ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ အစီအစဉ် တွေထဲက အစိတ်အပိုင်းတခု ဖြစ်ပေမယ့်၊ ဟယ်ရီ မက်ဂွိုင်းယားဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းခေါင်းဆောင် အနေနဲ့ ဆက်ရှိမလား ဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ ယူနိုက်တက် နည်းပြသစ် အဲရစ်တန်းဟဂ်က ပြောလိုက်ပါတယ်။ အေဂျက်စ် နည်းပြဟောင်း တန်းဟဂ်ဟာ ရာ့ဖ်ရန်းဂနစ်ခ်ရဲ့ နေရာကို ဆက်ခံမယ့် နည်းပြသစ်အဖြစ် ကနဦးစာချုပ် ၃နှစ်သက်တမ်းနဲ့ ပြီးခဲ့တဲ့လက သဘောတူညီမှု ရရှိခဲ့ပြီး၊ သူဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အိုးလ်ထရက်ဖို့ဒ်မှာ တရားဝင် အလုပ်သစ် စတင်ခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဆိုးရွားဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီ တွေထဲက တခုဖြစ်ပြီး၊ သူတို့ဟာ ၂၀၂၁-၂၀၂၂ခုနှစ် ဘောလုံးရာသီကို ပဉ္စမမြောက် ဆုဖလားလက်မဲ့ ဘောလုံးရာသီ အနေနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ဖြစ်လာခဲ့တဲ့ တန်းဟဂ် အတွက် ရော်နယ်လ်ဒိုရဲ့ အနာဂတ် အပါအဝင်၊ အသင်းခေါင်းဆောင် ဘယ်သူ ဖြစ်သင့်လဲဆိုတဲ့ ကိစ္စနဲ့ အခြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွှေးရမယ့် အကြောင်းအရာ များစွာ ရှိနေပါတယ်။

ရော်နယ်လ်ဒိုဟာ ယူနိုက်တက် အတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ၃၈ပွဲ ကစားကာ ၂၄ဂိုးသွင်းယူ ပေးနိုင်ခဲ့ပြီး၊ ဒီသွင်းဂိုး အရေအတွက်ဟာ အသင်းအတွက် နောက်ထပ် အကောင်းဆုံး ကစားသမားလို့ ဆိုရမယ့် ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးထက်၁၃ဂိုး ပိုများပါတယ်။ အမှန်တော့ ရော်နယ်လ်ဒိုနဲ့ ဖာနန်ဒက်စ်က လွဲရင် အခြား ယူနိုက်တက် ကစားသမားတွေဟာ ဒီရာသီ အသင်းရဲ့ ပြိုင်ပွဲအားလုံးမှာ သွင်းဂိုး ၁၀ဂိုးပြည့်အောင် သွင်းယူနိုင်ခဲ့ခြင်း မရှိပဲ၊ ရော်နယ်လ်ဒိုဟာ အသင်းအတွက် အရေးပါတဲ့ဂိုးတွေ သွင်းယူ ပေးထားနိုင်ခဲ့ပေမယ့်၊ ကွင်းထဲက သူ့ရဲ့ ဘောလုံး ကစားပုံနဲ့ လုပ်အားနှုန်းကြောင့် မေးခွန်းထုတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးဟာ လာမယ့် ဘောလုံးရာသီ အသင်းရဲ့ အနာဂတ် အစီအစဉ် တွေထဲမှာ ပါဝင်ခြင်း ရှိ.မရှိ သတင်းစာ ရှင်းလင်းပွဲမှာ မေးမြန်းခဲ့ရာ သူ့ရဲ့ အစီအစဉ် တွေထဲမှာ ရော်နယ်လ်ဒို ပါဝင်နေတယ်လို့ တန်းဟဂ်က ပြန်ဖြေခဲ့ပါတယ်။ ဆက်လက်ပြီး အသင်းအတွက် ရော်နယ်လ်ဒို ဘာတွေ ယူလာပေးနိုင်ဖို့ မျှော်လင့်သလဲ ဆိုတဲ့မေးခွန်း တန်းဟဂ်ကို ထပ်မေးခဲ့ရာမှာတော့ သူက ‘သွင်းဂိုးတွေ’လို့ အရိုးရှင်းဆုံး ပြန်ဖြေသွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဒီရာသီမှာ အမြဲတမ်း အသင်းခေါင်းဆောင် မက်ဂွိုင်းယား မပါဝင်နိုင်ချိန် အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ပြီး၊ အသင်းဖော်တွေကို အကောင်းဆုံး ဦးဆောင် ကစားနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဝေဖန်ခံနေရတဲ့ နောက်ခံလူ မက်ဂွိုင်းယားဆီက အသင်းခေါင်းဆောင် လက်ပတ်ကို ရော်နယ်လ်ဒိုထံ လွှဲပေးသင့်လား ဆိုပြီး သတင်းထောက် အချို့က မေးခွန်း ထုတ်ခဲ့ကြရာမှာ တန်းဟဂ်က အခုလို မရေမရာ ပြန်ဖြေသွားခဲ့ပါတယ်။

“နောက်ရာသီက ဒီရာသီနဲ့ လုံးဝမတူတဲ့ ဘောလုံးရာသီ ဖြစ်ပါလိမ့်မယ်။ အဲဒါဆိုရင် ဒီမေးခွန်းအတွက် လုံလောက်တဲ့အဖြေ ဖြစ်မယ်ထင်ပါတယ်။ ဟယ်ရီက ကစားသမားကောင်း တစ်ယောက် ဖြစ်ပြီး၊ ဒီရာသီမှာ သူ့အလုပ်သူ ကောင်းအောင် လုပ်နိုင်ခဲ့ပါတယ်။ သူက အများကြီး အောင်မြင်ခဲ့ပြီး၊ မန်ချက်စတာ ယူနိုက်တက် အတွက်လည်း အများကြီး အထောက်အကူ ပြုခဲ့ပါတယ်။ ဒါ့ကြောင့် သူ့လို ကစားသမားနဲ့ အလုပ်တွဲလုပ်ဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။”

ZAWGYI: ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သူ့ရဲ့ အစီအစဉ် တွေထဲက အစိတ်အပိုင်းတခု ဖြစ်ပေမယ့်၊ ဟယ်ရီ မက်ဂွိုင်းယားဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းခေါင်းဆောင် အနေနဲ့ ဆက်ရှိမလား ဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ ယူနိုက်တက် နည်းပြသစ် အဲရစ်တန်းဟဂ်က ပြောလိုက်ပါတယ်။ အေဂျက်စ် နည်းပြဟောင်း တန်းဟဂ်ဟာ ရာ့ဖ်ရန်းဂနစ်ခ်ရဲ့ နေရာကို ဆက်ခံမယ့် နည်းပြသစ်အဖြစ် ကနဦးစာချုပ် ၃နှစ်သက်တမ်းနဲ့ ပြီးခဲ့တဲ့လက သဘောတူညီမှု ရရှိခဲ့ပြီး၊ သူဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အိုးလ်ထရက်ဖို့ဒ်မှာ တရားဝင် အလုပ်သစ် စတင်ခဲ့ပါတယ်။