ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တဝက်လောက်သာ ချန်ပီယံ ပြေးလမ်းကြောင်းမှာ ရှိခဲ့ပြီး ၊ ဒဏ်ရာ ၊ ကိုဗစ် ပြဿနာ များစွာ အပြင် ကလပ် တန်ကြေး အမြင့်ဆုံး ကစားသမား ဖြစ်တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ အင်တာဗျူး ကိစ္စကြောင့် ဒုတိယ ရာသီဝက် ဖျာလိပ်ခဲ့ရပါတယ် ။ လာမယ့် အပတ် ပြန်လည် စတင်တော့မယ့် ရာသီသစ်မှာလည်း လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းနဲ့ ချန်ပီယံဆု အတွက် နောက်ဆုံးပွဲ အထိ တိုက်ပွဲဝင်ခဲ့တဲ့ လီဗာပူး အသင်းတို့ကပဲ ပရီးမီးယားလိဂ် ဖလားကို အပြိုင်လုကြဖို့ပဲ လူအများက ခန့်မှန်းနေကြပါတယ် ။

ရာဟင်း စတာလင်နဲ့ ကာလီဒူ ကူလီဘာလီတို့ကို ပေါင်သန်း ၈၀ ဝန်းကျင် အသုံးပြုပြီး ခေါ်ယူ အားဖြည့်ထားတဲ့ ချဲလ်ဆီးကို ချန်ပီယံလုပွဲကနေ လုံးဝ မေ့ပစ်လို့ မရဘူး ဆိုပေမယ့် ၊ လောလောလတ်လတ် ရာသီကြို ပြင်ဆင်မှုမှာ ကြံ့ခိုင်မှု ပုံစံ အတော်လေး ပျက်စီးနေတာကို တွေ့ရပါတယ် ။ တိုက်စစ်အား က တိုးတက်လာခြင်း မရှိတဲ့အပြင် ၊ အားသာမှု ရှိခဲ့တဲ့ ခံစစ်အားပါ ကျဆင်းလာပြီး ၊ ဒါဟာ ရာသီသစ် မစတင်ခင် ချဲလ်ဆီး အတွက် စိုးရိမ်စရာ ဖြစ်ပါတယ် ။

နည်းပြ ဖြစ်သူ သောမတ်စ် တူချယ် ကိုယ်တိုင်ကလည်း ၄င်းတို့ဟာ အရည်အသွေးမြင့် ထိပ်တန်း ကစားသမား အနည်းငယ် ထပ်ဖြည့်ဖို့ လိုအပ်နေသလို ၊ အသုံးမဝင်တော့တဲ့ ကစားသမားတွေကို အမြန်ဆုံး ရှင်းထုတ်ဖို့ လိုကြောင်း ဝန်ခံထားပါတယ် ။ အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ဆီဗက်စတြာ ကတော့ နာပိုလီ ကနေ ချဲလ်ဆီးသို့ ပေါင် ၃၄သန်းနဲ့ ရောက်လာတဲ့ ဆီနီဂေါ လက်ရွေးစင် ဝါရင့် ခံစစ်မှူး ကူလီဘာလီကို အတော်လေး သဘောကျနေပြီး ၊ ၄င်းဟာ လာမယ့် ရာသီသစ် ချဲလ်ဆီးတို့ ပရီးမီးယားလိဂ် ဖလားကို ပြန်လည် စိန်ခေါ်နိုင်စေမယ့် အဓိက အကြောင်းအရင်း တရပ် ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ပါတယ် ။

ဆီဗက်စတြာ က ” ဒါဟာ ချဲလ်ဆီး အတွက် ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်ပါတယ် ။ သူဟာ ထိပ်တန်း အဆင့် ခံစစ်မှူး တဦးပါ ။ သူဟာ ချဲလ်ဆီးကို ခွန်အား အသစ်တွေ ယူဆောင်ပေးပါလိမ့်မယ် ။ အန်တိုနီယို ရူဒီဂါ ၊ အန်ဒရီယာစ် ခရစ်တန်ဆန်တို့ကို ဆုံးရှုံးထားချိန် ၊ ချဲလ်ဆီး အဖို့ သူ့လောက် ကောင်းမွန်တဲ့ အစားထိုး အားဖြည့်မှုမျိုး ထပ်ရှာလို့ ရမှာ မဟုတ်ပါဘူး ။ သူ့မှာ ဟန်ချက်ညီတဲ့ ကစားပုံ ၊ တည်ငြိမ်တဲ့ ကစားဟန်တွေ ရှိနေပါတယ် ။ သူဟာ ချဲလ်ဆီးကို ပရီးမီးယားလိဂ် ချန်ပီယံဆု ပြန်စိန်ခေါ်နိုင်စေဖို့ အကူအညီ ပေးပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ကူလီဘာလီ ဟာ နောက်ဆုံး ကစားခဲ့တဲ့ အာဆင်နယ် အသင်းနဲ့ ခြေစမ်းပွဲမှာ ချဲလ်ဆီး အတွက် ပထမဆုံး ပါဝင် ကစားခွင့် ရခဲ့ပြီး ၊ မိနစ် ၂၀ကျော် အချိန် အတွင်း အားရစရာကောင်းတဲ့ တဦးချင်း စွမ်းဆောင်ရည် အချို့ ပြသနိုင်ခဲ့ပါတယ် ။ လက်ရှိ ရာသီကြို ပြင်ဆင်မှု အနေအထားတွေ အရတော့ ချဲလ်ဆီး ဟာ အခြား Big 6 ကလပ်တွေထက် ရလဒ်ပိုင်း အရ ပိုမို ဆိုးရွားနေတာကို တွေ့ရပြီး ၊ ချဲလ်ဆီး ပရိသတ် အချို့ဟာ လာမယ့် ရာသီသစ် အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ဆက်ရရေး အတွက် စိုးရိမ်မှုတွေ ရှိနေကြပါတယ် ။

ဆီဗက်စတြာ ကတော့ လာမယ့် ရာသီမှာ Top 4 အသင်းတွေဟာ မနှစ်ကနဲ့ ထပ်တူကျလိမ့်မယ်လို့ ခန့်မှန်းချက်ပေးတဲ့ အနေနဲ့ ” မနှစ်က ထိပ်ဆုံး ၄သင်းဟာ လာမယ့် ရာသီသစ်မှာလည်း အပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ။ ဒီတော့ မန်စီးတီး ၊ လီဗာပူး ၊ ချဲလ်ဆီး ၊ တော့တင်ဟမ် ဒီအတိုင်း အစဉ်လိုက် ရပ်တည်ပါလိမ့်မယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

ZAWGYI: ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ တဝက်လောက်သာ ချန်ပီယံ ပြေးလမ်းကြောင်းမှာ ရှိခဲ့ပြီး ၊ ဒဏ်ရာ ၊ ကိုဗစ် ပြဿနာ များစွာ အပြင် ကလပ် တန်ကြေး အမြင့်ဆုံး ကစားသမား ဖြစ်တဲ့ ဘယ်လ်ဂျီယမ် လက်ရွေးစင် တိုက်စစ်မှူး ရိုမီလူ လူကာကူရဲ့ အင်တာဗျူး ကိစ္စကြောင့် ဒုတိယ ရာသီဝက် ဖျာလိပ်ခဲ့ရပါတယ် ။ လာမယ့် အပတ် ပြန်လည် စတင်တော့မယ့် ရာသီသစ်မှာလည်း လက်ရှိ ချန်ပီယံ မန်စီးတီး အသင်းနဲ့ ချန်ပီယံဆု အတွက် နောက်ဆုံးပွဲ အထိ တိုက်ပွဲဝင်ခဲ့တဲ့ လီဗာပူး အသင်းတို့ကပဲ ပရီးမီးယားလိဂ် ဖလားကို အပြိုင်လုကြဖို့ပဲ လူအများက ခန့်မှန်းနေကြပါတယ် ။