အာဆင်နယ်တို့ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှ ကစားသမားခေါ်ယူမှု စရိတ်ကို ပေါင်သန်း (၁၅၀) အထိ အသုံးပြုသွားဖို့ စီစဉ်လျက်ရှိနေတယ်လို့ အာဆင်နယ်နဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်တွေကနေ ဖော်ပြ သွားခဲ့ပါတယ်။ အာဆင်နယ်တို့ဟာ (၂၀၂၁-၂၂)ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကပ်လွဲချော်ခဲ့ပြီးတဲ့နောက် လာမယ့် ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အသင်းရဲ့ လူအင်အားကို ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်လျက်ရှိနေတာပါ။

(၂၀၂၂-၂၃)ဘောလုံးရာသီမှာ အောင်မြင်မှုအသစ်တွေ ရဖို့နဲ့ အသင်းကို ပိုကောင်းမွန်လာအောင် တည်ဆောက်ဖို့ ရည်ရွယ်ချက်တွေနဲ့ လက်ရှိနွေဈေးကွက်ထဲမှာ မြင့်မားတဲ့ အသုံးစရိတ်ကို အသုံးပြုသွားဖို့ ရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာ မန်စီးတီး ကြယ်ပွင့် ကစားသမား ဂါဘရီရယ် ဂျီးဆပ်စ်နဲ့ လက်စတာ ကွင်းလယ်လူ တိုင်လီမန်းစ်တို့ကို ချိတ်ဆက်ထားလျက်ရှိနေပါတယ်။ ဒီထဲမှာ ဂျီးဆပ်စ်ကတော့ အာဆင်နယ် အသင်းနဲ့ ရာသီ မကုန်ခင်ကတည်း သတင်းတွေ ထွက်လျက်ရှိနေတာ ဖြစ်ပါတယ်။

အာဆင်နယ်တို့ အနေနဲ့ အသင်းရဲ့ လူစာရင်းကို တောင့်တင်းလာဖို့ လူခေါ်ယူမှုတွေ ပြုလုပ်မှာ ဖြစ်သလို အသင်းရဲ့ အပြောင်းအရွှေ့ စရိတ် မြင့်တက်လာဖို့အတွက် ရှိပြီးသား ကစားသမား အချို့ကိုလည်း ရောင်းထုတ်ဖို့ ရှိနေပါတယ်။ လက်ရှိမှာ ဂွမ်ဒူဇီကို မာဆေးလ်အသင်းဆီ ရောင်းချမှုနဲ့ မတ်ဗရိုပါနို့စ်ကို စတုဂတ်ဆီ ရောင်းချခဲ့မှုတို့ကနေ အာဆင်နယ်တို့ဟာ ပေါင်(၁၂.၅)သန်း အထိ ရရှိထားခဲ့ပြီး ဖြစ်ပါတယ်။ လာကာဇက်နဲ့ အန်ကီတီယက်တို့ကလည်း အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ထွက်ခွာ ဖွယ်ရှိနေတာပါ။

ဒါ့အပြင် လီနို၊ ဘယ်လာရင်၊ နီလက်စ်၊ မာရီ၊ တော်ရဲရားတို့ကလည်း အသင်းကနေ ထွက်ခွာနိုင်ဖွယ် ရှိနေတဲ့ ကစားသမားစာရင်းမှာ ရှိနေကြတာပါ။ အာဆင်နယ်တို့ အနေနဲ့ ဒီကစားသမားတွေကို အသင်းကနေ ရောင်းချလိုနေတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီကစားသမားတွေက အချို့ကစားသမားတွေရဲ့ အာဆင်နယ် ရရှိလိုနေတဲ့ ရောင်းချကြေးကို ပေးနိုင်တဲ့ သင့်တော်တဲ့ အသင်း ရှာဖွေတွေ့ရှိမှု အပိုင်းမှာတော့ အာဆင်နယ်အတွက် စိန်ခေါ်မှု တစ်ရပ် ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။

တော်ရဲရားကို ဖီအိုရင်တီးနားက အလိုရှိနေတာ ဖြစ်ပေမဲ့ တော်ရဲရားအတွက် အာဆင်နယ် အသင်း ရရှိလိုတဲ့ ပြောင်းရွှေ့ကြေး ပေါင်(၁၂.၅)သန်းကို ပေးနိုင်ဖို့ မတတ်နိုင်တဲ့ အကြောင်းကို ဖီအိုရင်တီးနားဘက်က ပြောကြားထားပြီးသား ဖြစ်နေတာပါ။ ဒါ့အပြင် အသင်းရဲ့ ဂိုးသမား လီနိုကိုလည်း ပေါ်တူဂီကလပ် ဘင်ဖီကာ အသင်းက အလိုရှိနေပေမဲ့ လီနိုအတွက် အာဆင်နယ်ကိုပေးရမယ့် ပြောင်းရွှေ့ကြေး ပေါင်(၈.၅)သန်းကိုတော့ ပေးချေဖို့ လက်တွန့်လျက် ရှိနေတယ်လို့ သိရပါတယ်။

ဘက်တစ်အသင်းမှာ ပြီးခဲ့တဲ့ (၂၀၂၁-၂၂)ဘောလုံးရာသီတုန်းက အငှား သွားရောက် ကစားခဲ့ပြီး အောင်မြင်မှု ရရှိခဲ့တဲ့ ဘယ်လာရင်ကိုလည်း ဘက်တစ်က အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေပေမဲ့ ဘယ်လာရင်အတွက် ပေးချေရမယ့် တစ်ပတ်လုပ်ခပေါင်(၁)သိန်းက အဟန့်အတား တစ်ခု အဖြစ် ရှိနေပြန်ပါတယ်။ အူဒီးနီးမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ မာရီကိုလည်း စီးရီးအေကလပ်အနေနဲ့ အပြီးသတ်ခေါ်ယူဖို့အတွက် ငွေကြေးပိုင်းတတ်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ ဆိုတော့ ဒီအရာတွေက အာဆင်နယ်အတွက် လူခေါ်ယူမှု အပိုင်းတွေမှာပါ အနှောက်အယှက် ဖြစ်လာနိုင်နေတာပါ။

အာတီတာ လက်ထက်မှာ အာဆင်နယ်ရဲ့ ခြေစွမ်းပိုင်းက တိုးတက်လာခဲ့တယ်ဆိုပေမဲ့ လူငယ်ကစားသမား အများစုကို သာ အားကိုးနေခဲ့ရတာ ဖြစ်ပြီး အဆင့်(၄)အတွင်း ဝင်နိုင်ဖို့ကို အရန်ကစားသမား အင်အား မတောင့်တင်းတဲ့ အနေအထားမှာ ရှိနေခဲ့တာပါ။ ဒီအရာတွေကပဲ အာဆင်နယ်ကို အဆင့်(၄)အတွင်း ဝင်ရောက်နိုင်ခွင့်ကနေ လွဲချော်စေခဲ့တာတွေ ဖြစ်တာကြောင့် အာဆင်နယ်တို့ဟာ လက်ရှိနွေဈေးကွက်အတွင်း ပြောင်းရွှေ့ကြေး စရိတ်ကို ပေါင်သန်း(၁၅၀) အထိသုံးမယ်ဆို ပြီး အသံထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပေါင်သန်း(၁၅၀) ဆိုတဲ့ ပမာဏကို သုံးဖို့ အသင်းမှာ ရှိပြီးသား ကစားသမားတွေကိုလည်း ရောင်းချဖို့ လိုအပ်နေသေးတာကြောင့် အာဆင်နယ်တို့ရဲ့ နွေဈေးကွက် ခြေလှမ်းတွေကိုတော့ စောင့်ကြည့်သွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI: အာဆင်နယ်တို့ဟာ လက်ရှိနွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ထဲမှ ကစားသမားခေါ်ယူမှု စရိတ်ကို ပေါင်သန်း (၁၅၀) အထိ အသုံးပြုသွားဖို့ စီစဉ်လျက်ရှိနေတယ်လို့ အာဆင်နယ်နဲ့ နီးစပ်တဲ့ သတင်း ရင်းမြစ်တွေကနေ ဖော်ပြ သွားခဲ့ပါတယ်။ အာဆင်နယ်တို့ဟာ (၂၀၂၁-၂၂)ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ကပ်လွဲချော်ခဲ့ပြီးတဲ့နောက် လာမယ့် ဘောလုံးရာသီမှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အသင်းရဲ့ လူအင်အားကို ဖြည့်တင်းမှုတွေ ပြုလုပ်ဖို့ စီစဉ်လျက်ရှိနေတာပါ။