လီဗာပူးလ်အသင်းရဲ့ နည်းပြ ဖြစ်သူကလော့ဟာ လာမယ့် ဘောလုံးရာသီသစ်မှာ မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထပ်မံပြီးတော့ ဆွတ်ခူး ရရှိသွားမလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ခန့်မှန်းပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြားက ပရီးမီးယားလိဂ် သရဖူလုပွဲဟာ တော်တော်လေးကို ဒရမ်မာ ဆန်ခဲ့ ပြီး၊ နောက်ဆုံးပွဲစဉ်ရဲ့ နောက်ဆုံးမိနစ် အထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြာတာ ဖြစ်ပြီး နောက်ဆုံးမှာ မန်စီးတီးက တစ်မှတ်အသာနဲ့ ချန်ပီယံ ဖြစ်သွားခဲ့တာပါ။

မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ရာသီမှာ ချန်ပီယံအဖြစ် (၄)ကြိမ် တိတိ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပြီး၊ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် မန်ယူနိုက်တက်ပြီးရင် ပရီးမီးယားလိဂ်ဖလားကို (၃)ကြိမ်ဆက်တိုက် ရရှိတဲ့ ဒုတိယ မြောက် အသင်းဖြစ်လာမှာပါ။ ဆာအဲလက်ဖာဂူဆန်ဟာ မန်ယူနိုက်တက်ကို (၂၀၀၇)၊(၂၀၀၈)နဲ့ (၂၀၀၉)ခုနှစ် (၃)နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပြီး၊ မန်စီးတီးက အဆိုပါ မှတ်တမ်းကိုလိုက်မီဖို့ အနီးစပ်ဆုံး အသင်းအဖြစ် ရှိနေတာပါ။

စပါး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့အားလုံးဟာ တောင့်တင်းမှု ရှိတဲ့ အသင်းတွေ ဖြစ်ပြီး၊ မန်ယူနိုက်တက်ကလည်း နည်းပြအပြောင်းအလဲမှာ ခြေစွမ်းပိုင်းတိုးတက်လာနေတဲ့ အသင်းတစ်သင်းအဖြစ် ရှိလာတာကို ရာသီကြို ခြေစမ်းပွဲတွေမှာ တွေ့မြင်ခဲ့ရပါတယ်။ လီဗာပူးလ်ကတော့ ကြယ်ပွင့်ကစားသမား မာနေးကို ဘိုင်ယန်မြူးနစ်ထံ လက်လွှတ်ထားခဲ့ရပြီးတော့ မာနေးရဲ့နေရာမှာ ပေါင် (၈၅)သန်းအထိ အသုံးပြုပြီး ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူနက်နဲ့ အစားထိုးမှုတွေ ပြုလုပ်ထားခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ ကလော့ကတော့ လာမယ့် ဘောလုံးရာသီမှာလည်း မန်စီးတီးကပဲ ချန်ပီယံ ထပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပြီး လီဗာပူးလ်ရဲ့ အဓိက ပစ်မှတ်ကတော့ ချန်ပီယံလိဂ် ဖလားရရှိဖို့ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၁၉)ခုနှစ် ဘောလုံးရာသီမှာ လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ခြင်းမရှိခဲ့ပါက မန်စီးတီး အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို (၅)ကြိမ်ဆက်တိုက် အနိုင်ရ ဗိုလ်စွဲထားနိုင်ခဲ့လိမ့်မယ်ဆိုတာကိုလည်း မှတ်ချက် ပြု ပြောဆိုသွားခဲ့ပါသေးတယ်။

” ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်ကတော့ ချန်ပီယံလိဂ်ပါပဲ၊ ဒါက အသင့်ဖြစ်ဖို့ အတွက်တော်တော်လေး ခက်ခဲပါတယ်၊ ခင်ဗျားက အဲ့ဒီကို ရောက်နေပြီဆိုရင် ဖလားအတွက် တိုက်ခိုက်ဖို့ အချိန်တွေ ရှိနေဆဲပါပဲ၊ ပြီးရင် ခင်ဗျား ဖလားရအောင် လုပ်ရမှာပါ၊ ဒါပေမဲ့ ကျွန်တော်တို့အတွက် ရာသီတစ်ခုလုံးအအတွက် အဓိက လုပ်ဆောင်ရမယ့် အရာက ချန်ပီယံလိဂ် အတွက် တိုက်ခိုက်ဖို့ပါပဲ၊ ပရီးမီးယားလိဂ် အတွက်တိုက်ပွဲက ကြီးမားတဲ့ တိုက်ပွဲ ဖြစ်လာပါလိ့မ့်မယ်၊ ဒါက ပရီးမီးယားလိဂ် ပြိုင်ပွဲပဲ လေ၊”

“ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာ စကားမရှိပါဘူး၊ အဆုံးသတ်မှာ မန်စီးတီးကပဲ ဖလားရရှိသွားမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ၊ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လာမယ့်ရာသီမှာ တတ်နိုင်သလောက် အကောင်းဆုံး ကစားသွားမှာပါ ” လို့ ပြောကြားသွားခဲ့ပါတယ်။ ပရိသတ်အချို့ကတော့ မန်စီးတီး ပရီးမီးယားလိဂ် ဖလားရမယ်လို့ ပြောကြား သွားတဲ့ ကလော့ဟာ မိုင်းဂိမ်းစ်တစ်ခုကို လှလှပပကြီး ကစားသွားခဲ့တာ ဖြစ်တယ်လို့ ဆိုနေကြပါတယ်။ လက်ရှိ နွေဈေးကွက်ထဲမှာ အာဆင်နယ်၊ မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ ကောင်းမွန်တဲ့ ကစားသမားသစ်ခေါ်ယူမှုတွေကြောင့် လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ ပြီးခဲ့တဲ့ နှစ်ကထက် ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်တယ်လို့ ပရိသတ်တွေကတော့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ZAWGYI: လီဗာပူးလ်အသင်းရဲ့ နည်းပြ ဖြစ်သူကလော့ဟာ လာမယ့် ဘောလုံးရာသီသစ်မှာ မန်စီးတီး ပရီးမီးယားလိဂ် ချန်ပီယံဆုကို ထပ်မံပြီးတော့ ဆွတ်ခူး ရရှိသွားမလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ခန့်မှန်းပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်စီးတီးနဲ့ လီဗာပူးလ်တို့ကြားက ပရီးမီးယားလိဂ် သရဖူလုပွဲဟာ တော်တော်လေးကို ဒရမ်မာ ဆန်ခဲ့ ပြီး၊ နောက်ဆုံးပွဲစဉ်ရဲ့ နောက်ဆုံးမိနစ် အထိ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ကြာတာ ဖြစ်ပြီး နောက်ဆုံးမှာ မန်စီးတီးက တစ်မှတ်အသာနဲ့ ချန်ပီယံ ဖြစ်သွားခဲ့တာပါ။

မန်စီးတီးအနေနဲ့ ပရီးမီးယားလိဂ်နောက်ဆုံး (၅)ရာသီမှာ ချန်ပီယံအဖြစ် (၄)ကြိမ် တိတိ ဗိုလ်စွဲနိုင်ခဲ့တာ ဖြစ်ပြီး၊ လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် မန်ယူနိုက်တက်ပြီးရင် ပရီးမီးယားလိဂ်ဖလားကို (၃)ကြိမ်ဆက်တိုက် ရရှိတဲ့ ဒုတိယ မြောက် အသင်းဖြစ်လာမှာပါ။ ဆာအဲလက်ဖာဂူဆန်ဟာ မန်ယူနိုက်တက်ကို (၂၀၀၇)၊(၂၀၀၈)နဲ့ (၂၀၀၉)ခုနှစ် (၃)နှစ်ဆက်တိုက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်ပြီး၊ မန်စီးတီးက အဆိုပါ မှတ်တမ်းကိုလိုက်မီဖို့ အနီးစပ်ဆုံး အသင်းအဖြစ် ရှိနေတာပါ။

စပါး၊ ချဲလ်ဆီး၊ အာဆင်နယ်တို့အားလုံးဟာ တောင့်တင်းမှု ရှိတဲ့ အသင်းတွေ ဖြစ်ပြီး၊ မန်ယူနိုက်တက်ကလည်း နည်းပြအပြောင်းအလဲမှာ ခြေစွမ်းပိုင်းတိုးတက်လာနေတဲ့ အသင်းတစ်သင်းအဖြစ် ရှိလာတာကို ရာသီကြို ခြေစမ်းပွဲတွေမှာ တွေ့မြင်ခဲ့ရပါတယ်။ လီဗာပူးလ်ကတော့ ကြယ်ပွင့်ကစားသမား မာနေးကို ဘိုင်ယန်မြူးနစ်ထံ လက်လွှတ်ထားခဲ့ရပြီးတော့ မာနေးရဲ့နေရာမှာ ပေါင် (၈၅)သန်းအထိ အသုံးပြုပြီး ဘင်ဖီကာ တိုက်စစ်မှူး ဒါဝင်နူနက်နဲ့ အစားထိုးမှုတွေ ပြုလုပ်ထားခဲ့တာကို တွေ့ခဲ့ရပါတယ်။

ဒါပေမဲ့ ကလော့ကတော့ လာမယ့် ဘောလုံးရာသီမှာလည်း မန်စီးတီးကပဲ ချန်ပီယံ ထပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်လျက် ရှိနေပြီး လီဗာပူးလ်ရဲ့ အဓိက ပစ်မှတ်ကတော့ ချန်ပီယံလိဂ် ဖလားရရှိဖို့ ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြား သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် (၂၀၁၉)ခုနှစ် ဘောလုံးရာသီမှာ လီဗာပူးလ်အနေနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ခြင်းမရှိခဲ့ပါက မန်စီးတီး အနေနဲ့ ပရီးမီးယားလိဂ်ဖလားကို (၅)ကြိမ်ဆက်တိုက် အနိုင်ရ ဗိုလ်စွဲထားနိုင်ခဲ့လိမ့်မယ်ဆိုတာကိုလည်း မှတ်ချက် ပြု ပြောဆိုသွားခဲ့ပါသေးတယ်။

ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်ကတော့ ချန်ပီယံလိဂ်ပါပဲ၊ ဒါက အသင့်ဖြစ်ဖို့ အတွက်တော်တော်လေး ခက်ခဲပါတယ်၊ ခင်ဗျားက အဲ့ဒီကို ရောက်နေပြီဆိုရင် ဖလားအတွက် တိုက်ခိုက်ဖို့ အချိန်တွေ ရှိနေဆဲပါပဲ၊ ပြီးရင် ခင်ဗျား ဖလားရအောင် လုပ်ရမှာပါ၊ ဒါပေမဲ့ ကျွန်တော်တို့အတွက် ရာသီတစ်ခုလုံးအအတွက် အဓိက လုပ်ဆောင်ရမယ့် အရာက ချန်ပီယံလိဂ် အတွက် တိုက်ခိုက်ဖို့ပါပဲ၊ ပရီးမီးယားလိဂ် အတွက်တိုက်ပွဲက ကြီးမားတဲ့ တိုက်ပွဲ ဖြစ်လာပါလိ့မ့်မယ်၊ ဒါက ပရီးမီးယားလိဂ် ပြိုင်ပွဲပဲ လေ၊

ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ပြောစရာ စကားမရှိပါဘူး၊ အဆုံးသတ်မှာ မန်စီးတီးကပဲ ဖလားရရှိသွားမယ်လို့ ကျွန်တော်ထင်ပါတယ်၊ ၊ ဒါပေမဲ့ ကျွန်တော်တို့ကတော့ လာမယ့်ရာသီမှာ တတ်နိုင်သလောက် အကောင်းဆုံး ကစားသွားမှာပါ လို့ ပြောကြားသွားခဲ့ပါတယ်။ ပရိသတ်အချို့ကတော့ မန်စီးတီး ပရီးမီးယားလိဂ် ဖလားရမယ်လို့ ပြောကြား သွားတဲ့ ကလော့ဟာ မိုင်းဂိမ်းစ်တစ်ခုကို လှလှပပကြီး ကစားသွားခဲ့တာ ဖြစ်တယ်လို့ ဆိုနေကြပါတယ်။ လက်ရှိ နွေဈေးကွက်ထဲမှာ အာဆင်နယ်၊ မန်ယူနိုက်တက်နဲ့ စပါးအသင်းတို့ရဲ့ ကောင်းမွန်တဲ့ ကစားသမားသစ်ခေါ်ယူမှုတွေကြောင့် လာမယ့် ပရီးမီးယားလိဂ် ဘောလုံးရာသီဟာ ပြီးခဲ့တဲ့ နှစ်ကထက် ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်တယ်လို့ ပရိသတ်တွေကတော့ ခန့်မှန်းပြောဆိုနေကြပါတယ်။