တကယ်လို့များ အမ် ဘာပေ သာ ရီးရဲ မက်ဒရစ် ကို ရောက်သွားခဲ့ရင် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ရဲ့ အခင်းအကျင်းတွေဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ကတည်းက လှုပ်ခတ်သွားနိုင်ပါတယ်။ ပီအက်စ်ဂျီ ဟာ ဒီမာရီယား ကိုလဲ လက်လွှတ်ရ ၊ အမ်ဘာပေ ကို လဲ ဆုံးရှုံးရ ဆိုရင် လီဗာပူး နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေတဲ့ တိုက်စစ် ကစားသမားတွေကို ပစ်မှတ်ထားလာမှာ ဖြစ်နိုင်ချေ အရှိဆုံး လမ်းကြောင်း တစ်ခုလို့ ကောက်ချက်ချလို့ ရနေပါတယ်။

သို့သော် အမ် ဘာပေ စာချုပ်သက်တမ်း တိုးလိုက်တဲ့ သတင်းကြောင့် ၊ ဆာလာ နဲ့ လီဗာပူး တို့ အကြားက ဇာတ်လမ်းတွေဟာ အရှိန်တန့်သွားခဲ့ပါတယ်။ အီဂျစ် ကစားသမား နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီမှု မရရှိသေးသည့်တိုင်အောင် ၊ လက်ရှိ အချိန်ထိ ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ်မျိုးလဲ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။ ဥက္ကဌ တွမ် ဝါနာ ကတော့ မာနေး နဲ့ ဆာလာ တို့ကို အသင်းမှာ ဆက်ထိန်းထားချင်တဲ့ အကြောင်း The Athletic နဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။ တစ်ချိန်တည်းမှာလဲ အီဂျစ်သားကြီး ကိုယ်တိုင်က လာမယ့် ဘောလုံးရာသီမှာ အန်ဖီးလ်မှာပဲ ဆက်ရှိသွားမယ့် အကြောင်း အခုလို အခိုင်အမာ ဆိုသွားခဲ့ ပါတယ်။

“ တစ်ကိုယ်ကောင်း မဆန်ချင်ပါဘူးဗျာ ၊ ကျနော် က အသင်းအတွက်ပဲ အမှန်အကန် အာရုံစိုက်နေတာပါ။ အဲဒီတော့ စာချုပ်သစ် ကိစ္စတွေ အကြောင်း မပြောချင်ပါဘူး။ အချိန်တွေ အများကြီး ကျန်ပါသေးတယ်။ ကျနော် ဟာ လာမယ့် ဘောလုံးရာသီမှာလဲ သေချာပေါက် ဆက်ရှိသွားမှာပါ။ ဒါက လုံးဝကို ရှင်းနေပါတယ်။ အဲဒီကာလပြီးမှပဲ ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့” လို့ ပြောဆိုသွားခဲ့ ပါတယ်။

လီဗာပူး ဟာ မို ဆာလာ ကို စာချုပ်သက်တမ်းတိုးဖို့ တရားဝင် ဆွေးနွေးမှုတွေ ၊ ကမ်းလှမ်းမှုတွေ ရှိနေပေမယ့် ၊ အခြား တိုက်စစ် ကစားသမား ဖြစ်သူ မာနေး နဲ့တော့ အသံကို လုံး၀ မထွက်သေးပါဘူး။ အသင်းနဲ့ နီးစပ်တဲ့ သတင်းတွေ အရ မာနေး ရဲ့ ကိုယ်စားလှယ်တွေဟာ ၊ လီဗာပူး အားကစား ဒါရိုတ်တာ ဖြစ်လာတော့မယ် ဂျူလီယံ ဝါ့ဒ် နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိသူတွေ ဖြစ်လို့ ၊ ရာသီ အကုန်မှာ တရားဝင် မျက်နှာချင်းဆိုင်ကာ စကားပြောကြာမယ်လို့ သိရပါတယ်။

သို့သော်လဲ အခုချိန် ကတည်းက မာနေး ကို ခေါ်ယူဖို့ ဘိုင်ယန် မြူးနစ် က စိတ်ဝင်စားနေတဲ့ အကြောင်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေပါပြီ။ ဘိုင်ယန် ဟာ လီဝန်ဒေါ့စကီး ကို ဆုံးရှုံးရဖွယ် ရှိနေသလို ၊ ဂနာဘရီ နဲ့လဲ စာချုပ်သစ် ကိစ္စ အဆင်မပြေပဲ ဖြစ်နေပါတယ်။ Sky Sports Germany ကတော့ မာနေး နဲ့ ဘိုင်ယန် တို့ အကြားက အခြေအနေကို မျက်ခြေပြတ်မခံပဲ ၊ ဆက်တိုက် ဖော်ပြလျှက် ရှိနေပါတယ်။ တစ်ချိန်တည်းမှာ ဘိုင်ယန် က ယူရို သန်း 50 ထက် နည်းပါးတဲ့ ပမာဏမျိုး နဲ့ ခေါ်ယူနိုင်ဖွယ် ရှိနေတယ်လို့တောင် ရေးသားခဲ့ပါတယ်။

ဆီနီဂေါသားကြီး ကိုယ်တိုင်ကတော့ သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး အခုလို တုန့်ပြန်သွားခဲ့ပါတယ်။ “ ကျနော် အသင်းမှာ ဆက်ရှိမလား ၊ မရှိဘူးလား ဆိုတာ ချန်ပီယံလိဂ် ဗိုလ်လုပွဲပြီးမှပဲ ဖြေပါမယ်။ လောလောဆယ်တော့ ဗိုလ်လုပွဲ အတွက် အပြည့်အ၀ အာရုံစိုက်နေတဲ့ အကြောင်းပဲ ပြောချင်ပါတယ်။ ဒါက ကျနော့် အတွက်ရော ၊ လီဗာပူး ပရိသတ်တွေ အတွက်ရော အရေးအကြီးဆုံး အရာပါ။ တခြား ကိစ္စတွေက ဘာမှ အရေးမပါ ပါဘူး။ လီဗာပူး နိုင်ပွဲရဖို့ အတွက် ဖြစ်နိုင်ချေ ရှိတဲ့ အရာအားလုံးကို ပြင်ဆင်ထားဖို့ က အရေးကြီးပါတယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ZAWGYI: တကယ်လို့များ အမ် ဘာပေ သာ ရီးရဲ မက်ဒရစ် ကို ရောက်သွားခဲ့ရင် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက် ရဲ့ အခင်းအကျင်းတွေဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ မတိုင်ခင် ကတည်းက လှုပ်ခတ်သွားနိုင်ပါတယ်။ ပီအက်စ်ဂျီ ဟာ ဒီမာရီယား ကိုလဲ လက်လွှတ်ရ ၊ အမ်ဘာပေ ကို လဲ ဆုံးရှုံးရ ဆိုရင် လီဗာပူး နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေတဲ့ တိုက်စစ် ကစားသမားတွေကို ပစ်မှတ်ထားလာမှာ ဖြစ်နိုင်ချေ အရှိဆုံး လမ်းကြောင်း တစ်ခုလို့ ကောက်ချက်ချလို့ ရနေပါတယ်။