တကယ်လို့များ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်းမှာ မပါဝင်ခဲ့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထပ်မံလွဲချော်ဦးမယ်ဆိုရင်တော့ မီခဲလ် အာတီတာရဲ့ အာဆင်နယ်အသင်းမန်နေဂျာ ထိုင်ခုံကတော့ ပြဿနာရှိလာနိုင်ကြောင်း ဂန်းနားဟောင်း ပေါလ် မာဆန်က ယုံကြည်နေတာဖြစ်ပါတယ်။ ဂန်းနားတို့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတုန်းကလည်း အထနှေးခဲ့ပြီး ပွဲဦးထွက် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သလို အဆိုပါ ၃ ပွဲအတွင်း သွင်းဂိုး ၁ ဂိုးမှတောင် ပြန်မရခဲ့ပေမယ့်လည်း ဘောလုံးရာသီအကုန်မှာတော့ အဆင့် ၄ ရသွားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာရဲ့ အာဆင်နယ်အသင်းကတော့ အဆင့် ၄ အတွင်းဝင်ဖို့ အပြိုင်ကြိုးစားခဲ့ကြတဲ့ ပြိုင်ပွဲမှာ အန်တိုနီယို ကွန်တီရဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းကို မယှဉ်နိုင်ခဲ့ဘဲ အဆင့် ၅ နေရာနဲ့သာ ရာသီသိမ်းသွားခဲ့ရတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာတော့ ဖာဘီယို ဗီအဲရာ၊ မာကင်ညိုစ်နဲ့ မက်ထ် တာနာတို့ကို ခေါ်ယူထားနိုင်ခဲ့ပြီး မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်ကိုလည်း ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

အာတီတာရဲ့လက်အောက်မှာ ကစားခဲ့ရတဲ့ ဘောလုံးရာသီ ၃ ခုစလုံးမှာ ဂန်းနားတို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တစ်ကြိမ်မှ မရရှိခဲ့ဘဲ တကယ်လို့များ နောက်နှစ်ဘောလုံးရာသီမှာလည်း အာတီတာတစ်ယောက် ဒုံရင်းက ဒုံရင်းသာ ဆက်ဖြစ်နေဦးမယ်ဆိုရင် ပြဿနာတက်သွားနိုင်တယ်လို့ မာဆန်က မြင်နေတာဖြစ်ပါတယ်။ Daily Star နဲ့ အစီအစဉ်တစ်ခုမှာ မာဆန်က “အာဆင်နယ်အသင်းက စီမံကိန်းတစ်ခုမဟုတ်တော့ဘဲ မီခဲလ် အာတီတာကတော့ သူ့အနေနဲ့ စွမ်းဆောင်နိုင်တယ်ဆိုတာ ပြရင်ပြ၊ ဒါမှမဟုတ်ရင် သူ့အလုပ်ကတော့ ခြိမ်းခြောက်ခံရပြီ”လို့ ပြောလာခဲ့ပါတယ်။

ဆက်လက်ပြီး သူက “ဒါက အခုစမှ ရတော့မယ်။ ဒါပဲ။ သူတို့အနေနဲ့ ထိပ်ဆုံး ၄ သင်းထဲတော့ ဝင်ဖို့အတွက် လိုအပ်နေတယ်။ တကယ်လို့ သူတို့မလုပ်နိုင်ခဲ့ဘူးဆိုရင် ကျွန်တော်ထင်တာတော့ သူ့အနေနဲ့ ပြဿနာတက်သွားလိမ့်မယ်။ အာဆင်နယ်အသင်းက ဆောင်ရွက်ဆဲဖြစ်တဲ့ ဒီစည်းပေါ်ကနေတော့ သူ့အနေနဲ့ လူတိုင်းကို ထိုးကျွေးလို့ မရနိုင်ဘူးလေ။ ဒါက အာဆင်နယ်ဘောလုံးကလပ်ဗျ။ အာတီတာက ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းကလည်း ကျရှုံးခဲ့ပြီးပြီ။ သူတို့ကို ချန်ပီယံလိဂ်ကို အခုပြန်ပို့ပေးဖို့အတွက် သူလုပ်မှရမယ်။ နောက်တစ်ခါ ထပ်ကျရှုံးခွင့်တော့ မရနိုင်တော့ဘူး”

“ဘုတ်အဖွဲ့ကို ကြည့်လိုက်ရင်တော့ သူနဲ့ အတော်လေးပျော်ရွှင်နေပုံပေါ်ပြီး ကွင်းကလည်း အပတ်တိုင်း လူပြည့်နေတယ်။ ဒါပေမယ့် အာတီတာပြောနေပုံက ရော်ဘတ်တို မာတီးနက်ဇ်နဲ့တူတယ်။ မာတီးနက်ဇ်အနေနဲ့ သူ့အသင်းကသာ ရှုံးခဲ့ပြီဟေ့ဆိုရင် Men In Black ဇာတ်ကားထဲကလို ခလုတ်ကို နှိပ်လိုက်တာနဲ့ လူတိုင်းက ဒါဘယ်လောက်ဆိုးရွားခဲ့သလဲဆိုတာ မေ့သွားအောင် လုပ်နေတာနဲ့တောင် တူတယ်။ အာတီတာကလည်း ဒါကို ကောင်းကောင်းလုပ်တယ်။ ပွဲတစ်ပွဲပြီးပြီဆိုရင် ခင်ဗျားတို့ကို အတွေးတွေနဲ့ ကျန်ခဲ့အောင် သူ့တော်ကီတွေနဲ့ ပြောပြီးထားခဲ့တာ။ “အိုး ဒီလောက်လည်း မဆိုးပါဘူး”ဆိုပြီး အဲဒီအချိန်မှာတွေးမိနေအောင်ပေါ့”

“ဒီနှစ်ဘောလုံးရာသီမှာတော့ ဒါကို ပြောင်းလဲရတော့မယ်။ ကျွန်တော်ထင်တာတော့ ဒါက အားလုံးဖြစ်ရင်ဖြစ် မဖြစ်ရင် ဘာမှမဖြစ်ဘူးပဲ။ ပြီးတော့ ကျွန်တော့်အနေနဲ့ ရိုးရိုးသားသားပြောရရင်တော့ ထိပ်ဆုံး ၄ သင်းထဲ ဝင်ဖို့အတွက်ဆိုရင် အခွင့်အရေးပိုရှိနေမယ်လို့တော့ မထင်ဘူး။ ချဲလ်ဆီးက တတိယနေရာအတွက်တော့ ကြည့်ကောင်းနေတုန်းပဲ။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ကျွန်တော့်အမြင်မှာတော့ ဗြောင်းဆန်နေတုန်းဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးစ်အသင်းကလည်း သူတို့ကို အာရုံလွှဲဖို့ ချန်ပီယံလိဂ်ရှိနေပြန်ရော”

“ဒီတော့ အာဆင်နယ်အသင်းက အခွင့်အရေးကြီး ရှိနေပြီး ဒီအခွင့်အရေးကြီးကို လက်နှစ်ဖက်နဲ့ ဖမ်းဆုပ်ထားနိုင်ဖို့တော့ လိုအပ်မှာပေါ့။ တကယ်လို့များ သူတို့အနေနဲ့ ထိပ်ဆုံး ၄ သင်းထဲမှာ မပါဝင်လာသည့်တိုင်အောင် ယူရိုပါလိဂ်ရှိနေတော့ ပြဿနာမဟုတ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒါက အာဆင်နယ်အသင်းကို ချန်ပီယံလိဂ်ပြန်ပို့ပေးနိုင်မယ့် ဆုဖလားအကြီးတွေထဲက တစ်ခုဖြစ်တယ်လေ။ ဒါပေမယ့် အာတီတာအနေနဲ့ ဒါကိုတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရအောင်ယူနိုင်ဖို့အတွက် လိုအပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်း အခွင့်အရေးကြီးရခဲ့တာတောင် ဖြုန်းပစ်ခဲ့တယ်လေ”လို့ ပြောလာခဲ့တဲ့အကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

ZAWGYI: တကယ်လို့များ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ဘောလုံးရာသီအကုန်မှာ ထိပ်ဆုံး ၄ သင်းမှာ မပါဝင်ခဲ့ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ထပ်မံလွဲချော်ဦးမယ်ဆိုရင်တော့ မီခဲလ် အာတီတာရဲ့ အာဆင်နယ်အသင်းမန်နေဂျာ ထိုင်ခုံကတော့ ပြဿနာရှိလာနိုင်ကြောင်း ဂန်းနားဟောင်း ပေါလ် မာဆန်က ယုံကြည်နေတာဖြစ်ပါတယ်။ ဂန်းနားတို့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတုန်းကလည်း အထနှေးခဲ့ပြီး ပွဲဦးထွက် ၃ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သလို အဆိုပါ ၃ ပွဲအတွင်း သွင်းဂိုး ၁ ဂိုးမှတောင် ပြန်မရခဲ့ပေမယ့်လည်း ဘောလုံးရာသီအကုန်မှာတော့ အဆင့် ၄ ရသွားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ နောက်ဆုံးပွဲစဉ်အထိ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပါတယ်။