မစတင်ရသေးတဲ့ ၂၀၂၂-၂၃ ပရီးမီးယားလိဂ်ရာသီအတွက် ချန်ပီယံ၊ ချန်ပီယံလိဂ်ဝင်ခွင့်တော့ပ်ဖိုးအသင်းများနဲ့ တန်းဆင်းရမယ့်အသင်းများကို စူပါကွန်ပျူတာနဲ့ တွက်ချက်ခန့်မှန်းထားတဲ့အဖြေတွေ ထွက်လာပါတယ်။ လေးနှစ်အတွင်းမှာ ဒုတိယအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံသရဖူကို လာမယ့်ရာသီသစ်မှာ လီဗာပူးတို့ဆောင်းလိမ့်မယ်လို့ စူပါကွန်ပျူတာက တွက်ချက်ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဒုတိယအကြိမ်အဖြစ် လီဗာပူးတို့က တမှတ်တည်းနဲ့ မန်စီးတီးတို့ဆီမှာ ချန်ပီယံသရဖူကို ဆုံးရှုံးခဲ့ရပါတယ်။

ဒါကိုတုံ့ပြန်တဲ့အနေနဲ့ ယာဂင်ကလော့နဲ့လီဗာပူးစီမံခန့်ခွဲမှုအကြီးအကဲတွေက အထူးပြင်ဆင်နေပြီး ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်လာနိုင်တဲ့ စာချုပ်တန်ဖိုးနဲ့ ဘင်ဖီကာက တိုက်စစ်မှူးဒါဝင်နူနက်ဇ် (ဒါဝင်နူညက်စ်) ကို ခေါ်ယူထားခဲ့ပါတယ်။ ဒါပေမဲ့ ဆာဒီယိုမာနေးကိုတော့ ဘိုင်ယန်မြူးနစ်ဆီ လွှတ်ပေးခဲ့ရပါတယ်။ ငွေလမ်းခင်းနေကျမန်စီးတီးတို့က ပြီးခဲ့တဲ့ရာသီမှာ ဂရီလစ်ရှ်တယောက်တည်း သန်းတရာသုံးထားပေမဲ့ ဒီရာသီအပြောင်းအရွှေ့ဈေးကွက်မှာလည်း ရပ်တန့်နေဖို့စိတ်ကူးမရှိဘဲ အာလင်းဟာလန်းနဲ့ ယူလီယန်အယ်လ်ဗာရက်စ်တို့ကို တိုက်စစ်အားဖြည့်ခေါ်ယူထားပြီးဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ကွင်းလယ်အားဖြည့်မှုအဖြစ် လိဒ်ယူနိုက်တက်ကွင်းလယ်ကစားသမား ကီဗင်ဖိလစ်အတွက် လိဒ်တို့နဲ့ ဈေးတည့်သွားခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးတို့ထက်တောင်များတဲ့အားဖြည့်မှုတွေရှိပေမဲ့လည်း စူပါကွန်ပျူတာကတော့ မန်စီးတီးတို့ရဲ့ချန်ပီယံဖြစ်နိုင်ချေရာခိုင်နှုန်းကို ၂၄ ရာခိုင်နှုန်းပဲပေးခဲ့ပါတယ်။ မန်စီးတီးတို့လက်ထဲကသရဖူကို လီဗာပူးတို့ပြန်ရလိမ့်မယ်လို့ အဖြေထုတ်ခဲ့ပြီး ကလော့လူများရဲ့ ချန်ပီယံဖြစ်နိုင်ချေရာခိုင်နှုန်းက ၇၁ ရာခိုင်နှုန်းဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ရာခိုင်နှုန်းကတော့ နှစ်သင်းလုံး ၁၀၀% ပါ။

ဒါ့ကြောင့်ချန်ပီယံလိဂ်ဝင်ခွင့်နေရာက လက်ကျန် ၂ နေရာကိုပဲလုကြဖို့ဖြစ်ပြီး အမြင့်ဆုံးအခွင့်အရေးရှိတဲ့အသင်းက အာဆင်နယ်လို့ ဆိုပါတယ်။ အလက်စ်ဇန်ဒရီလာကာဇက်ထွက်ခွာသွားခဲ့ပေမဲ့ အာတေးတားက လောလောဆယ် ဘင်ဖီကာကွင်းလယ်ကစားသမား ဗီအဲရာနဲ့ ဘရာဇီးကြယ်ပွင့်လေး မာကွင်ဟို့စ်တို့ကိုခေါ်ထားပြီးဖြစ်ပါတယ်။ ဒါ့အပြင် ဂေဘရီယယ်ဂျီးဆပ်စ်ကိုခေါ်ဖို့ မန်စီးတီးတို့နဲ့သဘောတူညီမှုရရှိထားပြီလို့ သိရပြီး လာမယ့်ရက်ပိုင်းအတွင်း တရားဝင်ကြေညာမှုရှိလာနိုင်ပါတယ်။

အာဆင်နယ်တို့ရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်နိုင်ချေကတော့ ၅၉% ပါ။ နောက်ထပ်ချန်ပီယံလိဂ်ဝင်ခွင့်ရမယ့်အသင်းကတော့ အာဆင်နယ်တို့ရဲ့ခါးသီးပြိုင်ဘက်စပါးတို့ဖြစ်ပြီး ဖြစ်နိုင်ချေ ၄၉% ထွက်ပါတယ်။ စပါးတို့ကတော့ အိုင်ဗန်ပါရီဆစ်၊ အိဗ်ဘစ်ဆိုမာနဲ့ ဖရေဆာဖော်စတာတို့ကိုခေါ်ထားပြီးဖြစ်ကာ နောက်ထပ်ဝင်လာစရာတွေလည်း မှန်းထားဆဲဖြစ်ပါတယ်။ အသင်းပိုင်ရှင်အပြောင်းအလဲ၊ နောက်ကွယ်ကပြဿနာပေါင်းစုံတွေနဲ့ ဈေးကွက်ထဲမှာ လှုပ်ရှားမှုနှေးကွေးနေတဲ့ ချယ်လ်ဆီးတို့အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်နိုင်ချေက ၃၉% ပါ။

မန်ချက်စတာယူနိုက်တက်တို့ရဲ့အခွင့်အရေးက ပိုလို့တောင်ဆိုးပါသေးတယ်၊ အမြဲတမ်းနည်းပြသစ်အဲရစ်တန်ဟဂ်ရဲ့ ပထမဆုံးရာသီဖြစ်နိုင်ချေကို ဆိုးရွားမယ့်ကျရှုံးမှုတခုအဖြစ် ခန့်မှန်းတွက်ချက်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဘရိုက်တန်ကြောင့် အဆင့် ၆ နဲ့အဆုံးသတ်ခွင့်ရခဲ့တဲ့မန်ယူတို့ရဲ့ တော့ပ်ဖိုးအခွင့်အရေးက ၁၅% ပဲရှိတယ်လို့ အဖြေထွက်ပါတယ်။ ဇယားထိပ်ပိုင်းနဲ့ဆန့်ကျင်ဘက်လားရာမှာတော့ တန်းတက်လာတဲ့အသင်းသစ်များအတွက် မျှော်လင့်ချက်နည်းပါးတယ်လို့ မျှော်မှန်းထားပါတယ်။

တန်းတက်လာတဲ့ ဖူလ်ဟမ်၊ ဘုန်းမောက်၊ ဖောရက်စ် သုံးသင်းလုံး တန်းပြန်ဆင်းမယ်လို့ အဖြေထွက်ထားတာကြောင့်ပါ။ ရာသီသစ်မှာ ဖောရက်စ်တို့တင်ကျန်ခဲ့မယ့်အခွင့်အရေးက ၃၃% ပဲရပါတယ်။ ဘုန်းမောက်တို့ကတော့ တန်းတင်ဖို့ ၃၅% ဖြစ်နိုင်ချေပဲရှိပါတယ်တဲ့။ ချန်ပီယံရှစ်ကနေ စတိုင်ကျကျတန်းတက်လာတဲ့ ဖူလ်ဟမ်တို့ကတော့ ချက်ချင်းတန်းပြန်ဆင်းရဖို့ ၆၃% တောင် ဖြစ်နိုင်ချေရှိနေပါတယ်။ လက်ရှိပရီးမီးယားလိဂ်အသင်းထဲက တန်းဆင်းရမယ့်ဖြစ်နိုင်ချေအသင်းတွေကတော့ အဲဗာတန်နဲ့ဆောက်သမ်ပ်တန်လို့ အဖြေထွက်ပါတယ်။

အဲဗာတန်တန်းဆင်းနိုင်တဲ့ဖြစ်နိုင်ချေ ၂၁%၊ ဆောက်သမ်ပ်တန် ၃၉% ပါ။ ပြီးခဲ့တဲ့ရာသီတုန်းက ရုန်းကန်ခဲ့ရတဲ့ ဘရူနိုလေ့ချ်ရဲ့ဝုဗ်ကလည်း အဲဗာတန်တို့နဲ့အတူ ၂၁% တန်းဆင်းရနိုင်ချေရှိပါတယ်။ ဒါကတော့ အချက်အလက်အခြေခံ စူပါကွန်ပျူတာရဲ့ ရာသီကြိုခန့်မှန်းတွက်ချက်မှုများဖြစ်ပါတယ်။ အဓိကခန့်မှန်းချက်များ မှန်၊ မမှန်နဲ့ ဘယ်လောက်ရာခိုင်နှုန်းအထိမှန်လဲ ဆိုတာကတော့ တကယ်ဖြစ်လာတဲ့အချိန် တိုက်ဆိုင်ကြည့်ဖို့သက်သက်ပါပဲ။

ZAWGYI: မစတင်ရသေးတဲ့ ၂၀၂၂-၂၃ ပရီးမီးယားလိဂ်ရာသီအတွက် ချန်ပီယံ၊ ချန်ပီယံလိဂ်ဝင်ခွင့်တော့ပ်ဖိုးအသင်းများနဲ့ တန်းဆင်းရမယ့်အသင်းများကို စူပါကွန်ပျူတာနဲ့ တွက်ချက်ခန့်မှန်းထားတဲ့အဖြေတွေ ထွက်လာပါတယ်။ လေးနှစ်အတွင်းမှာ ဒုတိယအကြိမ်အဖြစ် ပရီးမီးယားလိဂ်ချန်ပီယံသရဖူကို လာမယ့်ရာသီသစ်မှာ လီဗာပူးတို့ဆောင်းလိမ့်မယ်လို့ စူပါကွန်ပျူတာက တွက်ချက်ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ဒုတိယအကြိမ်အဖြစ် လီဗာပူးတို့က တမှတ်တည်းနဲ့ မန်စီးတီးတို့ဆီမှာ ချန်ပီယံသရဖူကို ဆုံးရှုံးခဲ့ရပါတယ်။