားအသင်းကို ၂-၁ နဲ့အနိုင်ရရှိခဲ့ပြီးနောက် ပွဲပြီးချိန်မှာ ပွဲကြည့်စင်ပေါ်က ပရိသတ်တွေထံသွားပြီး နှုတ်ဆက်ကာ လက်မှတ်တွေလည်း ထိုးပေးခဲ့ပါတယ်။ ဒါပေမယ့် ပွဲကြည့်စင်ပေါ်က တော့တင်ဟမ်ဂျာစီနဲ့ ပရိသတ်တစ်ယောက်ကိုတော့ လက်မှတ်ထိုးပေးဖို့ ငြင်းဆန်ခဲ့ပြီး ထူးထူးခြားခြား မှတ်ချက်တောင် ပေးသွားခဲ့ပါတယ်။ အဆိုပါပရိသတ်ရဲ့ ဂျာစီကိုမြင်ပြီးနောက် တာနာက “အိုး နိုး ဒါတော့ ငါမကြိုက်ဘူးနော်၊ လုံးဝအဆင်မပြေဘူး”ဆိုပြီး ပြောခဲ့ပါတယ်။

အဲ့ဒီနောက် အဆိုပါ တော့တင်ဟမ်ဂျာစီနဲ့ ပရိသတ်ကိုကျော်ပြီး အခြားပရိသတ်တွေကိုပဲ လက်မှတ်ထိုးပေးခဲ့ပါတယ်။ နယူးအင်္ဂလန်အသင်းကလည်း သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ တာနာရဲ့ အဲ့ဒီဗီဒီယိုကို တင်ပြီး “သူကမြောက်လန်ဒန်မှာ တော်တော်လေး အသားကျတော့မယ်ဆိုတာ မြင်ယောင်နေတယ်”ဆိုပြီး ရေးသားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် တာနာကို ၂၀၂၂ ဖေဖော်ဝါရီကတည်းက ခေါ်ယူဖို့သဘောတူညီမှု ရရှိခဲ့တာဖြစ်ပြီး ဒီနွေရာသီမှာ အသင်းပြောင်းရွှေ့တော့မယ့် ဘာ့ဒ်လီနိုရဲ့နေရာမှာ အစားဝင်ပြီး အာရွန်ရမ်စ်ဒယ်ပြီးရင် ဒုတိယဦးစားပေး ဂိုးသမားအဖြစ် လန်ဒန်ကလပ်မှာ ကစားသွားမှာပဲ ဖြစ်ပါတယ်။

ဘောလုံးကို အသက် ၁၄ နှစ်အရွယ်မှ စတင်ကစားခဲ့ပြီး ကြံ့ခိုင်မှုရှိဖို့အတွက် အဲ့ဒီအရွယ် မတိုင်ခင်က အခြားအားကစားတွေကိုပဲ ကစားခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန်အသင်းအတွက်တောင် ၁၄ ပွဲ ကစားပေးခဲ့ပြီးပြီ ဖြစ်ပါတယ်။ USMNT ရဲ့ ကွန်ကာကပ်ဖ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက္ကစီကိုအသင်းကို ဖိုင်နယ်မှာ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပါအဝင် ၆ ပွဲ ကစားပြီး clean sheet ၅ ပွဲလည်း ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ တာနာက အခုလိုငယ်ငယ်ကတည်းက အားပေးခဲ့တဲ့အသင်းမှာ ကစားခွင့်ရတော့မှာကြောင့် ဝမ်းသာကြောင်းနဲ့ ရမ်စ်ဒယ်ရဲ့နေရာကိုလည်း လုသွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ပြောခဲ့ပါတယ်။

တာနာက “ဒီလမ်းကြောင်းကိုရွေးချယ်ရတဲ့ အကြောင်းအရင်းကို ကျွန်တော်သိထားပြီးသာပါ။ အာဆင်နယ်အတွက် ရမ်စ်ဒယ်ရဲ့ လက်စွမ်းက အရမ်းကောင်းခဲ့ပါတယ်။ တစ်နှစ်လုံးကောင်းခဲ့တာပါ။ အခုချိန်တော့ ဒါကိုကျွန်တော် သဘောတူတယ်။ ကျွန်တော်ရောက်လာပြီးဆိုရင်တော့ အကောင်းဆုံး ဂိုးသမားက ကျွန်တော်လည်း ဖြစ်လာနိုင်လို့ သူနေရာဖယ်ပေးရင် ပေးရပါလိမ့်မယ်။ သူကလည်း အကောင်းဆုံး ဂိုးသမားတစ်ယောက်ဆိုပေမယ့် ကျွန်တော့်ရဲ့ ပန်းတိုင်ကလည်း အတူတူပါပဲ”ဆိုပြီး ပြောသွားခဲ့ပါတယ်။

ZAWGYI: အာဆင်နယ်အသင်းဟာ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့် ရာဖင်ဟာကို ပေါင် သန်း ၅၀နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ The Timesရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ တော့တင်ဟမ်နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေတဲ့ ဘရာဇီးသားကို ခေါ်ယူရေး အရှိန်မြင့်ကြိုးပမ်းလာတယ်လို့ ဆိုပါတယ်။ ဘာစီလိုနာအသင်းကလည်း ရာဖင်ဟာကို ခေါ်ယူဖို့ အကြီးအကျယ် ကြိုးပမ်းခဲ့ပေမဲ့ ယခုအချိန်မှာတော့ ဖြစ်လာဖွယ် မရှိတော့ပါဘူး။