ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲတွေ စတင်ဖို့ 2 ပတ် အလိုကို ရောက်ရှိလာချိန်မှာ ၊ အသင်းကိုယ်စီဟာ မျှော်လင့်ချက် ကိုယ်စီနဲ့ ပြင်ဆင်နေကြပါတယ်။ ပိုင်ရှင်သစ်တွေက ဆုဖလားတွေ စိန်ခေါ်နိုင်မယ့် အသင်းမျိုး ဖြစ်အောင် တည်ဆောက်ပေးမယ့်အကြောင်း အပြောင်းအရွှေ့ ဈေးကွက်မှာ ခပ်သွက်သွက် လှုပ်ရှားကာ ပြသနေကြသလို ၊ နည်းပြသစ်တွေကလဲ တိုက်ပွဲ မဝင်ခင် အကောင်းဆုံး 11 ယောက် စာရင် ဆွဲထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

မနှစ်က ဘောလုံးရာသီမှာ အထိုင်ကျပြီးသား အသင်းကြီး တစ်ချို့က သူ့ရဲ့ လမ်းကြောင်းမှန်ပေါ်နေ ယိုင်ထွက်မသွားအောင်ပဲ ဂရုတစိုက် ထိန်းကျောင်းရင်း နဲ့ ကစားသမား အပြောင်းအလဲ တချို့ ကို လုပ်ဆောင်ထားကြပါတယ်။ လီဗာပူး နည်းပြကြီး ယာဂန် ကလော့ပ် ကတော့ လာမယ့် ဘောလုံးရာသီမှာ ဘယ်အသင်း ဗိုလ်စွဲမယ် ဆိုတာမျိုးထက် ၊ အသင်းတိုင်းမှာ တူညီတဲ့ အခွင့်ရေး ရှိနေတဲ့ အကြောင်းကို အခုလို ရှင်းပြသွားခဲ့ ပါတယ်။

“ အခြား အသင်းတွေဟာ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ခြေလှမ်းတွေ မှားထားတယ်လို့တော့ မပြောရဲပါဘူး။ စပါး ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကစားသမား ခေါ်ယူမှုတွေ မှာ ကတည်းက မှန်ကန်တဲ့ လမ်းကြောင်း တစ်ခုပေါ်မှာ ရှိနေခဲ့တာပါ။ မန်စီးတီး ဆိုရင်လဲ ကစားသမားသစ်တွေ ခေါ်ယူရုံတင် မဟုတ်ပဲ ၊ အာဆင်နယ် ကို 2 ယောက် ၊ ချဲဆီးထံ 1 ယောက် ဆုံးရှုံးထားရပါတယ်။

ကျနော်တို့လဲ အဲဒီလို အခြေနေနဲ့ အတူတူပါပဲ။ ဒီကစားသမား စာရင်းကြီး အတိုင်း အမြဲတမ်း ဖြတ်သန်းနေလို့ မရဘူးလေ။ အဲဒီတော့ သွေးသစ်လောင်းတာမျိုးတွေ လုပ်ဖို့ လိုပါတယ်။ မန်စီးတီး ကလဲ ကျနော်တို့လို အတူတူပဲ ဖြစ်မှာပါ။ ဒါကြောင့် ကျနော်တို့ အကြား လုပ်ဆောင်တဲ့ ပုံစံခြင်းက ဆင်တူပါတယ်။ နောက်ဆုံးမှာတော့ သူတို့လဲ ကျနော်တို့လိုပဲ တောင့်တင်းတဲ့ ကစားသမား စာရင်းတစ်ခု ပိုင်ဆိုင်ထားဆဲပဲလေ။ အဲဒီတော့ ဘယ်သူက အကျိုးရှိဆုံး ဖြစ်အောင် အသုံးချနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။

အသင်းတွေ အားလုံးမှာ ဗိုလ်စွဲဖို့က တူညီတဲ့ အခွင့်ရေး ရှိပါတယ်။ ကျနော်တို့ အဲဒီလို အခြေနေကနေ ကြိုးစားမှာပါပဲ။ အဓိက ပစ်မှတ်က ပရီးမီးယားလိဂ်မှာ ပထမ နေရာ ရပ်တည်ဖို့ နဲ့ ချန်ပီယံလိဂ် ဖလား ဝင်ခွင့် ရဖို့ အတွက်ပါ။ ဒီလို လုပ်ပြဖို့ နဲ့တင် တော်တော်ကြီးကို ခက်ခဲနေပါပြီ။ အဲဒီ ပစ်မှတ်တွေကို စောစောစီးစီး ရောက်သွားရင်တော့ ကျန်တဲ့ ဖလားတွေကို ဆက်မှန်းကြတာပေါ့။ 5 နှစ် ဆက်တိုက် ချန်ပီယံလိဂ် ကစားခွင့်ရထားလို့ ၊ အထူးအဆန်းကြီး မဖြစ်ပေမယ့် ၊ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာရဖို့ ဆိုတာ တော်တော်ကို ခက်ခဲတာပါ။

ပြီးတော့ အသင်းတိုင်းက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ချင်တဲ့ သူတွေချည်းပါပဲ ၊ အဲဒီတော့ ဘယ်သူတွေ ချန်ပီယံလမ်းကြောင်းပေါ် အပြိုင်ကျဲကြမလဲ ဆိုတာ ကျနော်လဲ မသိပါဘူး။ ကျနော်တို့ ကတော့ အကောင်းဆုံး ဘောလုံးရာသီ တစ်ခု ဖြတ်သန်းနိုင်ဖို့ အတွက်ပဲ မျှော်လင့်နေပါတယ်” လို့ မှတ်ချက် ပေးသွားခဲ့ ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းမှာ လီဗာပူး စပို့တင်း အသင်းက ကွင်းလယ် ကစားသမား နူနက် ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးနေတဲ့ အကြောင်း သတင်းတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် ခဲ့ပါတယ်။

သို့သော် နောက်ပိုင်းမှာတော့ လီဗာပူး အခြေစိုက် သတင်းထောက်တွေ ကိုယ်တိုင်က ငြင်းဆန်ခဲ့ကြပြီး ၊ လီဗာပူး ဟာ ဈေးကွက် အတွင်း ကစားသမားသစ် ထပ်ပြီး ရှာဖွေ မနေဘူးလို့ ဖြေရှင်းလာကြပါတယ်။ ကလော့ပ် ကိုယ်တိုင်ကတော့ သူတို့ရဲ့ ကစားသမားသစ် ထပ်မံ ခေါ်ယူနိုင်မယ့် အစီအစဉ် နဲ့ ပတ်သက်လို့ အခုလိုပဲ မှတ်ချက် ပေးသွားခဲ့ ပါတယ်။ “ အသင်းမှာ ဒဏ်ရာပြသနာလဲ မရှိဘူး ၊ နောက်ထပ် ကစားသမား ရောင်းချမှုတွေလဲ မရှိတော့ဘူးဆိုရင် ၊ ဒီ လူစာရင်းက အတည်ပါပဲ။ နောက်ထပ် ထပ်ပြီး မဖြည့်ရဖို့လဲ မျှော်လင့်ပါတယ်။ ဒီတော့ လီဗာပူး ပရိသတ်တွေ အနေနဲ့ တခြား အကြောင်းအရာတွေ အပေါ်မှာပဲ အာရုံစိုက်ထားလို့ ရပါပြီ” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

ZAWGYI: ပရီးမီးယားလိဂ် ဘောလုံး ပြိုင်ပွဲတွေ စတင်ဖို့ 2 ပတ် အလိုကို ရောက်ရှိလာချိန်မှာ ၊ အသင်းကိုယ်စီဟာ မျှော်လင့်ချက် ကိုယ်စီနဲ့ ပြင်ဆင်နေကြပါတယ်။ ပိုင်ရှင်သစ်တွေက ဆုဖလားတွေ စိန်ခေါ်နိုင်မယ့် အသင်းမျိုး ဖြစ်အောင် တည်ဆောက်ပေးမယ့်အကြောင်း အပြောင်းအရွှေ့ ဈေးကွက်မှာ ခပ်သွက်သွက် လှုပ်ရှားကာ ပြသနေကြသလို ၊ နည်းပြသစ်တွေကလဲ တိုက်ပွဲ မဝင်ခင် အကောင်းဆုံး 11 ယောက် စာရင် ဆွဲထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။