ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဘန်ဇီမာထက် ပိုကောင်းကြောင်း သက်သေပြဖို့ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ချင်နေတာ ဖြစ်တယ်လို့ သူ့ရဲ့ အေးဂျင့်ဟောင်း ဆက်ဇရီ ကူချာစကီးက ပြောလိုက်ပါတယ်။ အဆိုပါ ပိုလန် တိုက်စစ်မှူးဟာ ဘာစီလိုနာ အသင်းအတွက် ကစားပေးဖို့ စိတ်အား ထက်သန်နေပြီး၊ ယခုနှစ် နွေရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် သူ့ရဲ့ လက်ရှိ စာချုပ် သက်တမ်းဟာ လာမယ့် နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သစ် ထပ်မံချုပ်ဆိုမှာ မဟုတ်တော့ဘူးလို့ လီဝမ်ဒေါစကီးက ထပ်ပြောထားပါသေးတယ်။ လီဝမ်ဒေါစကီးဟာ ပရော်ဖက်ရှင်နယ် ကစားသမား တယောက် ဖြစ်တာကြောင့် ဘန်ဇီမာထက် ပိုကောင်းကြောင်း ပြသချင်တဲ့ သူ့ရဲ့ သဘောထားကို ထုတ်ပြောမှာ မဟုတ်ဘူးလို့ ဆက်ဇရီ ကူချာစကီးက အခိုင်အမာ ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒီနွေရာသီမှာ အသင်း ပြောင်းရွှေ့ချင်နေတဲ့ သူ့ရဲ့ ရည်ရွယ်ချက်ဟာ ယခုနှစ်မှာ ဘလွန်းဒီအော်ဆု ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ ဘန်ဇီမာထက် ပိုကောင်းတဲ့ တိုက်စစ်မှူး တဦးဖြစ်ကြောင်း သက်သေပြဖို့ ဖြစ်လိမ့်မယ်လို့ ကူချာစကီးက ယုံကြည်နေပါတယ်။

အဆိုပါ ပြင်သစ်သား တိုက်စစ်မှူး ဘန်ဇီမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းကို လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ ရရှိအောင် အဓိကနေရာက ကူညီပေးခဲ့သူ ဖြစ်တာကြောင့် ဘလွန်းဒီအော်ဆု ရရှိဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။ ဒါ့ကြောင့် လီဝမ်ဒေါစကီးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကပြိုင်ဘက် ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ကာ ဘန်ဇီမာထက် ပိုကောင်းကြောင်း သက်သေပြချင်နေတာ ဖြစ်လိမ့်မယ်လို့ ကူချာစကီးက သူ့ရဲ့ အမြင်ကို အခုလို ပြောလိုက်ပါတယ်။

“လီဝမ်ဒေါစကီးက ဘန်ဇီမာထက် ပိုကောင်းတဲ့ တိုက်စစ်မှူး ဖြစ်တယ်ဆိုတာကို ပြသချင်နေတာပါ။ အဲဒါက ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ချင်နေတဲ့ အကြောင်းပြချက် ဖြစ်ပါလိမ့်မယ်။ လီဝမ်ဒေါစကီးဟာ သူ့အတွက် ဘောလုံး ကစားတာက အလုပ်တခုလို သတ်မှတ်ထားပြီး၊ အရမ်း ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမားပါ။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာ အသင်းတို့ဟာ အဆင့်အတန်းတူတဲ့ အသင်းတွေ ဖြစ်နေတာကြောင့် သူက နူးကမ့်ကို သွားချင်နေတာပါ။”

“ဘာစီလိုနာနဲ့ လီဝမ်ဒေါစကီးဟာ ဒီအပြောင်းအရွှေ့ ဖြစ်လာဖို့ ကိုယ်စီ ကြိုးစားကြပါလိမ့်မယ်။ ကျွန်တော့် အထင်တော့ သူ့ကို ဘာစီလိုနာ အသင်းက ခေါ်ယူနိုင်လိမ့်မယ်လို့ မြင်မိပြီး၊ ဒီအပြောင်းအရွှေ့ ဖြစ်မလာစရာ အကြောင်း မရှိပါဘူး။ အဲလိုဖြစ်လာဖို့ သူ့အနေနဲ့ ဘိုင်ယန်မြူးနစ် အသင်းကို ဖိအားပေးတာမျိုး လုပ်ရပါလိမ့်မယ်။ နောက်ပြီး ဘိုင်ယန်မြူးနစ် တာဝန်ရှိသူတွေကလည်း သူ စပိန်ကို သွားချင်နေတယ် ဆိုတာ သိထားပြီးသားပါ။ သူက စပိန်မြေမှာ ကျင်လည်ပြီးရင် မေဂျာလိဂ်ကို ပြောင်းရွှေ့ပြီး ကစားသမား ဘဝကို အဆုံးသတ်လိမ့်မယ်လို့ ထင်ပါတယ်။”

ရောဘတ် လီဝမ်ဒေါစကီးဟာ လာမယ့် ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းအတွက် ကစားပေးဖို့ စိတ်အား ထက်သန်နေတာကြောင့် ဘိုင်ယန်မြူးနစ် ဘုတ်အဖွဲ့က ဒီကစားသမားနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ရပ်တည်ချက်ကို အလျှော့ပေးဖွယ် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းဟာ လီဝမ်ဒေါစကီးကို ယူရိုသန်း၅၀လောက် ရမယ်ဆိုရင် လက်လွှတ်ဖွယ် ရှိနေပြီး၊ ဘာစီလိုနာ အသင်းအနေနဲ့ ဒီပိုလန် တိုက်စစ်မှူးကို မခေါ်ယူခင် သူတို့ရဲ့ ငွေကြေးဆိုင်ရာ ပြဿနာတွေကို အဖြေရှာသွားဖို့ လိုအပ်နေပါတယ်။

ZAWGYI: ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဘန်ဇီမာထက် ပိုကောင်းကြောင်း သက်သေပြဖို့ ဘာစီလိုနာ အသင်းထံ ပြောင်းရွှေ့ချင်နေတာ ဖြစ်တယ်လို့ သူ့ရဲ့ အေးဂျင့်ဟောင်း ဆက်ဇရီ ကူချာစကီးက ပြောလိုက်ပါတယ်။ အဆိုပါ ပိုလန် တိုက်စစ်မှူးဟာ ဘာစီလိုနာ အသင်းအတွက် ကစားပေးဖို့ စိတ်အား ထက်သန်နေပြီး၊ ယခုနှစ် နွေရာသီမှာ ဘိုင်ယန်မြူးနစ် အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိကြောင်း လူသိရှင်ကြား ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။